Monday, July 21, 2014

မုတ္တမပင်လယ်ကွေ့ကို ထိန်းသိမ်းရန် မြေဧရိယာသတ်မှတ်ခြင်းအပေါ် ဒေသခံတချို့စိုးရိမ်မှုဖြစ်ပေါ်၊ မြေယာသိမ်းဆည်းခြင်း မဟုတ်ဟုဆို

- မုတ္တမပင်လယ် ကွေ့အားထိန်းသိမ်းရန် မြေဧရိယာ သတ်မှတ်ခြင်းအား မြေယာသိမ်းဆည်းသည်ဟု ထင်ကာ ဒေသခံတချို့စိုးရိမ် နေကြကြောင်း သိရသည်။

''အဖွဲ့အစည်းတွေဆင်းပြီး မြေယာတွေ လာကြည့်ကြတော့ တော် တော်စိုးရိမ်သွားတယ်။ ပြီးတော့ သတင်းတွေကလဲ အမျိုးမျိုးကြားတယ်။ မြေတွေသိမ်းဖို့ကြည့်သလိုလို ဘာလိုလိုနဲ့။ ဒါကြောင့် မြေသိမ်းတော့ မှာ လားဆိုပြီး စိုးရိမ်နေကြတယ်။ ပြီးတော့ ဒီရေတိမ်ဒေသဆိုတာကိုလဲ အားလုံးက သိရှိနားလည်ကြတာ
မဟုတ်တော့၊ တစ်ခုခုကြားရင်ကြောက် နေကြတယ်။ အလုပ်အကိုင်တွေပျက် မှာလဲစိုးကြတယ်'' ဟု မော်လမြိုင်မြို့ နယ်မှဒေသခံတစ်ဦးကပြောသည်။

အဆိုပါဒေသအား အပြည်ပြည် ဆိုင်ရာပူးပေါင်းထိန်းသိမ်းသော ရမ်ဆာရေတိမ်ဒေသအဖြစ် သတ်မှတ် နိုင်ရန် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း (BANCA Myanmar) က ကျိုက်ထိုနှင့် ဘီးလင်း မြို့နယ်မှ မြေဧရိယာ၊ ဧကပေါင်း ၃ဝဝဝဝကျော်ကို ကနဦး ထိန်းသိမ်း ရေးဧရိယာ အဖြစ် သတ်မှတ်နိုင်ရန် မြေယာများတိုင်းတာခြင်းနှင့် ကွင်း ဆင်းဆောင်ရွက်ခြင်းများ ပြုလုပ် သည့်အပေါ် ဒေသခံများက ယင်းသို့ စိုးရိမ်နေကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ BANCA Myanmar မှ စီမံကိန်း မန်နေဂျာဦးပြည့်ဖြိုးအောင်က ''မြေ ယာသိမ်းဆည်းတာ မဟုတ်ပါဘူး။ ထိန်းသိမ်းရေးဆောင်ရွက်နိုင်ဖို့ ဧရိယာသတ်မှတ်တာပါ။ ဒါကြောင့် ဒေသခံအနေနဲ့ စိုးရိမ်စရာမရှိဘူး။ ဒီမြေ ကို သတ်မှတ်ဧရိယာတိုင်းတာမယ်။ ဒါပေမဲ့ ဒီသတ်မှတ်ထားတဲ့မြေထဲမှာ လယ်ယာတွေ၊ ငါးဖမ်းဧရိယာတွေပါ လာရင်လဲ လယ်သမားတွေက လယ်မြေကိုဆက်လက်လုပ်ကိုင်လို့ရသလို၊ ငါးဖမ်းသမားတွေကလဲ ငါးဆက်ဖမ်း လို့ရတယ်။ ပြီးတော့ ဒေသခံတွေအ နေနဲ့ မြေသိမ်းတယ်ဆိုပြီး စိုးရိမ်စရာ မဖြစ်အောင်လဲ အတိအလင်းကြေညာသွားမှာပါ၊ ရှင်းပြသွားမှာပါ''ဟု ပြောသည်။

အဆိုပါဒေသကို ရမ်ဆာဒေသ အဖြစ်အဆိုပြုနိုင်ရန် ဆောင်ရွက်နေ သောအဖွဲ့အစည်းများမှ မြို့နယ်အုပ် ချုပ်ရေးမှူးများနှင့် တိုင်ပင်ဆွေးနွေး ကာ ဒေသခံများ၏သဘောထားသတ် မှတ်ချက်များနှင့် သဘောတူညီချက် များကို တောင်းခံခဲ့ရာ ရာနှုန်းပြည့် အောင်မြင်ကြောင်း၊ ယင်းဒေသခံတို့ ၏သဘောထားများပါဝင်သော အစီ ရင်ခံစာတစ်စောင်ကိုလည်း မွန်ပြည် နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာအာ ဏာပိုင်များနှင့် ဌာနဆိုင်ရာများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မုတ္တမပင်လယ်ကွေ့ကို ရမ်ဆာ ရေတိမ်ဒေသအဖြစ် သတ်မှတ်နိုင်ရန် ၂ဝဝ၈ခုနှစ်ကတည်းက ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ရေတိမ် ဒေသသတ်မှတ်စံနှုန်းများဖြင့် ညီညွတ် နေသော်လည်း ယင်းဒေသသည် သစ်တောဦးစီးဌာနမှ ထိန်းသိမ်းရေး ဧရိယာ (protect area) အဖြစ်သတ် မှတ်ထားခြင်းမရှိသေးခြင်းကြောင့်၊ ထိန်းသိမ်းရေး ဧရိယာသတ်မှတ်နိုင်အောင် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။

''မြေဧရိယာကိုတော့ အတတ် နိုင်ဆုံး ဒေသခံတွေရဲ့ပိုင်တဲ့မြေတွေ နဲ့ လွတ်အောင်ယူထားတယ်။ ပါရင် တောင် အနည်းဆုံးပဲပါမှာပါ။ ပါရင်လဲ စိုးရိမ်စရာမလိုပါဘူး။ အခုတိုင်း တာပြီး ကွင်းဆင်းထားတဲ့နေရာကို မြေစာရင်းဦးစီးဌာနက အဆင်ပြေရင် တရားဝင်မြေပုံရဖို့ ဆောင်ရွက်သွား မယ်''ဟု ယင်းကထပ်မံပြောသည်။

လက်ရှိတွင် အဆိုပါဒေသမှဒေ သခံများ ရမ်ဆာရေတိမ်ဒေသနှင့်ပတ် သက်ပြီး သိရှိနားလည်စေရန် အလုပ် ရုံဆွေးနွေးပွဲများနှင့် သင်တန်းများပေး ခြင်းကိုလည်း BANCA Myanmar မှ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံတွင် ရမ်ဆာရေတိမ် ဒေသသတ်မှတ်ခံထားရသော ဒေသ မှာ ပဲခူးတိုင်းဒေသကြီးမှ မိုးယွန်းကြီး အင်းဖြစ်ပြီး၊ အင်းတော်ကြီးအိုင်နှင့် မုတ္တမပင်လယ်ကွေ့တို့အား ရမ်ဆာ ရေတိမ်ဒေသအဖြစ် သတ်မှတ်နိုင်ရန် အဆိုပြု ဆောင်ရွက်လျက်ရှိပြီး၊ တစ် နိုင်ငံလုံးတွင် ရေတိမ်ဒေသ ၃ဝ ကျော် ခန့်ရှိကြောင်း သိရသည်။

MMA
Yangon Media Group

No comments:

Post a Comment