Thursday, June 26, 2014

ခင်ဦးမြို့နယ် ကျေးရွာတချို့တွင် ရောင်းချနေသည့် ငါးများ၌ အဆိပ်ပါသည်ဟု သတင်းများ ထွက်ပေါ်

ကျေးရွာတချို့တွင် လာရောက် ရောင်းချနေသည့် ငါးများ၌ အဆိပ်များ ပါရှိနေသည် ဟုသတင်းများ ထွက်ပေါ် နေပြီး၊ အဆိုပါ ငါးများကို စားမိ သောကြောင် သုံးကောင်မှာလည်း သေဆုံးသွား ခဲ့သည်ဟု ဒေသခံများက The Messenger Media သို့ ပြောသည်။
ဇွန်လ(၂၀) ရက်နေ့တွင် တယ်ဘိုပင်ကျေးရွာနေ အမျိုးသမီးတစ်ဦး လာရောက် ရောင်းချသွားသော ဆားနယ်ထားသည့် တီလားဗီးယားငါး ခြောက်ပိဿာခန့်အား ကျေးရွာ အတွင်းသို့ ထပ်မံ ရောင်းချခဲ့ရာတွင် ၀ယ်သူများကာ အဆိုပါ ဆားနယ်ငါးများအား ရေဖြင့် လေးကြိမ်တိတိ ဆေးကြော ခဲ့ပြီး၊ ဇလုံ အတွင်းဝယ်
ထည့်ထားစဉ် အညှီနံ့ကြောင့် လာအုံသော ယင်ကောင်များ သေဆုံးနေသည်ကို တွေ့ရှိခဲ့ သဖြင့် အဆိုပါ ငါးများအား မချက်ရဲ တော့ဘဲ မြေမြှုပ်ပစ်ခဲ့ရကြောင်း တယ်ဘိုပင်ကျေးရွာမှ ဒေသခံများက The Messenger Media သို့ ပြောသည်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ရွှေယမင်းကျေးရွာနှင့် တယ်ဘိုပင်ကျေးရွာ တို့တွင် လာရောက် ရောင်းချနေသည့် ငါးများထဲ၌ အဆိပ်များပါရှိ နေသည်ဟု ယခုလ(၂၃ ) ရက်နေ့တွင် သတင်းများ ထွက်ပေါ်နေပြီး၊ ယင်းကိစ္စများအား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ခင်ဦး မြို့နယ် ရဲတပ်ဖွဲ့ မှူး ရုံးမှ သိရသည်။
အဆိုပါ ငါးများနှင့် ပတ်သက်၍ ငါးရောင်းချနေသူ ကိုကျော်နိုင်အား သက်ဆိုင်ရာမှ ခေါ်ယူ မေးမြန်း ရာတွင် မေလ(၁၈) ရက်နေ့တွင် တယ်ဘိုပင်ကျေးရွာ အတွင်း တစ်ရွာတည်းနေ ဦးအောင်ကြည်ဦး မွေးမြူထားသည့် ငါးကန် ငါးကန် အနက် တစ်ကန်တွင် ရာသီဥတုကြောင့် ငါးအချို့မှာ သေဆုံးနေပြီး၊ ရေပေါ်တွင်ပေါ် နေသည့် ငါးများကို ပိုက်များဖြင့် ဆွဲခဲ့ရာ ပိဿာချိန် (၅၀၀)ခန့် ရရှိခဲ့ကြောင်း သေဆုံးနေသည့် ငါးများကို ပိဿာ (၃၀၀) ခန့်မြေမြှုပ်ပစ်ခဲ့ပြီး၊ မသေမရှင် ဖြစ်နေသည့် ငါးပိသာ (၂၀၀) အား ကျေးရွာအတွင်းသို့ ရောင်းချခဲ့ရာတွင် ၀ယ်ယူခဲ့သည့် အိမ်ရှင်များအနေဖြင့် ယခုကဲ့သို့ အဖြစ်မျိုးများ ကြုံတွေ့ ခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
ယင်းကြောင့် ဆားနယ်ထားသည့် တီလားဗီးယားငါး (၁၅) ကျပ်သားအား မြို့နယ် ရဲတပ်ဖွဲ့မှူးမှ လက်ခံရယူ ထားခဲ့ပြီး၊ ငါးများတွင် အဆိပ် ပါဝင်မှု ရှိ/ မရှိကို မန္တလေးမြို့ ဓာတုဗေဒ၀န်ရုံးသို့ ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ မှုခင်းမှတ်တမ်းများ အရ သိရသည်။ယခုလ(၁၈) ရက်နေ့ကလည်းတယ် ဘိုပင်ကျေးရွာတွင် လာရောက် ရောင်းချသည့် ငါးဝက်မ ငါး (၅၀) ကျပ်သားခန့်ကို ဒေါ်စန်းတင့် က ၀ယ်ယူပြီး၊ ဆားနယ် နှပ်ထားရာ ကြောင်သုံးကောင်မှ စားသွားခဲ့သည်။ အဆိုပါ ကြောင်သုံးကောင်အနက် တစ်ကောင်မှာ ချက်ချင်းသေဆုံးသွားခဲ့ပြီး၊ ကျန်နှစ်ကောင်မှာမူ ငါး ရက်အကြာတွင် ထပ်သေဆုံးသွားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Messenger

No comments:

Post a Comment