Friday, July 18, 2014

ယူကရိန်း-ရုရှ နယ်စပ်အနီး ပစ်ချခံရသော မလေးရှားလေကြောင်းလိုင်း ပေါ်ပါသူ ၂၉၈ ဦးစလုံး သေဆုံး ၊ အများစုမှာ ဒတ်ခ်ျ လူမျိုးများ ဖြစ်ပြီး အမေရိကန်နိုင်ငံသားများလည်း ပါဝင်သည်ဟု ဆို

နယ်သာလန်နိုင်ငံ ၊ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့သို့ ထွက်ခွာလာသော မလေးရှားလေကြောင်းလိုင်း MH 17 ဘိုးအင်း 777-200 သည် မလေးရှား ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်တွင် နောက်ဆုံး အဆက်အသွယ်ပြတ်တောက်ခဲ့ရပြီး ရုရှား - ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၅၀ ခန့်အကွာ ယူကရိန်းအရှေ့ပိုင်း ဂရာဘိုဗိုမြို့အနီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။
၎င်းလေယာဉ်မှာ ယူကရိန်းစစ်သွေးကြွများ၏ ပစ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ က ပြောကြားခဲ့သည်။ လေယာဉ်သည် မြေပြင်မှ ဝေဟင်ပစ် Buk လောင်ချာဖြင့်ပစ်ချခြင်း ခံခဲ့ရကြောင်း အမေရိကန်
အရာရှိများက ယုံကြည်လျှက်ရှိသည်။ 
လေယာဉ်ပေါ်တွင် ဒတ်ခ်ျ နိုင်ငံသား ၁၅၄ ဦး ၊ မလေးရှား ၄၃ ဦး ၊ သြစတေးလျ နိုင်ငံသား ၂၇ ဦး ၊ အင်ဒိုနီးရှား နိုင်င်ငံသား ၁၂ ဦး ၊ ဗြိတန်(အင်္ဂလန်) နိုင်ငံသား ၉ ဦး ၊ ဂျာမဏီ နိုင်ငံသား ၄ ဦး ၊ ဘယ်လဂျီယံနိုင်ငံသား ၄ ဦး ၊ ဖိလစ်ပိုင် နိုင်ငံသား ၃ ဦး ၊ ကနေဒါ ၁ ဦး ပါဝင်ပြီး ကျန် ၄၁ ဦးမှာ စီစစ်ဆဲဖြစ်ပြီး အဆိုပါ ၄၁ ဦးထဲမှာ ၂၃ ဦးမှာ အမေရိကန်နိုင်ငံသား များ ဖြစ်နိုင်ကြောင်း နှင့် လေယာဉ်ပေါ်တွင် ကလေး ၈၀ ဦး ပါသွားခဲ့ကြောင်း သိရသည်။
ထိုအပြင် လေယာဉ်ပေါ်ပါသွားသည့် လေယာဉ်မှုးအပါအ၀င် လေယာဉ်အမှုထမ်း ၁၅ ဦးပါရှိခဲ့ပြီး လေယာဉ်အမှုထမ်းအပါအ၀င် လေယာဉ်ပေါ်ပါသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။
Ref : Independent.co.uk


Yangon Media Group

No comments:

Post a Comment