Tuesday, July 29, 2014

လိင် အကြမ်းဖက် တိုက်ခိုက် ခံရမှုကို စစ်ဆေး နေစဉ် ဗြိတိန် တရားသူကြီး အိပ်ပျော် သွားခဲ့

ဗြိတိန်နိုင်ငံရှိ မန်ချက်စတာ ရာဇဝတ်တရားရုံး၌ အသက်မပြည့်သေးသူ ကလေးငယ်တစ်ဦး၏ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက် တိုက်ခိုက်ခံရမှုကို စစ်ဆေးနေစဉ်အတွင်း တရားသူကြီး ဖြစ်သူမှာ အိပ်ပျော်သွားခဲ့ခြင်း ကြောင့် အမှုစစ်ဆေးခြင်းကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။ တရားခံအဖြစ် စွပ်စွဲခံထားရသည့် ဂျွန်ကွစ်လေး ကို တရားရုံးက ကြားနာစစ်ဆေးနေစဉ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်ခံရသူ ကလေးငယ်က ဗီဒီယိုမှတစ်ဆင့် သက်သေ အထောက်အထားများကို ပြောပြနေချိန်တွင် တရားသူကြီးဖြစ်သူ ဖိလစ်ကက် တန်မှာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေများက ပြောကြား ခဲ့သည်။



အမှုစစ်ဆေးခြင်းကို တတ်နိုင်သမျှ အမြန်ပြန်လည် စတင်သွားမည် ဖြစ်ကြောင်း၊ တိုင်ကြားသူများနှင့် မျက် မြင်သက်သေများကို တရားရုံးသို့ပြန်လာ၍ အစစ်ခံကြရန် တရားရုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တရားခံ ဂျွန်ကွစ်လေးသည် အသက် ၁၃ နှစ်အောက် ကလေးငယ်တစ်ဦးကို လိင်အကြမ်းဖက် တိုက်ခိုက်မှု အပါအဝင် အခြားအမှုများဖြင့် တရား ရင်ဆိုင်နေရသူ ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment