Tuesday, July 1, 2014

ပေါင်းလောင်းကွင်းနှင့် ပတ်သက်၍ အားကစားဝန်ကြီး ဖြေကြားချက် ဒေသခံများမကျေနပ်

နေပြည်တော် ပေါင်းလောင်းဘောလုံးကွင်းကို နှစ် ၃၀ ငှားရမ်းခွင့် သတ်မှတ် လိုက်ပြီး ဆက်လက်ဆောင်ရွက် သွားရန်အမေးကို အားကစားဝန် ကြီး ဦးတင့်ဆန်းက လွှတ်တော်၌ပြန်လည်ဖြေကြားထားသည်ကို မြို့မိမြို့ဖများနှင့် ဒေသခံများက ကျေနပ်မှုမရှိ ကြောင်းပြောသည်။

‘‘ပေါင်းလောင်းအားကစား ကွင်း အပါအ၀င် တစ်နိုင်ငံလုံးက ဘောလုံးကွင်း ၂၄ ကွင်းကို နှစ် သုံးဆယ်ငှားရမ်းခွင့် ပေးခဲ့ပါတယ်။ ဒီကွင်းကို နေပြည်တော် FC ဘောလုံးအသင်း အိမ်ကွင်းအဖြစ်နဲ့ သုံးနှစ်အခမဲ့ ငှားရမ်းပြီး နိုင်ငံတကာပြိုင်ပွဲတွေ ကျင်းပနိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ ကွင်းဖြစ်အောင် ငွေကြေးစိုက်ထုတ်ပြီး မွမ်းမံထားတာဖြစ်ပါတယ်။ နှစ်သုံးဆယ်စာချုပ်ချုပ်ထားတဲ့အတိုင်းဆက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမုတ်ကြီး၏ မေးခွန်းကို စာပို့၍ ပြန်လည်ဖြေကြားသည်။

ပျဉ်းမနားမြို့နယ်၊ ပေါင်း လောင်းကွင်းကို အားကစားဝန် ကြီးဌာန ခွင့်ပြုချက်ဖြင့် နေပြည် တော်အသင်းက အိမ်ကွင်းအဖြစ် ပြုလုပ်ထားခြင်းဖြစ်သည်။

ပေါင်းလောင်းကွင်းမှာ အား ကစားဝန်ကြီးဌာနပိုင် ကွင်းမ ဟုတ်ဘဲ ရပ်မိရပ်ဖများနှင့် မြို့ခံ လူထု ပူးပေါင်းဆောက်လုပ်ထား သောကွင်းဖြစ်ပြီး လူငယ်များ ဘောလုံးကစားခွင့်ရရန် နေပြည် တော်အသင်းထံမှ ပြန်လည် တောင်းခံခဲ့ခြင်းဖြစ်ကာ သမ္မတ ဦးသိန်းစိန်ကလည်း ကွင်းကို ပြန် လည်ပေးအပ်ရန် ညွှန်ကြားထား သည်ဟု ဒေသခံများက ဆိုသည်။

‘‘နှစ် ၃၀ ချုပ်တယ်ဆိုတာလည်း ကျွန်တော်တို့ ဘာမှမသိလိုက်ရပါဘူး။ သမ္မတကြီး ပြောထားတဲ့ထဲမှာ သုံးနှစ်ပြည့်တာနဲ့ ကွင်းကို ပြန်ပေးဖို့ ပြောထား တာပါ။ ၀န်ကြီးဖြေဆိုတာနဲ့ တလွဲဖြစ်နေတယ်။ ဒါကို ဘယ်လိုမှ လက်ခံ လို့မရပါဘူး။ ကျွန်တော်တို့က ဆန္ဒပြပြီး တောင်းဆိုတဲ့အထိကို လုပ်သွားမှာပါ’’ ဟု မြို့မိမြို့ဖ ဦး အုန်းလွင်က ဆိုသည်။

နေပြည်တော်အသင်းသည် ၂၀၁၀ ပြည့်နှစ်တွင် အသင်းစ တင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ် တွင် အိမ်ကွင်းအဖြစ် ပေါင်းလောင်းကွင်းကို စတင်အသုံးပြုခဲ့ သည့်အချိန်မှစ၍ ဘောလုံးကန်ခွင့်မရှိတော့ကြောင်း ယခင်ပေါင်းလောင်းကွင်း၌ ဘောလုံးကန်နေကျ ဒေသခံလူငယ်တစ်ဦးက ဆိုသည်။

ပေါင်းလောင်းကွင်းကို အိမ် ကွင်းအဖြစ် အသုံးပြုပြီးနောက် ပိုင်း ပြင်ဆင်မှုစရိတ်မှာ ငွေကျပ် သိန်းပေါင်းတစ်သောင်းနီးပါး သုံး စွဲထားကြောင်း နေပြည်တော်အ သင်းထံမှ သတင်းရရှိသည်။

‘‘သူတို့က ပိုက်ဆံဆုံးရှုံး တယ်။ တို့ဒေသခံတွေက အားက စားမလုပ်ရလို့ လူသားအရင်းအ မြစ် ဆုံးရှုံးတယ်’’ ဟု မြို့မိမြို့ဖ ဦးကျော်မင်းဟန်က ပြောသည်။

ဦးတင့်ဆန်းအနေဖြင့် ပြည် သူလူထုထက် ၎င်း၏သား အကျိုး စီးပွားထိခိုက်မည်ကို ကာကွယ်ခြင်းဖြစ်၍ ပျဉ်းမနားပြည်သူ လူထုက ပေါင်းလောင်းကွင်း ပြန် မရမချင်း မြို့မိမြို့ဖအဖွဲ့နှင့် ညှိနှိုင်းမှုမရှိခြင်းအပေါ်ကို ခွင့်ပြုချက်ရရ၊ မရရ ဆန္ဒပြတောင်းဆိုသွားမည်ဟု ဒေသခံများက ဆိုသည်။

ပေါင်းလောင်းအားကစား ကွင်းအတွက် အားကစားဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်တို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် ၂၀၁၁ ခုနှစ်မှစ၍ ကနဦးသုံးနှစ် အခမဲ့ငှားရမ်းပြီးနောက် နှစ်သုံးဆယ်ငှားရမ်းနိုင်ရန် ကွင်းငှားရမ်းခကို သတ်မှတ်ကောက်ခံနိုင်ရေးအတွက် အားကစားဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ‘‘ယူလိုသည့်တိုင်းဒေသကြီးအသီးသီးရှိ ကွင်းများကို လွှဲပြောင်းပေး ရန်’’ ဟု လမ်းညွှန်မှုပေးထားကြောင်း ၀န်ကြီးကဖြေကြားထားသည်။

ပေါင်းလောင်းအားကစား ကွင်းကို ပြည်ထောင်စုအစိုးရအ ဖွဲ့ရုံးက လွှဲပြောင်းပေးရန် ညွှန် ကြားခဲ့သော်လည်း ပြန်လည်ပယ် ဖျက်၍ ယခင်စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူစုပေါင်းအားဖြင့် တည်ဆောက်လျက်ရှိသော ပျဉ်း မနားမြို့ ပေါင်းလောင်းအားက စားကွင်းဖွင့်ပွဲ အခမ်းအနားကို ၁၉၇၃ ခုနှစ် ဇွန်လ ၇ ရက်တွင် ကျင်းပခဲ့သည်။

7 Day Daily

No comments:

Post a Comment