Thursday, June 26, 2014

အိမ်ဖောက်ထွင်းပြီး ဖေ့စ်ဘွတ်သုံးသည့် သူခိုး ဖမ်းဆီးမိ

အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှ အသက် ၂၆ နှစ် အရွယ်ရှိ နီကိုလက်စ်ဝစ်သည် စိန့် ပေါလ်မြို့ရှိ နေအိမ်တစ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးနောက်၎င်း၏ဖေ့စ်ဘွတ် Facebook ကို ၀င်ရောက် ကြည့်ရှုခဲ့ပြီး ပြန်ထွက်ရန် (log out) လုပ်ရန် မေ့ခဲ့ကြောင်း CBS Minnesota တွင် ဖော်ပြထားသည်။

ဝစ်သည် နေအိမ်အတွင်းသို့ဝင်ရောက်ခဲ့ပြီး အိမ်ပိုင်ရှင်ဂျိမ်းစ်ဝုဒ်၏ အကြွေးဝယ်ကတ်များ၊ ပိုက်ဆံအိတ် များနှင့် နာရီများကိုယူဆောင်သွားခဲ့သော်လည်း ၎င်း၏ Nike အမှတ်တံဆိပ်ရှူးဖိနပ်၊ ဂျင်းဝတ်စုံနှင့် ခါး ပတ်တစ်ခုကို ထားရစ်ခဲ့သည်။

မိုးမိခဲ့ခြင်းကြောင့် အ၀တ်အစားများ စိုရွှဲနေသောကြောင့် အ၀တ်အစားများကိုချွတ်၍ထားခဲ့ရပုံသည်။ ယင်း နောက် Facebook သို့ဝင်၍ Farmville ဂိမ်းကစားခဲ့ပုံရသည်ဟု ယူဆရကြောင်း ရဲဌာနကတွေ့ ရှိထား သည်။“ဒီလူက ကမ္ဘာပေါ်မှာ အတုံးဆုံး ရာဇ၀တ်ကောင်ပါ”ဟု အိမ်ရှင်ဂျိမ်စ်ဝုဒ်က ပြောသည်။

ဝစ်သည် ၎င်း၏နေအိမ်တွင် ဖောက်ထွင်းခိုးယူမှု ပြုလုပ်ခဲ့သည်ဟူသော Status ကို ၀ုဒ်ကတင်ခဲ့ပြီး အချက် အလက်များ ပိုမိုရရှိရန်အတွက် ၎င်း၏ ဖုန်းနံပါတ်ကို ဝေမျှခဲ့သည်ကို ၀စ်က တွေ့ရှိခဲ့သည်။

ဝစ်သည် သူခိုးယူခဲ့သော ဆဲလ်ဖုန်းကို ပြန်ပေးပြီး သူထားရစ်ခဲ့သော သူ့အ၀တ်အစားများ အလဲအလှယ် လုပ်လိုက်လျှင် ကိစ္စပြီးပြီဟု ယူဆထားပုံရသည်။

ဝစ်သည် ၎င်း၏နေအိမ်သို့ ဦးတည်လာနေသည်ကို မြင်ရသောအခါ ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြား ခဲ့ရာ ရဲရောက်ရှိလာပြီး ၀စ်ကို ဖမ်းဆီးခဲ့သည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့ပါက ၀စ်သည်ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၂၀,၀၀၀ ပေးဆောင်နိုင်ဖွယ် ရှိသည်။


Mizzima

No comments:

Post a Comment