Sunday, July 27, 2014

ဆိုင်ကယ်ဦးထုပ် မဆောင်း၍ ဖမ်းသည်ကို မကျေနပ်သဖြင့် ရဲကိုဓားဖြင့်ခုတ်

ကလေးဝမြို့နယ်တွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသဖြင့် အရေးယူသည်ကို မကျေနပ်၍ ဖမ်းဆီးဒဏ်ရိုက်ခဲ့သော ဒုတပ်ကြပ်အဆင့်ရှိ ရဲတပ်သားအား ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း က လေးဝမြို့နယ် ရဲစခန်းမှသတင်းရရှိသည်။

ဇူလိုင် ၂၀ ရက် ည ၁၀ နာရီ ခွဲတွင် ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ တာဝန်ကျသော ရဲဒုတပ်ကြပ်ဇော်မျိုးထိုက်သည် ဒေါ်ပြုံး ထမင်းဆိုင်တွင် ထမင်းကြော်ဝယ် စဉ် ကလေးဝမြို့ အမှတ်(၁)ရပ်ကွက်နေ အောင်ဖြိုးကိုက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အသင့်ပါလာသော ဓားမဖြင့်ခုတ်ခဲ့ခြင်း ဖြစ်သည်။


ဓားမဖြင့် အခုတ်ခံရသဖြင့် ရဲဒုတပ်ကြပ် ဇော်မျိုးထိုက်၏ ဘယ်ဘက်လက်ပြင်တွင် ဓားဒဏ်ရာရရှိသည်ဟု ကလေးဝမြို့မရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဇူလိုင် ဒုတိယပတ်အတွင်း တုန်းက ကလေးဝမြို့ပေါ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရေးဆောင်ရွက်နေတဲ့အချိန် ဆိုင်ကယ်စီးဦးထုပ်မဆောင်းလို့ သူ့ကိုအရေးယူခဲ့ခြင်းအပေါ် မကျေနပ်လို့ ခုတ်တာလို့ အစစ်ဆေးခံခဲ့ပါတယ်’’ ဟု ကလေးဝမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ် သက်၍ ဓားဖြင့်ခုတ်သူ ကိုအောင် ဖြိုးကိုအား ကလေးဝမြို့မရဲစခန်း က (ပ)၆၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment