Monday, July 21, 2014

သံတွဲနှင့် တောင်ကုတ်တွင် ရေကြီး၍ ဈေးနှင့် ကျောင်းအချို့ပိတ်

Photo: သံတွဲနှင့် တောင်ကုတ်တွင် ရေကြီး၍ ဈေးနှင့် ကျောင်းအချို့ပိတ်
Monday, July 21, 2014

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနှင့် တောင်ကုတ်မြို့တို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ များကြောင့် ရေကြီးနေသဖြင့် ဈေးနှင့် ကျောင်းအချို့ကို ပိတ်ထားရကြောင်း ဒေသခံများက ပြောကြားသည်။

တောင်ကုတ်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း တောင်ကျရေများကြောင့် သုံးပေဝန်းကျင် ရေ ကြီးနေကြောင်း၊ ရေကြီးမှုကြောင့် မြို့မဈေး ပိတ်ထားရပြီး အခြေခံပညာ အထက်တန်း (၂) ကျောင်း အပါအဝင် စာသင်ကျောင်းအချို့နှင့် လူနေအိမ်များ ရေမြုပ်နေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးဝင်းက ပြောသည်။ 

ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေတစ်ပေခန့် ပြန်ကျ သွားပြီ ဖြစ်သော် လည်း ဈေးပိတ်ထားဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်းစစ်ဖို့ဆိုပြီး ကုမ္ပဏီတွေက ဧက ငါးသောင်းလောက် ခုတ်ထားတယ်။ တောင်ကတုံးတွေ ဖြစ်နေတယ်။ မိုးနည်းနည်း များတာနဲ့ တောင်ကျရေကတော့ အလုံးလိုက်ကို ဆင်းမှာပဲ” ဟု ဦးစိုးဝင်းက ရှင်းပြသည်။

သစ်ပင်များ ဧက ငါးသောင်းဝန်းကျင် ခုတ်လိုက်သဖြင့် ယခုနှစ်တွင် မိုးဆက်တိုက် ရွာသွန်းပါက စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ၎င်းကဆိုသည်။

သံတွဲမြို့တွင် သြဂုတ်လ ၁၇ ရက်မှ စ၍ မိုးသုံးရက်ခန့် ဆက်တိုက် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့က ငါးပေဝန်းကျင် ရေကြီးခဲ့ပြီး အခြေခံပညာ မူလတန်းကျောင်းအချို့ရေမြုပ်ခဲ့ကာ လူပေါင်းသုံးရာ ဝန်းကျင်ကို ကယ်ဆယ်ရေးစခန်းဖွင့် ကူညီပေးခဲ့ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ကျော်က ပြောကြားသည်။ 

“မိုးကြီးတယ်။ တောင်ကျရေ များတယ်။ ပင်လေရေတက်တဲ့ အချိန်နဲ့ ကြုံသွားတယ်။ ရုတ်တရက်ကြီးတာ။ ခါတိုင်းနှစ် ရေကြီးတာနဲ့ မတူဘူး။ ရေတက်တာ အရမ်းမြန်တယ်” ဟု ၎င်းကဆိုသည်။

ရေကြီးမှုကြောင့် သံတွဲ-တောင်ကုတ်-ရန်ကုန်လမ်းတွင် တံတားများ ပျက်စီးသဖြင့် ပို့ဆောင်ရေးများ ယာယီရပ်တန့်နေခဲ့ပြီး ညနေ လေးနာရီ ဝန်းကျင်တွင် ပြန်လည် သွားလာ၍ အဆင်ပြေသွားကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံတွဲမြို့တွင် ကုန်းမြင့်ဖြစ်သည့် မြို့လယ်အနီး ဝန်းကျင်သာ ရေကြီးခြင်း မရှိခဲ့သော်လည်း ကျန်ရပ်ကွက်များတွင် ရေကြီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံတွဲမြို့နယ်၌ ၂၀၁၃ ခုနှစ် သြဂုတ်လကလည်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်း၍ ရေကြီးခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့သည်။

The Voice Weekly
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနှင့် တောင်ကုတ်မြို့ တို့တွင် ဇူလိုင်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ များကြောင့် ရေကြီးနေ သဖြင့် ဈေးနှင့် ကျောင်းအချို့ကို ပိတ်ထား ရကြောင်း ဒေသခံများက ပြောကြားသည်။
တောင်ကုတ်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်း မိုးသည်းထန်စွာ ရွာသွန်း ခဲ့သော်လည်း တောင်ကျရေများကြောင့် သုံးပေဝန်းကျင် ရေ ကြီးနေကြောင်း၊ ရေကြီးမှုကြောင့် မြို့မဈေး ပိတ်ထားရပြီး အခြေခံပညာ အထက်တန်း
(၂) ကျောင်း အပါအဝင် စာသင်ကျောင်းအချို့နှင့် လူနေအိမ်များ ရေမြုပ်နေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးဝင်းက ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေတစ်ပေခန့် ပြန်ကျ သွားပြီ ဖြစ်သော် လည်း ဈေးပိတ်ထားဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်းစစ်ဖို့ဆိုပြီး ကုမ္ပဏီတွေက ဧက ငါးသောင်းလောက် ခုတ်ထားတယ်။ တောင် ကတုံးတွေ ဖြစ်နေတယ်။ မိုးနည်းနည်း များတာနဲ့ တောင်ကျရေကတော့ အလုံးလိုက်ကို ဆင်းမှာပဲ” ဟု ဦးစိုးဝင်းက ရှင်းပြသည်။

သစ်ပင်များ ဧက ငါးသောင်းဝန်းကျင် ခုတ်လိုက်သဖြင့် ယခုနှစ်တွင် မိုးဆက်တိုက် ရွာသွန်းပါက စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ၎င်းကဆိုသည်။

သံတွဲမြို့တွင် သြဂုတ်လ ၁၇ ရက်မှ စ၍ မိုးသုံးရက်ခန့် ဆက်တိုက် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၉ ရက်နေ့က ငါးပေဝန်းကျင် ရေကြီးခဲ့ပြီး အခြေခံပညာ မူလတန်းကျောင်းအချို့ရေမြုပ်ခဲ့ကာ လူပေါင်းသုံးရာ ဝန်းကျင်ကို ကယ်ဆယ်ရေးစခန်းဖွင့် ကူညီပေးခဲ့ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ကျော် က ပြောကြားသည်။

“မိုးကြီးတယ်။ တောင်ကျရေ များတယ်။ ပင်လေရေတက်တဲ့ အချိန်နဲ့ ကြုံသွားတယ်။ ရုတ်တရက်ကြီးတာ။ ခါတိုင်းနှစ် ရေကြီးတာနဲ့ မတူဘူး။ ရေတက်တာ အရမ်းမြန်တယ်” ဟု ၎င်းကဆိုသည်။

ရေကြီးမှုကြောင့် သံတွဲ-တောင်ကုတ်-ရန်ကုန်လမ်းတွင် တံတားများ ပျက်စီးသဖြင့် ပို့ဆောင်ရေးများ ယာယီရပ်တန့်နေခဲ့ပြီး ညနေ လေးနာရီ ဝန်းကျင်တွင် ပြန်လည် သွားလာ၍ အဆင်ပြေသွားကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံတွဲမြို့တွင် ကုန်းမြင့်ဖြစ်သည့် မြို့လယ်အနီး ဝန်းကျင်သာ ရေကြီးခြင်း မရှိခဲ့သော်လည်း ကျန်ရပ်ကွက်များတွင် ရေကြီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သံတွဲမြို့နယ်၌ ၂၀၁၃ ခုနှစ် သြဂုတ်လကလည်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်း၍ ရေကြီးခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့သည်။

The Voice Weekly

No comments:

Post a Comment