Friday, July 18, 2014

တရားပွဲစီစဉ်သူကို အရေးယူသည့် ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တန်ပြန်တရားစွဲဆိုမည်ဟု ရွှေည၀ါဆရာတော်မိန့်ကြား


Photo: တရားပွဲစီစဉ်သူကို အရေးယူသည့် ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တန်ပြန်တရားစွဲဆိုမည်ဟု ရွှေည၀ါဆရာတော်မိန့်ကြား
Friday, July 18, 2014

 ရွှေည၀ါဆရာတော်၏ ရွှေပြည်သာမြို့နယ်တွင် ပြုလုပ်ခဲ့ သည့် တရားပွဲနှင့် ပတ်သက်၍ ပွဲစီစဉ်သူအား အရေးယူခဲ့သည့် အတွက် မြို့နယ်ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို တန်ပြန်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရွှေည၀ါဆရာတော် ဦးပညာသီဟကမိန့်ကြားသည်။

ရွှေပြည်သာမြို့နယ် (၉) ရပ် ကွက်တွင် တရားပွဲစီစဉ်သူကို တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ဇူလိုင် ၁၇ ရက်က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်ကမိန့်ကြားခဲ့ခြင်းဖြစ်သည်။

‘‘ဘုန်းကြီးတို့က ဘုရား ဟောတရားတွေကိုသာ ဟောတာပါ။ ဒါကို တရားရေးစီရင်တာဟာ မဖြစ်သင့်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသာရေးကို အရင်ကဖိနှိပ်သလို အခုလည်းဖိနှိပ်ခံနေရတုန်းပဲ ဆိုတာပေါ်လွင်နေပါပြီ။ တရားစွဲခံရတဲ့သူကို တရားစီရင်တာဟာ  ထောင်ဒဏ်နဲ့ ကျခံရပြီး ငွေဒဏ်ကိုပါထပ်ပြီး တောင်းသွားတဲ့သဘောဖြစ်နေတယ်။ ဒီအတွက်ကို ပြန်ပြီးတရားရေးအရ ပြန်စွဲမှာပါ’’ဟု ဆရာတော်က သတင်းစာရှင်းလင်းပွဲတွင်မိန့်သည်။

ဖေဖော်ဝါရီလက ရွှေပြည် သာမြို့နယ် (၉) ရပ်ကွက်တွင်ကရုဏာမြင့်မိုရ်လူငယ်များအဖွဲ့

က ဦးစီးကာ တရားပွဲကျင်းပခဲ့ရာ ပွဲ ကျင်းပရန်အတွက် ခွင့်ပြုချက် တောင်းယူထားခြင်းမရှိဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုထားခြင်းအပေါ် ရွှေပြည်သာမြို့နယ် တရားရုံးက ဦးဆောင်သူတစ်ဦးကို ငွေဒဏ် နှင့် ထောင်ဒဏ် တစ်ခုခုရွေးချယ် ရန်စီမံခဲ့ပြီး တရားခံအဖြစ် သတ်မှတ်ခံထားရသူက ထောင်ဒဏ်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂၃ ရက်က တရားပွဲကို ဦးဆောင်စီစဉ်သူအား ထောင်ဒဏ်တစ်လချမှတ်လိုက်သည်။

‘‘ထောင်ကျနေတဲ့အချိန်မှာ အိမ်က လက်ဖက်ရည်ဆိုင်မှာ လာပြီး ကော်ဖီထုပ်တွေ လာ တောင်းတယ်။ လာတောင်းတာ ငွေတစ်သောင်းတန်အောင်လာ တောင်းတာဆိုတော့ အိမ်က မပေးလိုက်ဘူး။ သုံးကြိမ်မြောက်လာ တောင်းတာမပေးတဲ့အတွက် ထိုင်ခုံနှစ်လုံးယူသွားတယ်။ ဒါဘယ် သူမှ မပေးဘဲ ယူသွားတာပါ။ကျွန်တော်လည်း အပြင်ကပြန်ရောက်တော့မှ သိရတယ်’’ဟု တရားပွဲဦးဆောင်၍ ထောင်ဒဏ်ဖြင့်အပြစ်ပေးခံရသူ ဦးကျော်ဟိန်း (ခ) ဦးဇော်မြင့်က ရှင်းလင်းပြောကြားသည်။

တရားပွဲပြုလုပ်ရန်အတွက် ခွင့်ပြုချက်ကို ရပ်ကွက်အဆင့်၊မြို့နယ်အဆင့်က ခွင့်ပြုချက်ပေး ထားပြီး ယင်းနောက်ပိုင်းရွှေည၀ါ ဆရာတော်ပါဝင်သည်ဟုဆိုကာ ခွင့်ပြုချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။တရားပွဲစီစဉ်သူကို ပွဲအပြီးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ရွေးချယ်ခဲ့ပြီး နောက် တရားခံနေအိမ်တွင် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က နေ အိမ်သို့ လာရောက်ပြီး ငွေဒဏ် တစ်သောင်းနှင့် ညီမျှသော ပစ္စည်းများကို လာရောက်ယူဆောင် သွားကာ ထောင်ကျခံရနေစဉ် ငါး ရက်အလိုတွင် ပြန်လည်လွတ်မြောက်လာ၍ ပြန်လည်တရားစွဲသွားမည်ဟု ဆရာတော်နှင့် အပြစ်ပေးခရသူတို့ကဆိုသည်။

‘‘ထောင်ကျခံရတယ်။ ပြီး တော့ ငွေဒဏ်ပါဆောင်လိုက်ရ သလိုဖြစ်သွားတယ်။ အဲဒီအတွက်အလိုမတူဘဲ ပစ္စည်းဝင်ယူသွား တာ။ ပိုင်နက်ကျူးလွန်မှု၊ ဒဏ် နှစ်ရပ်ပေးဆောင်ရတဲ့အတွက် နစ်နာမှု၊ တရားလိုဘက်က သုံး ကြိမ်တိတိမလာရင် အမှုပပျောက်ပေးရမှာ၊ မပေးတဲ့အတွက် နစ်နာမှုတွေကို တပ်ပြီး တရားစွဲသွားမှာပါ’’ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက မိန့်ကြားသည်။

ထောင်ဒဏ်ဖြင့် အပြစ်ပေး ခံရသူမှာ ဇူလိုင် ၂၃ ရက် ညနေ က ပြန်လည်လွတ်မြောက်လာ သည်။ ပြန်လည်လွတ်မြောက်လာ သူကို ရပ်ကွက်နေသူများက တရားပွဲကို တရားစွဲဆိုသော အုပ် ချုပ်ရေးမှူးအလိုမရှိ၊ တရားပွဲကို တရားစွဲသော အုပ်ချုပ်ရေးမှူး ရာထူးမှထုတ်ပေးရေးတို့ကို အော် ဟစ်တောင်းဆိုမှုများနှင့် ကြိုဆိုကြသည့်အတွက် ၎င်းတို့ကိုပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

7 Day Daily

 ရွှေည၀ါ ဆရာတော်၏ ရွှေပြည်သာ မြို့နယ်တွင် ပြုလုပ်ခဲ့ သည့် တရားပွဲနှင့် ပတ်သက်၍ ပွဲစီစဉ်သူအား အရေးယူခဲ့သည့် အတွက် မြို့နယ်ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို တန်ပြန်တရားစွဲဆို သွားမည်ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟကမိန့်ကြားသည်။
ရွှေပြည်သာမြို့နယ် (၉) ရပ် ကွက်တွင် တရားပွဲစီစဉ်သူကို တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ဇူလိုင် ၁၇ ရက်က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး၌ပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲတွင် ဆရာတော်ကမိန့်ကြားခဲ့ခြင်းဖြစ်သည်။

‘‘ဘုန်းကြီးတို့က ဘုရား ဟောတရားတွေကိုသာ ဟောတာပါ။ ဒါကို တရားရေးစီရင်တာဟာ မဖြစ်သင့်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသာရေးကို အရင်ကဖိနှိပ်သလို အခုလည်းဖိနှိပ်ခံနေရတုန်းပဲ ဆိုတာပေါ်လွင်နေပါပြီ။ တရားစွဲခံရတဲ့သူကို တရားစီရင်တာဟာ  ထောင်ဒဏ်နဲ့ ကျခံရပြီး ငွေဒဏ်ကိုပါထပ်ပြီး တောင်းသွားတဲ့သဘောဖြစ်နေတယ်။ ဒီအတွက်ကို ပြန်ပြီး တရားရေး အရ ပြန်စွဲမှာပါ’’ဟု ဆရာတော်က သတင်းစာရှင်းလင်းပွဲတွင်မိန့်သည်။

