ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရဲ့အဓိက ဇာတ်ဆောင်နေရာ (ဗိုလ်ချုပ်ဇာတ်ရုပ်)မှာ
သရုပ်ဆောင်မယ့် ကမ္ဘောဇ FC ဘောလုံးအသင်း အားကစားသမား ကျော်ကျော် မျိုးက
နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း
ရန်ကုန်မှာရှိနေ တတ်တာ နည်းခဲ့ပြီး ဇာတိမန္တလေးမြို့မှာပဲ
ရှိနေတတ်တယ်လို့ပြောပေမယ့် အာဇာနည်နေ့အခမ်းအနား အစီအစဉ် ကိုတော့ နှစ်
တိုင်းမလွတ်တမ်းရုပ်မြင်သံကြားက ကြည့်ဖြစ်တယ်လို့ ပြောပါတယ်။ ၂ဝဝ၆ ခုနှစ်
ရန်ကုန်ရောက်
လာပြီးနောက်ပိုင်း အာဇာနည် နေ့ရောက်ရင် အာဇာနည်ကုန်းကို
သွားရောက်ကာ ဂါရဝပြုဖြစ်ကြောင်း ဖွင့်ဟပြောပါတယ်။ ကျော်ကျော်မျိုးဟာ
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် လိုအပ်တဲ့ သရုပ်ဆောင်သင်တန်း၊
စစ်သင် တန်း တို့ကို တက်ရောက်သင်ကြားပြီးနောက် အခုလက်ရှိမှာတော့
ဇာတိမန္တလေးကို ခေတ္တပြန်လည်ရောက်ရှိနေ ပြီး ဇာတ်ဝင်ခန်းများအတွက် လိုအပ်မယ့်
အင်္ဂလိပ် စကားပြော ကို အထောက်အကူပြုစေရန် အင်္ဂလိပ်စကားပြော သင်တန်းကို
တက်ရောက်နေတယ်လို့ ပြောပါတယ်။” ဇူလိုင် ၁၉ ရက်နေ့ဆိုရင် ကျွန်တ်ာတို့တစ်မျိုးသားလုံးရဲ့ အောက်မေ့ဝမ်းနည်းဖွယ် အမှတ်တရနေ့ကိုရောက်တော့မှာပါ။ ဥသြဆွဲသံတွေကို သေ သေချာချာ ကျွန်တော် မမီ ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ငယ်ငယ်ကတော့ ကြားဖူးခဲ့တယ်။ ဘာကြောင့် ဥသြဆွဲလဲဆိုတာကို ကျွန်တော်တအား ငယ်တော့ မသိဘူး။ ကျွန်တော်မေးတယ်၊ ဘာကြောင့် ဥသြဆွဲတာလဲဆိုတော့ အာဇာနည်နေ့မို့လို့ ဝမ်းနည်းအမှတ်တရအနေနဲ့တဲ့။ ပြီးတော့ ဒီနေ့ဟာ ဗိုလ်ချုပ်နဲ့တကွ နိုင်ငံ့ခေါင်းဆောင်တွေ လုပ်ကြံ ခံရလို့ ကျဆုံး ခဲ့ရတဲ့နေ့ ဆို တာကို အမြဲအောက်မေ့အမှတ်ရစေချင်လို့ဆိုပြီး ပြောပြခဲ့တော့ ကျွန်တော်ငယ်ငယ်က အဲဒါကို သိလိုက်ရတယ်။ ဒါပေမဲ့ အခု ဥသြဆွဲသံကို မကြားရတော့ တာ နှစ်ေ ပါင်း အတော်ကြာသွားခဲ့ ပြီ။ ဒါပေမဲ့ အခုကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဥသြတွေဆွဲပြီး အမျိုးသားရေးစိတ်ဓာတ်တွေ မြှင့်တင်နေကြတာကို တွေ့လာ နေရပါပြီ။ အခုအာဇာနည်ကုန်း ဟာလည်း အရင်လိုပိတ်မထား တော့ဘူးလေ။ ဖွင့်ထားပေးနေပါပြီ” လို့ ကျော်ကျော်မျိုးက ဇူလိုင် ၁၉ အတွက် ခံစားရမှုကို ပြောပြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားမှာလည်း အာဇာနည်နေ့ (ဇူလိုင် ၁၉) ကို သရုပ်ဆောင်ရမယ်ဆိုပါက အဲဒီဇာတ်ဝင်ခန်းဟာ ဇာတ်ကားတစ်လျှောက်လုံးမှာ သရုပ် ဆောင် ရအခက်အခဲဆုံးနဲ့ အရေး ကြီးဆုံးအဓိကဇာတ်ဝင်ခန်းပင် ဖြစ်လာနိုင်တယ်လို့ ယူဆမိ ကြောင်း ကျော်ကျော်မျိုးက ပြောပြပါတယ်။
