Tuesday, July 8, 2014

အာဏာပိုင်တို့၏ သူလျှိုများ အင်န်အယ်လ်ဒီအတွင်း ရှိနေဟုဆို


တစ်ဖက်အာဏာပိုင်ကနေ NLD အဖွဲ့ချုပ်၏ မူဝါဒများကို စုံစမ်းနိုင်သိရှိလိုသဖြင့် တစ်ဖက်အာဏာပိုင်များက လွှတ်ထားသည့် လူတချို့ရှိနေသည်ဟု ရန်ကုန်တိုင်း တာဝန်ခံ ဦးမြင့်ဌေးက ပြောသည်။

လက်ရှိ NLD ပါတီတွင် အဖွဲ့ချုပ်၏ မူဝါဒရှေ့လုပ်ငန်းစဉ်များကို ကြိုက်နှစ်သက်သဖြင့် ပါတီဝင်ရောက်သူများရှိသကဲ့သို့ နိုင်ငံရေးအရ အမြတ်ထုတ်ကာ ကိုယ်ကျိုးအခွင့်အရေးအတွက်
ခိုလှုံနေသူများနှင့် တစ်ဖက်အာဏာပိုင်ကနေ NLD အဖွဲ့ချုပ်၏ မူဝါဒများကို စုံစမ်းနိုင်သိရှိလိုသဖြင့် သပ်လျှိုကာ ၀င်ရောက်လာသူများဟူ၍ လူတန်းစားသုံးမျိုးရှိနေသည်ဟု ဦးမြင့်ဌေး က ဇူလိုင် ၆ ရက်တွင် ကျင်းပသည့် လူငယ်ညီလာခံ အပိတ်မိန့် ခွန်း၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဌေးက “လမ်းမှာ သွားရင်းလာရင်းနဲ့ ရဲသတင်းပေးကို ပါတီရဲ့သတင်းအချက်လက်တွေ ပေးနေတာတော့ တွေ့တာရှိတယ်။ အရေးယူဖို့ တင်ပြမယ်ဆိုရင် ခိုင်လုံမှုက လိုအပ်သေးတယ်။ ရန်ကုန်တိုင်းက မြို့ နယ်တွေမှာ တစ်ဖက်အာဏာပိုင်တွေက လူတွေ သပ်လျှိုနေတာရှိတယ်”ဟု ပြောသည်။
ပြည့်စုံသည့် သတင်းအချက်များကို စုဆောင်းကာ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြ၍ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်။

ဦးမောင်မောင်ဦးက “သတင်းပေးသူတွေက အင်အားအများကြီးတော့ မရှိသေးတဲ့အတွက် ပါတီကလည်း တခြားကိစ္စတွေ ဦးစားပေးနေရတဲ့အတွက် ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုဘက် မရောက်သေးဘူး” ဟု ပြောသည်။
ပါတီ၏ စည်းကမ်းဖောက်ဖျက်သူများကို ပြင်းထန်စွာ သတိပေးခြင်း၊ ပါတီအတွင်းမှ ထုတ်ပယ်ခြင်း အစရှိသည့် အရေးကြီးယူသည့်အပိုင်းကို ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

Mizzima

No comments:

Post a Comment