Saturday, July 19, 2014

အာဇာနည်နေ့တွင် ဥသြဆွဲခြင်းများ တစ်နိုင်ငံလုံးပြုလုပ်ရန် ပြည်ထောင်စု အစိုးရ က ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ ပြောကြား

ယနေ့ကျရောက်မည့် အာဇာနည်နေ့တွင် ဥသြဆွဲခြင်းများပြုလုပ်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ရန်ကုန် တိုင်းဒေ သကြီး မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကိုးဦး ကျဆုံးချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အောက်မေ့ဖွယ်ဥသြဆွဲခြင်း များ ပြုလုပ် ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက The Daily Eleven သတင်းစာသို့ ဇူလိုင် ၁၈ ရက် ည ၁၀ နာရီဝန်းကျင်က အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ကို ပြည်ထောင်စုအစိုးရက အာဇာနည်နေ့မှာ ဥသြဆွဲဖို့ ညွှန်ကြားထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးက မြို့နယ်မီးသတ်တိုင်းမှာ ဥသြဆွဲမှု ပြုလုပ်သွားမှာပါ” ဟု ၎င်းက အတည်ပြုပြောကြားသည်။

(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် လူမှုရေးအဖွဲ့အစည်း အသီးသီးမှ ၎င်းတို့ပြုလုပ်မည့် အစီအစဉ်များကို ထုတ်ဖော်ပြောဆို ထားကြသော်လည်း နိုင်ငံတော်အဆင့်အနေဖြင့် ကျင်းပမည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာထားခြင်းမရှိဘဲ ဇူလိုင် ၁၈ ရက် ည ၁၀ နာရီကျော် ခန့် တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုင်ငံတော်သမ္မတမှ ဇူလိုင် ၁၉ ရက်တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအတွက် ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဦးနေ၀င်း၏ မဆလအစိုးရလက်ထက်အထိ အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား သတိရ အလေးပြုနိုင်ရန် အတွက် ၎င်းတို့ကျဆုံးခဲ့သော ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အောက်မေ့ဖွယ် ဥသြဆွဲခြင်းများ ပြုလုပ်ပေး ခဲ့သော် လည်း ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် န၀တနှင့် နအဖစစ်အစိုးများလက်ထက်တွင် အဆိုပါဓလေ့ကို ဖျောက်ဖျက်ပစ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အာဏာရရှိလာသည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အာဇာနည်နေ့၌ ဥသြဆွဲသည့်ဓလေ့ ပြန်လည်ပြုလုပ်ပေး ရန် ရှိမရှိကို လွှတ်တော်တွင် မေးမြန်းခြင်းများ ရှိခဲ့သော်လည်း အများပြည်သူ အထိတ်တလန့် ဖြစ်စေနိုင်သောကြောင့် အစီအစဉ်မရှိကြောင်း သာ ပြန်လည်ဖြေကြားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment