ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီလီ ထံသို့ ပြည်နယ် အဆင့် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးဌာန (ECC) က အိတ်ဖွင့်ပေးစာတစ်စောင်ကို ဇူလိုင် ၂၀ ရက်ကပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်တွေမြို့တွင် ECC နှင့် ကုလအထူး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ
ဘင်္ဂါလီ လူမျိုးများကြောင့် ရခိုင်ပဋိပက္ခများဖြစ် ပွားရသည့်
အကြောင်းရင်းများကို ရှင်းပြထားသည့်
အိတ်ဖွင့်ပေး စာပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖ
ဦးသန်းထွန်းကပြောသည်။‘‘ပြဿနာတွေဟာ ခိုးဝင်လာသူတွေကြောင့် ဖြစ်ရတာ ဆိုတာကို ပြည့်ပြည့်စုံစုံ စနစ်တကျ ရှင်းပြထားတဲ့ စာကိုပေးခဲ့တာ’’ ဟု ဦးသန်းထွန်းကဆိုသည်။
ကုလအထူးကိုယ်စားလှယ်၏ သုံးရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ်တွင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ၁၉၈၂ နိုင်ငံသား ဥပဒေအပါအ၀င် ဒေသတည်ငြိမ်ရေးကိစ္စရပ်များဆွေးနွေးခဲ့သည်။
မစ္စလီအနေဖြင့် ကချင်ပြည်နယ်နှင့် မန္တလေးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း ကုလအဖွဲ့ကသတင်း ထုတ်ပြန်သည်။
7Day DAILY
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီလီ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ − ညွှန့်ဝင်း/အီးပီအေ)
No comments:
Post a Comment