Tuesday, July 8, 2014

မန္တလေးရဲ လူ ၂၀၀ ကို ဖမ်းဆီးထား

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးရဲ့ အဆိုအရပုဒ်မ ၁၄၄ ထုတ်ပြန်ကြေငြာခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ညကစလို့ ဇူလိုင် ၇ ရက်နေ့မနက် အထိ အမိန့်မလိုက်နာလို့ ထိန်းသိမ်းလိုက်တဲ့လူဦးရေ ၃၄၆ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအထဲက ၁၄၅ ဦးကိုတော့ ပညာပေး ကိုယ်တိုင်ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ၂၀၁ ယောက်ကိုတော့ ပုဒ်မ ၁၈၈ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ လူစုလူဝေးနဲ့
ရမ်းကားဖျက်ဆီးမှုတွေလုပ်လို့ ထိန်းသိမ်းထားသူကတော့ ၁၆ ယောက် ရှိကြောင်းသိရပါတယ်။ လူ ၂ ယောက် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆဲလို့လည်း သိရပါတယ်။



ဧရာဝတီ

No comments:

Post a Comment