Tuesday, July 29, 2014

တပ်မတော်မှအခြားအဆင့်ဖြင့် သက်ပြည့်ပင်စင်ယူသွားသူများအား လုပ်သက်ဆုကြေးဖြင့် ခုနှိမ်၍ အိမ်ရာများစီစဉ်ပေးမည်

၂၀၀၃ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ၁၀နှစ်တာကာ လအတွင်း တပ်မတော်တွင်အခြားအဆင့်ဖြင့် တာဝန်ထမ်း ဆောင်ကာ သက်ပြည့်ပင်စင်ယူခဲ့ သည့် တပ်မတော်သားများအ တွက် အငြိမ်းစားလုပ်သက်ဆု ကြေးမှ ခုနှိမ်၍ ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေးအတွက် အထပ် မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသတင်းရရှိသည်။



ယခုလ ၂၈ရက်တွင်ပြုလုပ် သော အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် တပ်မတော်သား အခြားအဆင့်များအသက်(၆၀) ပြည့်၍ အငြိမ်းစားယူသည့်အခါ ရရှိသည့်လုပ်သက်ဆုကြေးငွေ ဖြင့် ၀ယ်ယူနေထိုင်နိုင်ရေးအ တွက် အစိုးရ(သို့မဟုတ်) တပ်မ တော်မှ ဆောင်ရွက်ပေးရန်အစီအ စဉ်ရှိ၊ မရှိမေးခွန်းကို ကာကွယ် ရေးဒုတိယ၀န်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

တပ်မတော်တွင် စစ်မှုထမ်း သက် ၃၂နှစ်မှ ၄၂နှစ်အထိတာ ၀န်ထမ်းဆောင်ခဲ့သည့်တပ်မ တော်သား တစ်ဦးအနေဖြင့် ခန့်မှန်းလုပ်သက်ဆုကြေးငွေ ကျပ်သိန်းငါးဆယ်ကျော်ခန့် ရရှိနိုင်ပြီး ကိုယ်ပိုင်အိမ် ရရှိလိုကြောင်း လျှောက်ထားလာပါက အဆိုပါဆုကြေးငွေကို ထုတ်ပေးခြင်း မပြုတော့ဘဲ ကာလတန်ဖိုး သိန်း၁၂၀ခန့်ရှိအိမ်ရာတစ်လုံးကို ပေးအပ်မည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကပြောသည်။

‘‘ဒီစီမံကိန်းကလုပ်နေတာ နည်းနည်းကြာပါပြီ။ လူသိနည်း သေးတာလည်း ပါပါတယ်။ အခု တော့ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မယ့်သဘောပြော သွားတာပေါ့။ ဒီလိုလုပ်ပေးတာ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်မတော်သားတော် တော်များများက လုပ်နေတုန်း တော့ ပေးထားတဲ့ အိမ်တွေမှာနေ နိုင်ပေမယ့် ပင်စင်ယူလိုက်ရင်နေ စရာအိမ်မရှိတော့တာ များတယ်’’ ဟု အမျိုးသားလွှတ်တော်မှတပ်မ တော်သားကိုယ်စားလှယ်တစ်ဦး က ပြောသည်။

သက်ပြည့်ပင်စင်ဖြင့် နုတ် ထွက်ခဲ့သော တပ်မတော်သား(အ ခြားအဆင့်)များအနက်တိုင်းစစ် ဌာနချုပ်နယ်မြေအလိုက်စစ်မှု ထမ်းဟောင်းအိမ်ရာ များတွင်နေ ထိုင်လိုကြောင်းတင်ပြလာသူများ အားစိစစ်၍ နေရာချထားပေး လျက်ရှိရာ ၂၀၀၉မှ ၂၀၁၄ခုနှစ်အ ထိ စုစုပေါင်း ၃၁၁ဦးအားနေရာ ချထားပေးခဲ့ကြောင်း ဗိုလ်ချုပ် ကျော်ညွန့်ကပြောသည်။

ထိုကဲ့သို့ စစ်မှုထမ်းဟောင်း အိမ်ရာများတည်ဆောက်ရာတွင် စစ်မှုထမ်းဟောင်းများကဆုကြေး ရရှိသော ကျပ်သိန်းငါးဆယ်ကျော်ခန့် ကိုသာပေးရမည်ဖြစ်ပြီး ကျန်ရှိ သည့် သိန်းခုနစ်ဆယ်ခန့်ကိုတပ် မတော် အထွေထွေသက်သာ ချောင်ချိရေးရန်ပုံငွေမှ စိုက်ထုတ် သုံးစွဲမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

7Day Daily

No comments:

Post a Comment