Tuesday, June 3, 2014

လက်ပံတောင်းတောင်စီမံကိန်းတွင် ဝန်ကြီးဌာန၏အကျင့်ပျက်ခြစားမှုများ လက်ရှိအချိန်ထိ တွေ့နေရဆဲ

 လက်ပံတောင်းတောင် စီမံကိန်းပတ်ဝန်းကျင် ရွာငါးရွာမှစစ်တမ်းကောက်ယူခဲ့သည့် အစီရင်ခံစာအရ သက်ဆိုင်ရာ ၀န်ကြီးဌာန၏ အကျင့်ပျက်ခြစားမှုကို ယနေ့တိုင် တွေ့နေရဆဲဖြစ်ကြောင်း ပဏ္ဍိတ ဖွံ့ဖြိုးရေး အင်စတီကျူ့အဖွဲ့၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တာဝန်သိရင်းနှီးမြှုပ်နှံမှု အစီရင် ခံစာတွင် ဇွန်လ ၂ ရက်ကထုတ်ပြန်လိုက်သည်။

အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားခဲ့သည့် ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျူ့အဖွဲ့က အစီ ရင်ခံစာထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ထို့နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ စာနယ်ဇင်းရှင်းလင်းပွဲ ပြု လုပ်ခဲ့သည်။

ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျူ့မှ program officer and facilator ကိုပြည်ငြိမ်းကျော်က“ရင်းနှီးမြှုပ်နှံမှုကော် မရှင်က စိစစ်ပြီးမှခွင့်ပြုရမှာ။ စီမံကိန်းက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှာ အန္တရာယ်ရှိတာကိုသိသိကြီးနဲ့ ၀န်ကြီးဌာနကရော၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကပါ ခွင့်ပြုခဲ့တယ်။ အဲ့လိုမျိုးတွေက အကျင့်ပျက်ခြစားမှုတွေ ဖြစ်နေတယ်” ဟု စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

အဆိုပါ အစီရင်ခံစာတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများသည် ဒေသခံတောင်သူများနှင့် ပတ်ဝန်းကျင်ပေါ် တွင် ပျက်ကွက်မှုတွေ့ရှိရကြောင်း၊ တာဝန်ပျက်ကွက်မှုများသည် စီမံကိန်းပြုလုပ်ရာတွင် ဒေသခံများနှင့် ကြို တင်တိုင်ပင်ဆွေးနွေးမှုမရှိခြင်း၊ စီမံကိန်းသည် ဒေသခံတောင်သူများ၏ဘ၀တိုးတက်စေမည့် အခြေအနေ များမတွေ့ရှိရခြင်း၊ ဒေသခံတောင်သူများ၏ ပိုင်ဆိုင်မှုများနှင့် အနာဂတ်ရည်မှန်းချက်များ ဆုံးရှုံးရခြင်းအ တွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ကုစားမှုပြုလုပ်ခြင်းများ မရှိကြောင်း၊ ဌာနဆိုင်ရာနှင့် ကုမ္မဏီများအကြားတွင် အကျင့်ပျက်လာဘ်စားမှုများအပြင် ပွင့်လင်းမြင်သာမှုမရှိကြောင်း စသည်တို့ကို ဖော်ပြထားသည်။

ထိုအစီရင်ခံစာရေးသားရန် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ရွာရှည်ကျေးရွာအုပ်စု၊ ဖောင်းကတာ ကျေးရွာအုပ်စုရှိ ၀က်မှေးကျေးရွာဟောင်း၊ ၀က်မှေးကျေးရွာသစ်၊ ဆည်တည်းရွာသစ်၊ ဇီး တောရွာဟောင်းနှင့် ဇီးတောရွာသစ်တို့တွင် ကိုးရက်ကြာ ကွင်းဆင်းစစ်တမ်း ကောက်ယူမှုများပြုလုပ်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံအတွက် နော်ဝေးပြည်သူများ ထောက်ပံ့ရေးအဖွဲ့ (Norwegian People’s Aid) က ထောက်ပံ့ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ အစီရင်ခံစာ ထုတ်ပြန်ရခြင်းမှာ လက်ပံတောင်းတောင် စီမံကိန်းသည် လုပ်ငန်းရှင်၊ ဒေသခံတောင် သူများနှင့် ၀န်ကြီးဌာနများအကြား အငြင်းပွားမှု ဖြစ်ပေါ်နေရခြင်း၊ နိုင်ငံတကာအသိုင်း အ၀ိုင်းက ပိုမိုအာ ရုံစိုက်လာခြင်း၊ နိုင်ငံရေးအင်အားစုများနှင့် လူမှုရေးအဖွဲ့အစည်းများက ယခင်ကာလများတွင် အာရုံစိုက်ခဲ့ သော်လည်း နှောင်းပိုင်းကာလများတွင် ယခင်ကလောက် လှုပ်ရှားမှု အားနည်းလာ ခြင်း တို့ကြောင့် လက်ပံ တောင်းတောင်၏ အခြေအနေမှန်များကိုသိနိုင်ရန် အစီရင်ခံစာ ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဇွန်လ ပထမပတ် အတွင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှု ရေးအဖွဲ့အစည်းများ၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာနိုင်ငံလူ့ အခွင့်အ ရေးကော်မရှင်နှင့် ဒေသခံများထံသို့ အစီရင်ခံစာပေးပို့သွားမည်ဖြစ်သည်ဟု ကိုပြည်ငြိမ်းကျော်ထံမှ သိရ သည်။

ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျူ့အဖွဲ့ကို ၂၀၁၁ ခုနှစ်၊ မေလတွင် တက်ကြွလှုပ်ရှားသူ လူငယ်တစ်စုမှ ဒီမိုက ရေစီတည်ဆောက်ရေးတွင် နိုင်ငံသားများ ပူးပေါင်းပါဝင်မှု မြှင့်တင်လိုသောရည်ရွယ်ချက်ဖြင့် စတင် တည် ထောင်ခဲ့သည်။ အဆိုပါအဖွဲ့သည် လူမှုအသိပညာသင်တန်းများ၊ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment