Tuesday, June 24, 2014

ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကြက်ကလီစာ ကျပ်သိန်း ၆၀ ကျော်ဖိုးဖမ်းမိ

 Photo: ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကြက်ကလီစာ ကျပ်သိန်း ၆၀ ကျော်ဖိုးဖမ်းမိ
Tuesday, June 24, 2014

ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာပြီး ဖမ်းဆီးမိ သောကျပ် ၆၃ သိန်းကျော်တန်
ဖိုးရှိ ကြက်ကလီစာများကို ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

မြဝတီ-ရန်ကုန်လမ်းပေါ်ရှိ ဝေါမြို့နယ်၊ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်၌ ဇွန်လ ၁၉ ရက်ညနေတွင် မော်လမြိုင်မှ ရန်ကုန်မြို့သို့  ငါးပုံးများတင်ဆောင်မောင်းနှင်လာသော နစ်ဆန်းကွန်ဒို အမျိုးအစားယာဉ် တစ်စီးကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် စီပီတံဆိပ်ပါ ကြက်မြစ်၊ ကြက်သဲနှင့် ကြက်ကလီစာများ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

 ဖမ်းဆီးသူများက ဆက် လက်စစ်ဆေးရာ မော်လမြိုင်မြို့ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပေးသည့်  မျှောစာတွင်ဖော်ပြထား သော  ပစ္စည်းအမျိုးအစားနှင့် မတူ ညီဘဲ ကျန်းမာရေးထောက်ခံချက် များမပါသည့်အပြင် တရားဝင်တင်

သွင်းခွင့်လိုင်စင်ပါမလာကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 သက်တမ်းလွန်နှင့် ကျန်း မာရေး ထောက်ခံချက် Health Certificate မပေးထားသည့် ကြက်သားနှင့်ကြက်ထွက်ပစ္စည်း များကို မော်လမြိုင်မြို့မှတစ်ဆင့် ရန်ကုန်မြို့၊ အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ တင်ပို့နေ ကြောင်း အထက်ပါတာဝန်ရှိသူ က ပြောသည်။

‘‘သူတို့ဆီက ကြက်အစိတ် အပိုင်းတွေကို ဒီလိုပဲတရားမဝင် တင်သွင်းနေတာ မကြာခဏ ဖမ်းမိတတ်တယ်။  ပုစွန်တွေလည်း ထိုင်းနိုင်ငံဘက်က တရားမဝင် ဝင်လာဖူးတယ်’’ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ ကြက်ကလီစာ များ သယ်လာသည့် ယာဉ်မောင်း ကို ပို့ကုန်သွင်းကုန်လုပ်ငန်းဥပဒေ အရ အရေးယူထားပြီး သယ်ယူ လာသည့် ပစ္စည်းများနှင့်ပတ် သက်၍ ဌာနဆိုင်ရာများ၏ မှတ်ချက်တွင် အများပြည်သူစားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများဟု ဖော်ပြထားသောကြောင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

7Day News Daily
ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းလာပြီး ဖမ်းဆီးမိ သောကျပ် ၆၃ သိန်းကျော်တန်ဖိုးရှိ ကြက်ကလီစာများ ကို ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
မြဝတီ-ရန်ကုန်လမ်းပေါ်ရှိ ဝေါမြို့နယ်၊ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်၌ ဇွန်လ ၁၉ ရက်ညနေ တွင် မော်လမြိုင်မှ ရန်ကုန်မြို့သို့  ငါးပုံးများတင်ဆောင်မောင်းနှင်လာသော နစ်ဆန်းကွန်ဒို အမျိုးအစားယာဉ် တစ်စီးကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် စီပီတံဆိပ်ပါ ကြက်မြစ်၊ ကြက်သဲနှင့် ကြက်ကလီစာများ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

 ဖမ်းဆီးသူများက ဆက် လက်စစ်ဆေးရာ မော်လမြိုင်မြို့ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပေး သည့်  မျှောစာ တွင်ဖော်ပြထား သော  ပစ္စည်းအမျိုးအစားနှင့် မတူ ညီဘဲ ကျန်းမာရေးထောက်ခံချက် များမပါသည့်အပြင် တရားဝင်တင်

သွင်းခွင့်လိုင်စင်ပါမလာကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 သက်တမ်းလွန်နှင့် ကျန်း မာရေး ထောက်ခံချက် Health Certificate မပေးထားသည့် ကြက်သားနှင့်ကြက် ထွက် ပစ္စည်း များကို မော်လမြိုင်မြို့မှတစ်ဆင့် ရန်ကုန်မြို့၊ အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ တင် ပို့နေ ကြောင်း အထက်ပါတာဝန်ရှိသူ က ပြောသည်။

‘‘သူတို့ဆီက ကြက်အစိတ် အပိုင်းတွေကို ဒီလိုပဲတရားမဝင် တင်သွင်းနေတာ မကြာခဏ ဖမ်းမိ တတ်တယ်။  ပုစွန်တွေလည်း ထိုင်းနိုင်ငံဘက်က တရားမဝင် ဝင်လာဖူးတယ်’’ဟု မြန်မာနိုင်ငံငါး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ ကြက်ကလီစာ များ သယ်လာသည့် ယာဉ်မောင်း ကို ပို့ကုန်သွင်းကုန်လုပ်ငန်းဥပဒေ အရ အရေးယူထားပြီး သယ်ယူ လာသည့် ပစ္စည်းများနှင့်ပတ် သက်၍ ဌာနဆိုင်ရာများ၏ မှတ်ချက်တွင် အများပြည်သူစားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများဟု ဖော်ပြထားသောကြောင့် လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

7Day News Daily

No comments:

Post a Comment