” ကျွန်တော်က ပရော်ဖက်ရှင်နယ် သရုပ်ဆောင်မဟုတ်ပါဘူး။ အဲဒီဇာတ်ဝင်ခန်းကို သရုပ်ဆောင်ပြီဆိုရင် (ဗိုလ်ချုပ်) ဝန်ကြီးများရုံးကို အစည်းအဝေးထွက်သွားပြီ၊ အဲဒီ အချိန် သူ့ရဲ့ စိတ်ထဲမှာဘာမှမရှိဘူး။ နိုင်ငံအတွက် အစည်းအဝေးတစ်ခုကို ဆွေးနွေးဖို့သွားတာ။ လုပ်ကြံခံရလိမ့်မယ်လို့ တွေးတောင် မတွေးထားဘူး။ အဲဒီလိုမျိုး အကြော င်းကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဖော် ပေးရမှာပါ။ ဗိုလ်ချုပ်ခေတ်ကို မီခဲ့တဲ့ လူကြီးတွေရဲ့သွန်သင်ပြမှုတွေ နဲ့လည်း အဲဒီအချိန်မှာ အကောင်း ဆုံး သရုပ်ေ ဆာင်၊ သ ရုပ်ဖော်ပါမယ်။ ဒါရိုက်တာရဲ့သင်ပြမှုတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားပါမယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင် ဆန်းဟာ ဗိုလ် ချုပ်အောင်ဆန်းအစစ်ပါ။ ကျော်ကျော်မျိုးဟာ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွင်ပြင်လက္ခဏာကို သရုပ်ဖော်ပေးမယ့် သူ တစ်ယောက်ပါ” လို့ ကျော်ကျော်မျိုးက သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။ ကျော်ကျော်မျိုးအနေနဲ့ ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးတင် ဆက်ခဲ့တဲ့ ” ကြယ်စင်မော်ကွန်း” ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ရဲ့လှုပ်ရှားမှုပုံစံတွေကို တော့ အဲဒီရုပ်ရှင်ဇာတ်ကားကို မကြည့်ဖြစ်ခဲ့တဲ့အတွက် မလေ့ လာရသေးသော်လည်း ပြင်သစ်ဒါရိုက်တာ ရိုက် ကူးပြီး နာမည်ကျော်မင်းသမီး မီရှဲယိုလ်သရုပ်ဆောင်ခဲ့တဲ့ The Lady ရုပ်ရှင်ဇာတ်ကားကိုတော့ ကြည့်ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။
” ကျွန်တော် အဲဒီကားကို ကြည့်တော့ အခုအာဇာနည်နေ့ ဖြစ်လာမယ့် ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ ဇာတ်ဝင်ခန်းဟာ အင်မတန်ကို ဝမ်းနည်းကြေကွဲဖို့ကောင်း ပါတယ်။ ဗိုလ်ချုပ် ရဲ့ ဝတ်စားဆင်ယင်မှုဇာတ်ကားမှာ ချို့ယွင်းနေခဲ့တာကတော့ တစ်ပိုင်းပေါ့ဗျာ။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ကိုသတ်ဖို့ သေနတ်တွေနဲ့ဝင်လာတဲ့အချိန် ” ဟေ့မလုပ်နဲ့၊ မလုပ်နဲ့ မှားမယ်” ဆိုပြီးလက်ကလေးလှုပ်ထားတာဟာ သူ့ရဲ့နောက်ဆုံးအချိန်အထိမှာ တောင်တိုင်းသူပြည်သားတွေကို ယုံကြည်ကြောင်း၊ ကရုဏာထား ကြောင်း ပေါ်လွင်နေ တယ်ဗျ။ သူဟာ ကြိုတင်ကာကွယ်မှုလုပ်ခဲ့မယ်ဆိုရင် လွတ်နိုင်ပါတယ်။ ဒါပေမဲ့ သူမလုပ်ခဲ့ဘူး။ တိုင်းသူပြည်သားတွေအားလုံး အပေါ်ကို ယုံကြည်လို့ပါ။ အဲဒါ ဟာ အင်မ တန်ကို ဝမ်းနည်း ကြေကွဲဖို့ကောင်းတယ်။ ကိုယ်ဗိုလ်ချုပ်နေရာ သရုပ်ဆောင်ပေးရမယ့်အလှည့် ရောက်လာရင်လည်း အပို (Over) မဖြစ် ဘဲနဲ့ အထိရောက်ဆုံး သရု ပ်ဖော်နိုင်အောင် လေ့ကျင့်သွားပါမယ်” လို့ ကျော်ကျော်မျိုးက ဆက်ပြောပြပါတယ်။ လက်ရှိမှာ တော့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်နိုင်ဖို့ ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့က လည်း ကြိုးစားနေသလို ကျော်ကျော်မျိုးအနေနဲ့ ကလည်း မရိုက်ကူးနိုင် သေးခင်မှာ အဘက်ဘက်က ပြည့်စုံမှုရှိအောင် ကြိုးစား ပြင်ဆင်နေတယ်လို့ ပြောပြခဲ့ပါတယ်။
Popular
No comments:
Post a Comment