Monday, July 21, 2014

တဲမီးရှို့သူကို မဖော်ထုတ်နိုင်သော ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ၀င်များ ရဲဖမ်း

ဧရာဝတီတိုင်းဒေကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ၀က်ကုန်းကျေးရွာအုပ်စု၊ စန်းကုန်းကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များကို တဲတစ်လုံးအား မီးရှို့သူတရားခံ ဖော် မပေးနိုင်သည့်အတွက်ဟုဆိုကာသဲနုကုန်းရဲကင်းမှူးက ဖမ်းဆီးထားသည်။

ရယက အဖွဲ့ဝင် ဦးမင်းမင်းနှင့် ဆယ်အိမ်မှူး ဦးစိုးမြင့်တို့အား ရော်ဘာ စိုက်ခင်းအတွင်းရှိ လုပ်သားယာယီတဲ မီးလောင်ရာတွင် တရားခံမဖမ်းမိသောကြောင့် ဖမ်းဆီးထားခြင်းဖြစ်သည်။
လေးမျက်နှာရဲစခန်းသို့ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေတ္တခေါ်ယူသွားပြီး ရမာန်ယူချုပ်ပြီး တရားခံဖော်ထုတ်ပေးပါ က ပြန်လည်လွှတ်ပေးမည်ဟု ပြောလိုက်ကြောင်းသိရသည်။

“ကျွန်မ အမျိုးသားကို ဇူလိုင်လ ၈ ရက်နေ့တွင် သဲနုကုန်းရဲကင်းမှူး ဦးကျော်ကျော်လွင်အိမ်ကို ရောက်လာပြီး မျိုးကျော်လင်းရော်ဘာ စိုက်ခင်းထဲရှိ အလုပ်သမားများယာယီနားခိုတဲတစ်လုံး မီလောင်မှုနှင့် ပတ်သက်ပြီး မေးမြန်းစရာရှိ၍ဟုဆိုကာ လေးမျက်နှာရဲစခန်းကခေါ်ယူကြောင်း အဖမ်းဆီးခံ ကိုမင်းမင်း၏ ဇနီး မယဉ်မင်းခိုင်က ပြောကြားသည်။
”ရဲစခန်းရောက်တော့ မီးရှို့မှုကို ဖော်မပေးနိုင်လို့ မသင်္ကာလို့ ဖမ်းတယ်ဆိုပြီး ရဲကင်းမှူးက ရမာန်ယူပြီး ချုပ်ထားပါတယ်။ မိသားစုနဲ့လည်း အတွေ့မခံပါဘူး” ဟု ၎င်းကဆိုသည်။

မျိုးကျော်လင်း ရော်ဘာစိုက်ခင်းသည် မြို့နယ်မြေစာရင်းတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး၊ အကန့်အသတ်မရှိ လယ်ယာမြေများ သိမ်းယူနေပြီး ဒေသခံများ အကြောက်တရားရှိအောင် လုပ်ဆောင်နေကြောင်း၊ ဒေသခံ တောင်သူ ၃၀ ဦးခန့် အရေးယူခံနေရကြောင်း ဒေသခံတောင်သူများ ထံမှသိရသည်။
“တဲက လုပ်သားယာယီနားခိုတဲပါ။

 ၃၊ ၄ တောင်လောက်ပဲကျယ်ပါတယ်။တဲကိုရောက်ဖို့ ကျွန်တော်တို့ရွာနဲ့က (၂)နာရီလောက် လမ်းလျှောက်ရပါတယ်။ သူတို့လုပ်သားတွေ ပေါ့ဆပြီး ထားခဲ့လို့ လောင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”ဟု ရပ်မိရပ်ဖ ဦးရွှေက ပြောကြားသည်။

တက်နေ၀န်း (ဟင်္သာတ)

People power

No comments:

Post a Comment