ဖေဖော်ဝါရီလက ရွှေပြည် သာမြို့နယ် (၉) ရပ်ကွက်တွင်ကရုဏာမြင့်မိုရ်လူငယ်များအဖွဲ့

က ဦးစီးကာ တရားပွဲကျင်းပခဲ့ရာ ပွဲ ကျင်းပရန်အတွက် ခွင့်ပြုချက် တောင်းယူထားခြင်းမရှိဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုထားခြင်းအပေါ် ရွှေပြည်သာမြို့နယ် တရားရုံးက ဦးဆောင်သူတစ်ဦးကို ငွေ ဒဏ် နှင့် ထောင်ဒဏ် တစ်ခုခုရွေးချယ် ရန်စီမံခဲ့ပြီး တရားခံအဖြစ် သတ်မှတ်ခံထား ရသူက ထောင်ဒဏ်ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂၃ ရက်က တရားပွဲကို ဦးဆောင် စီစဉ်သူအား ထောင်ဒဏ်တစ်လချမှတ်လိုက်သည်။

‘‘ထောင်ကျနေတဲ့အချိန်မှာ အိမ်က လက်ဖက်ရည်ဆိုင်မှာ လာပြီး ကော်ဖီထုပ်တွေ လာ တောင်းတယ်။ လာတောင်းတာ ငွေတစ်သောင်းတန်အောင်လာ တောင်းတာဆိုတော့ အိမ်က မပေးလိုက်ဘူး။ သုံးကြိမ်မြောက်လာ တောင်းတာမပေးတဲ့အတွက် ထိုင်ခုံနှစ်လုံးယူသွားတယ်။ ဒါဘယ် သူမှ မပေးဘဲ ယူသွားတာပါ။ကျွန်တော်လည်း အပြင်ကပြန်ရောက်တော့မှ သိရတယ်’’ဟု တရားပွဲ ဦးဆောင်၍ ထောင်ဒဏ်ဖြင့်အပြစ်ပေးခံရသူ ဦးကျော်ဟိန်း (ခ) ဦးဇော်မြင့်က ရှင်းလင်းပြောကြားသည်။

တရားပွဲပြုလုပ်ရန်အတွက် ခွင့်ပြုချက်ကို ရပ်ကွက်အဆင့်၊မြို့နယ်အဆင့်က ခွင့်ပြုချက်ပေး ထားပြီး ယင်းနောက်ပိုင်းရွှေည၀ါ ဆရာတော်ပါဝင်သည်ဟုဆိုကာ ခွင့်ပြုချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။တရားပွဲစီစဉ်သူကို ပွဲအပြီးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ရွေးချယ်ခဲ့ပြီး နောက် တရားခံနေအိမ်တွင် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က နေ အိမ်သို့ လာရောက်ပြီး ငွေဒဏ် တစ်သောင်းနှင့် ညီမျှသော ပစ္စည်းများကို လာရောက်ယူဆောင် သွားကာ ထောင်ကျခံရနေစဉ် ငါး ရက်အလိုတွင် ပြန်လည် လွတ်မြောက် လာ၍ ပြန်လည် တရားစွဲ သွားမည်ဟု ဆရာတော်နှင့် အပြစ်ပေးခရသူတို့ကဆိုသည်။

‘‘ထောင်ကျခံရတယ်။ ပြီး တော့ ငွေဒဏ်ပါဆောင်လိုက်ရ သလိုဖြစ်သွားတယ်။ အဲဒီအတွက်အလိုမတူဘဲ ပစ္စည်းဝင်ယူသွား တာ။ ပိုင်နက်ကျူးလွန်မှု၊ ဒဏ် နှစ်ရပ်ပေးဆောင်ရတဲ့အတွက် နစ်နာမှု၊ တရားလိုဘက်က သုံး ကြိမ်တိတိမလာရင် အမှုပပျောက်ပေးရမှာ၊ မပေးတဲ့အတွက် နစ်နာမှုတွေကို တပ်ပြီး တရားစွဲသွားမှာပါ’’ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက မိန့်ကြားသည်။

ထောင်ဒဏ်ဖြင့် အပြစ်ပေး ခံရသူမှာ ဇူလိုင် ၂၃ ရက် ညနေ က ပြန်လည်လွတ်မြောက်လာ သည်။ ပြန်လည်လွတ်မြောက်လာ သူကို ရပ်ကွက်နေသူများက တရားပွဲကို တရားစွဲဆိုသော အုပ် ချုပ်ရေးမှူးအလိုမရှိ၊ တရားပွဲကို တရားစွဲသော အုပ်ချုပ်ရေးမှူး ရာထူးမှထုတ်ပေးရေးတို့ကို အော် ဟစ်တောင်းဆိုမှုများနှင့် ကြိုဆိုကြသည့်အတွက် ၎င်းတို့ကိုပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment