Tuesday, July 1, 2014

ဘင်္ဂါလီနေအိမ်တစ်အိမ်တွင် စိတ်ကြွ ဆေးပြား ကျပ်သိန်း ၂၀၀ဝဖိုးခန့် ဖမ်းမိ

မောင်တော၊ ဇွန် ၃၀- မူးယစ်ဆေး ဝါးအမှုဖြင့် ဖမ်းဆီးခံထားရသူ၏ ထွက်ဆိုချက်အရ ဇွန် ၂၈ရက်ညနေ လေးနာရီ က မောင်တောမြို့ မြို့ဦး အုပ်စု လသာရွာနေ ဟာမိတ်တူ ဆောင်း(ဘ)အဒူရော်မန် ဘင်္ဂါလီ လူ မျိုး၏နေအိမ်အား မောင်တော မူး ယစ်တပ်ဖွဲ့စု(၄၆)မှ ရဲအုပ်ဇော်လင်း ထွန်း၊ မောင်တောမြို့မရဲစခန်းမှ ရဲ အုပ်တိုးတိုးနှင့် ရဲအုပ်ဝင်းဌေးဦးတို့ မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးများဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မူးယစ် ဆေးဝါး သိန်း၂၀၀၀ ဖိုးခန့်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မောင်တောမြို့မရဲစ ခန်းမှ မယ(ပ) ၁၁/၂၀၁၄၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါး များ ကာကွယ်တားဆီး ရေးပုဒ်မ-၅/၁၉(က)အမှုဖြင့်ဖမ်းဆီး ခံထားရသူ မြို့မတောင်ရပ် ကွက်နေ အေကေရာမ် (ဘ)ဇော်မူလုပ် ၏ထွက် ဆိုချက်အရ ဟာမိတ်တူဆောင်းနေ အိမ်အား သွားရောက် စစ်ဆေးရှာဖွေ ခဲ့ရာ နေအိမ်ဧည့်ခန်းနံရံတွင် ချိတ် ထားသော မိုးကာအကျီ င်္အိတ်ကပ်အ တွင်း အဖြူရောင်ပလတ်စတစ်ဖြင့် ထုပ်ထားသော WY စာတန်းပါ ပန်း ရောင်ဆေးပြား ၁ဝပြားကို ပရီးမီယာ စီးကရက်ဘူးခွံ အတွင်း တွင် ထည့် လျက် အပြာရောင်ဂတ်စ်မီးခြစ်တစ် လုံး၊ မူးယစ်ဆေးဝါးရှူရာ တွင်အသုံး ပြုသော ပိုက်တပ်ထားသော နီညို ရောင်ပလတ်စတစ်ဘူးခွံတစ်လုံး၊ ခဲ စက္ကူအပိုင်းအစတစ်ရွက်တို့ကို ရှာ ဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။
ထို့နောက် နေအိမ်အတွင်း သက်သေခံပစ္စည်းများကို သိမ်းဆည်း နေစဉ် နေအိမ် အနောက်ဘက်ခြံစည်း ရိုးနားတွင် ပီနံအိတ် တစ်အိတ်ထမ်း ၍ ဘင်္ဂါလီလူမျိုး တစ်ဦး ထွက်ပြေး သွားသည်ကိုတွေ့ရသဖြင့် လိုက်လံ ဖမ်းဆီးရာ ပီနံအိတ် ထမ်းပြေး သူမှာ အိတ်ကိုထားကာ ထွက်ပြေးသွားပြီး ပီနံအိတ်အား အသိ သက်သေ များဖြင့် ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ငွေကျပ် သိန်း ၂၀၀ဝဖိုးခန့် ကို ဖမ်းဆီးရမိခဲ့ ကြောင်းနှင့် ထွက်ပြေးသွားသူအား ဖမ်းဆီးရမိနိုင်ရေးအတွက် အရေးယူ ထားကြောင်း သိရသည်။
NT
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment