Sunday, July 27, 2014

ရွေးကောက်ပွဲကော်မရှင်က ဒုတိယဦးစီးရာထူးအတွက် အရပ်သားများအား ပထမဆုံးအကြိမ်ခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တာဝန်ထမ်းဆောင်ရန် ဒုတိယဦးစီးရာထူးကို အရပ်သားများလည်း လျှောက် ထားနိုင်ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်က ဒုတိယဦးစီးရာထူးကို ပြည်သူလူထုအား ပထမ ဆုံးအကြိမ်ကြေညာ၍ခေါ်ယူခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များတွင်ပါ ခန့်အပ်သွားမည့် အစီအစဉ်ဖြစ်သည်။
''ကျွန်တော်တို့ တစ်နိုင်ငံလုံးကိုခေါ်တာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာက ဒုဦးစီး က အခုမြို့နယ် ၄၅ နေရာပေါ့။ ခရိုင်က လေးနေရာရှိမယ်။ စုစုပေါင်း ၄၉ နေရာပေါ့။ ရန်ကုန်တိုင်းက တခြားဝန်ကြီးဌာနတစ်ခုက ဒု-ဦးစီးတစ်ဦးကို ခေါ်ခန့်ထားပြီ''ဟု ရန်ကုန် တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။


ဒုတိယဦးစီးရာထူးလျှောက်ထားလိုသူများအနေဖြင့် အင်္ဂလိပ်စာစကားပြော၊ အထွေထွေဗဟုသုတနှင့် ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်ရမည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ပေးပို့ရမည်ဖြစ်ကြောင်း လက် ကမ်းကြော်ငြာစာရွက်အရ သိရသည်။
ဒုတိယဦးစီးရာထူးတာဝန်ခန့်အပ်ခြင်းခံရသူများအနေဖြင့် သက်ဆိုင်ရာကော် မရှင်အဖွဲ့ဥက္ကဋ္ဌမှပေးသည့်တာဝန်ကိုထမ်းဆောင်ရမည်ဖြစ်ပြီး ငွေစာရင်းပိုင်းသော်လည်း ကောင်း၊ ရွေးကောက်ပွဲဆိုင်ရာအပိုင်းသော်လည်းကောင်း၊ နိုင်ငံရေးပါတီများ စိစစ်ခြင်း အပိုင်းကိုသော်လည်းကောင်း သင့်တော်သည်များကိုခန့်အပ်မည်ဟု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးများက ဆိုသည်။
ယခင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲရုံးက အကြီးတန်းနှင့် အငယ်တန်းစာရေးတာဝန်ထမ်းဆောင်ရန် ဝန်ထမ်းလိုအပ်ခဲ့ရာ ဝန်ကြီးဌာနများသို့အကြောင်းကြားခဲ့သော်လည်း အကြောင်းမပြန်ခဲ့ကြသော်လည်း ဒုတိယ ဦးစီးရာထူးခေါ်ယူသည့်အချိန်တွင် ဝန်ကြီးဌာနက ပြန်လည်အကြောင်းကြားချက်များရှိခဲ့ သည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဆိုသည်။

''ဦးစီးတို့၊ ဒုဦးစီးလိုနေရာမျိုး၊ ညွှန်ကြားရေးမှူးလိုနေရာမျိုးပေါ့။ အဲလိုဟာမျိုး တော့ အပြင်ကလူထက် ဝန်ကြီးဌာနက ပြောင်းလာတဲ့လူကိုပိုခေါ်ချင်တယ်။ အရင်က ကျွန်တော်တို့တောင်းတော့ လုံးဝမပေးဘူး။ မပေးတော့ ကျွန်တော်တို့က တပ်ကလူတွေ ကို ခေါ်လိုက်ရတာ။ အခု ဒု-ဦးစီးခေါ်တော့ မှ ရာထူးကလဲရှိလာ ဒုဦးစီးဆိုတော့ ဝန်ကြီး ဌာနတွေက အခုမှပြောင်းချင်တဲ့သူတွေကပေါ်လာတယ်။ ဟိုလူကလှမ်းမေး ဒီလူက လှမ်း မေးဆိုပြီးဖြစ်လာတယ်''ဟု ဥက္ကဋ္ဌဦးကိုကိုက ပြောသည်။
သြဂုတ် ၂၃ရက် နံနက် ၉ နာရီ မှ ၁၂ နာရီအထိ အထွေထွေဗဟုသုတနှင့် အင်္ဂ လိပ်စာရေးဖြေဖြေရမည်ဖြစ်ပြီး မွန်းလွဲ ၁ နာရီတွင် လူတွေ့ဖြေရမည်ဖြစ်သည်။ လူတွေ့ ဖြေရန်အတွက် သြဂုတ် ၁၃ ရက်မှ ၂၂ ရက်အထိ သက်ဆိုင်ရာကော်မရှင်ရုံးများတွင် ဖြေ ဆိုခွင့်ကတ်များကို ထုတ်ယူနိုင်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment