Friday, July 18, 2014

မြို့နယ်တွဲဖက်တရားသူကြီးတစ်ဦးကို ကျပ်သုံးသိန်းလာဘ်စားမှုဖြင့် တရားစွဲဆို

ရန်ကင်းမြို့နယ်မှ တွဲ ဖက်တရားသူကြီးအား ငွေကျပ် သုံးသိန်းလာဘ်စားမှုဖြင့်အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်က တရားစွဲဆိုထားကြောင်း ယင်းကော်မရှင်အဖွဲ့ဝင်ဒေါက် တာသိုက်စံကပြောသည်။

ရန်ကင်းမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ်တရားသူကြီးသည် ၎င်း၏အမှုသည်တရားလိုဘက်မှ ငွေကျပ် သုံးသိန်းကို လက်ခံရယူခဲ့ သည့်အပြင် စာရေးဖြစ်သူက လည်း ငွေကျပ်ငါးသောင်းလက်ခံ ရယူခဲ့သည်ဟု
တိုင်ကြားချက် ကြောင့် ယင်းကော်မရှင်ကသွား ရောက်စစ်ဆေးရာအဖြစ်မှန်ပေါ် ပေါက်ခဲ့၍ ရန်ကင်းမြို့နယ်တရား ရုံးတွင် တရားစွဲဆိုအရေးယူခဲ့ ကြောင်း သတင်းရရှိသည်။

တရားသူကြီးအား အမှုဖွင့် တရားစွဲဆိုထားသော်လည်း ၎င်း မှာ ယခုအချိန်ထိထွက်ပြေးတိမ်း ရှောင်လျက်ရှိပြီး အဆိုပါတရား သူကြီးကို ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၆ဖြင့် ရန်ကင်းမြို့မရဲစ ခန်းတွင် ဇူလိုင် ၇ရက်က အမှုဖွင့် ပြီး တရားစွဲဆိုမှုချက်ချင်းလုပ် ဆောင်ခဲ့သည်။ ပြစ်မှုကျူးလွန် ကြောင်း ထင်ရှားပါက ထောင် ဒဏ်ဆယ်နှစ်ထက်မပိုသော ပြစ် ဒဏ်ချမှတ်နိုင်ပြီး ငွေဒဏ်ပါချ မှတ်နိုင်ကြောင်း သတင်းရရှိ သည်။

‘‘သူက တရားမကြီးအမှုအ တွက် တရားလိုဦးခွေးလေးဆီက နေ ငွေကျပ်သုံးသိန်းပေးခဲ့တယ်။ နောက်စာရေးကိုလည်း ငါး သောင်းပေးခဲ့ရတယ်ဆိုပြီး တိုင် စာပို့ခဲ့တယ်။ စုံစမ်းရေးအဖွဲ့က ဒီအမှုစုံစမ်းတော့ အမှုမှန်ပေါ် ပေါက်ခဲ့တဲ့အတွက်သူ့ကို တာဝန် ကရပ်စဲပြီး တရားစွဲဆိုခဲ့တယ်။ဦး တို့စစ်ခါနီးမှ သူကငွေကျပ်သုံး သိန်းကို ပြန်ပေးခဲ့တယ်။ ဒီတော့ ပိုပြီိးတော့ ပေါ်လွင်ထင်ရှားသွား တာပေါ့’’ဟု ဒေါက်တာသိုက်စံ က ပြောသည်။

 ‘‘အန်ကယ်တို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုက ထိန်းမ နိုင်သိမ်းမရဖြစ်နေတာ။ တရားသူ ကြီးဟုတ်တယ်မဟုတ်ဘူးဆိုတာ အန်ကယ်မသိဘူးနော်။ လာဘ် ပေးလာဘ်ယူလို့ ဖမ်းဆီးတရားစွဲ အရေးယူတာ တရားစီရင်ရေးအ ပြင် အများကြီးလုပ်ယူရဦးမယ်။ ဦးလုပ်သက်အနှစ် ၂၀ကျော်အရ အမှုတစ်သောင်းလောက်မှတစ်ခု လောက်ပဲဖမ်းမိတယ်ဆိုရင်အခု တော်တော်လေးတိုးတက်လာပြီ လို့ပြောလို့ရတယ်။ အရင်က တည်းကလည်း ရှားရှားပါးပါးအ ရေးယူခဲ့တာတွေရှိတယ်။ ပျမ်းမျှ အားဖြင့် တရားခွင်မှာ ၁၀မှုမှာ ခုနစ်မှုကလွတ်သွားတာတွေ့ရ တယ်’’ဟု တရားလွှတ်တော်ရှေ့ နေ ဦးထွန်းမြင့်ကပြောသည်။

အဆိုပါတရားသူကြီးအမျိုး သမီးကို မတ်လ ၁၃ရက်က တောင် ဥက္ကလာပမြို့နယ် အတွင်း နေထိုင်သူဦးခွေးလေးက တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ကော်မရှင်ဖွဲ့စည်းပြီး သုံးရက်အကြာတွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ယင်းကော်မရှင်သို့ မြေယာကိစ္စ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အလွဲသုံးစားပြုလုပ်မှုနှင့် တရားရုံးအမှုကိစ္စတို့ အများစုတိုင် ကြားခံရကြောင်း သိရသည်။ အချို့သောတရားရုံးကိစ္စ တိုင် ကြားချက်များမှာ အထောက်အ ထားမခိုင်လုံသည့်အတွက် အရေးယူဆောင်ရွက်နိုင်ခဲ့ခြင်း မရှိ ကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment