Tuesday, July 29, 2014

ဆရာ၊ဆရာမများ ကျူရှင်မသင်ရန် အခြေခံပညာ(၃) ညွှန်ကြားချက် ထပ်မံထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများကျူရှင် သင်ကြားခြင်းမပြုရန်နှင့် တိုင် ကြားပါက ထိထိရောက်ရောက်အ ရေးယူ ဆောင်ရွက်မည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနက ဇူလိုင် ၁၇ ရက်တွင် ညွှန်ကြားချက် ထပ်မံထုတ်ပြန် ထားကြောင်းသတင်းရရှိသည်။



ယခုနှစ် ပညာသင်နှစ်အစ ပိုင်းတွင် အမှတ်(၃)အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်နှင့် တာဝန်ရှိသူများက အလုံမြို့နယ် အမှတ်(၄) အထက် တန်းကျောင်း၌ အခြေခံပညာ ကျောင်းအားလုံးရှိ ဆရာကြီး၊ ဆ ရာမကြီးများအား သတ်မှတ်ထား သည့် စည်းကမ်းချက်များအတိုင်း ပြုလုပ်ရန်နှင့် လာရောက်တိုင် ကြားပါက စုံစမ်းစစ်ဆေးရေးပြု လုပ်၍ အရေးယူသွားမည်ဖြစ် ကြောင်း ခေါ်ယူအသိပေးခဲ့သည်။

ဆရာ၊ဆရာမများအနေဖြင့် မိမိတို့၏အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြင့် အားလပ်ချိန် တွင် ကိုယ်ပိုင်ဝင်ငွေဖြည့်ဆည်း ခွင့်ရှိကြောင်း ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက် တာဒေါ်ခင်စန်းရီက ပြောကြားသည်။

ထိုသို့ပြောကြားခဲ့သည့်အ ပေါ် ဆရာ၊ဆရာမများအားကျူ ရှင်သင်ခွင့်ပေးသည်ဟုယူဆပြီး အခြေခံပညာကျောင်းများမှ ဆ ရာ၊ ဆရာမအများစုမှာ ကျူရှင် သင်ကြားမှုများပြုလုပ်နေသော ကြောင့် ယခုကဲ့သို့ညွှန်ကြားချက် ထပ်မံထုတ်ပြန်ရခြင်းဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းဇော် ကပြောသည်။

‘‘ကျုရှင်တွေနဲ့ပတ်သက်ပြီး တော့ တိုင်တာ၊ ပြုတာတွေက တောက်လျှောက်ဖြစ်နေတယ်။ အဲဒါကြောင့် အတန်းပိုင်တွေက ကိုယ့်ကျောင်းသားကလေးတွေ ကို ကျူရှင်သင်တာမျိုးခွင့်မပြုပါ ဘူး။ အရင်အခြေခံနှီးနှောဖလှယ် ပွဲမှာ ၀န်ကြီးပြောခဲ့တာကိုသူတို့ က ကျူရှင်ပေးခွင့်ပေးတယ်ဆိုတာ မ ဟုတ်ပါဘူး။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့လာတိုင်ရင်တော့ သွားရောက်စစ်ဆေးပြီးတော့ အ ရေးယူသွားပါမယ်’’ဟု ဦးမင်းဇော် ကပြောသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ အ မှတ်(၃)အခြေခံပညာဦးစီးဌာနအ စည်းအဝေးခန်းမတွင် ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီကပြုလုပ်ခဲ့ သည့် လစဉ်ပုံမှန်အစည်းအဝေး ၌ ခရိုင်ပညာရေးမှူးများနှင့်မြို့ နယ်ပညာရေးမှူးများအား ပြော ကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့နယ်အတွင်းရှိ မြို့နယ်အများစုတွင်အ ခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ခေါ်ယူလက်မှတ် ရေးထိုးမှုများ မပြုလုပ်သေးသော် လည်း အချို့မြို့နယ်အတွင်းရှိမြို့ နယ်ပညာရေးမှူးများက ဆရာ၊ ဆရာမများအား ခေါ်ယူ၍ ကျုရှင် သင်ကြားခြင်းမပြုရန် လက်မှတ်ရေးထိုးခိုင်းမှုများ ပြုလုပ်လျက်ရှိ သည်။

အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများကျူရှင်သင် ကြားနေပါက သက်သေအ ထောက်အထားခိုင်ခိုင်မာမာဖြင့် အမှတ်(၅၉၁)၊ အောက်ကြည့်မြင် တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ် ရှိ အမှတ်(၃)အခြေခံပညာဦးစီး ဌာနသို့ လာရောက်တိုင်ကြားနိုင် ကြောင်းသိရသည်။

7Day Daily

No comments:

Post a Comment