Wednesday, July 30, 2014

ဆိပ်ကမ်းများတွင် ကွန်တိန်နာများကို စစ်ဆေးပြီးစီးသည့်နေ့တွင် လာရောက် ထုတ်ယူခြင်းမရှိပါက ထုတ်ယူသည့်နေ့တွင် အလုံးစုံဖွင့်ဖောက် စစ်ဆေးလျက်ရှိဟုဆို

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် စစ်ဆေးပြီးကွန်တိန်နာ များကို စစ်ဆေးပြီးစီးသည့်နေ့တွင်လာရောက် ထုတ်ယူခြင်းမရှိပါက ထုတ်ယူသည့်နေ့တွင် အလုံးစုံဖွင့်ဖောက် စစ်ဆေးခြင်းကို ပြုလုပ် လျက်ရှိကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန မှသိရသည်။အကောက်ခွန်ဦးစီးဌာနနှင့်တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မ တီပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း များကို ဝင်ရောက်စစ်ဆေးရာတွင် ယနေ့စစ် ဆေးပြီးသည့်ကွန်တိန်နာများကို စစ်ဆေးပြီး သည့်နေ့တွင် လာရောက်ထုတ်ယူခြင်းမရှိပါ က Red၊ Yellow၊ Green ဟူ၍ခွဲခြားခြင်းမရှိ တော့ဘဲ အားလုံးကို ဖွင့်ဖောက်စစ်ဆေးပြီးမှ သာထုတ်ခွင့်ပေးမည်ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီး ဌာနမှ သိရသည်။ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင် ရဲဝင်းက ''ကျွန်တော်တို့တွေစဝင်ကတည်းက နေ့စဉ်စစ်ဆေးပြီးမှ သက်ဆိုင်ရာကုမ္ပဏီရဲ့လို အပ်ချက်ကြောင့်မထွက်နိုင်တဲ့ ကွန်တိန်နာ ဟူသမျှကို ကျွန်တော်တို့က နောက်နေ့ကျရင် ဒီအတိုင်း ထွက်ခွင့်မပေးတော့ဘူး။ ထုတ်မယ့်နေ့ကျရင် ကျွန်တော်တို့ကအကုန်လုံးကို ဖွင့်ဖောက်စစ်တယ်။ green လည်း နောက် နေ့ကျရင် green cancel ပဲ။ စစ်ဆေးပြီးရဲ့ သားနဲ့ ဒီနေ့မထုတ်နိုင်ရင် လာထုတ်တဲ့နေ့မှာ ၁ဝဝရာခိုင်နှုန်းဖွင့်ဖောက်စစ်ဆေးတယ်''ဟု ပြောသည်။
အကောက်ခွန်ဦးစီးဌာနမှ ကွန်တိန်နာ များ စစ်ဆေးရာတွင် မဲနှိုက်၍ Red Channel၊ Yellow Channel၊ နှင့် Green Channel များသတ်မှတ်၍ စစ်ဆေးလျက်ရှိပြီး တရား မဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့များမှ အကောက်ခွန်ဝန်ထမ်းများနှင့်အတူ Red Channel ကိုသာ စစ်ဆေးလျက်ရှိပြီး ကျန် Yellow Channel နှင့် Green Channel ကို စစ်ဆေးခြင်းမရှိသော်လည်း စစ်ဆေး ပြီး ကွန်တိန်နာများကို ထုတ်ယူခြင်းမရှိပါက လာရောက် ထုတ်ယူမည့်နေ့တွင် အရောင်သတ် မှတ်ချက်မရှိဘဲ အလုံးစုံ ၁ဝဝ ရာခိုင်နှုန်းပြန် လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ဦးတင်ရဲဝင်းက ''အကောက်ခွန်ဦးစီး ဌာနက ကွန်တိန်နာတွေစစ်တဲ့အခါမှာ မဲနှိုက် ပြီးတော့ ကွန်တိန်နာအလုံး ၁ဝဝ ဝင်ရင် ၁ဝ ရာခိုင်နှုန်းကို Red Channel အဖြစ် အလုံးကုန် ဖွင့်ဖောက်စစ်ဆေးတယ်။ Yellow Channel လို့ခေါ်တဲ့ X-ray ဖြတ်သန်းပြီးတော့ စစ်တာ က ပမာဏအနေနဲ့ ၃ဝရာခိုင်နှုန်း ရှိပါတယ်။လုံးဝစစ်ဆေးခြင်းမပြုတဲ့ Green Channel လို့ခေါ်တဲ့ ၆ဝရာခိုင်နှုန်း အလုံး၆ဝ ပမာဏ ရှိပါတယ်။ Yellow Channel နှင့် Green Channel ကို မိုဘိုင်းတင်းအဖွဲ့က ဝင်ရောက် စစ်ဆေးခြင်းမရှိပါဘူး။ ဒါပေမဲ့ အခုလိုမျိုးစစ် ဆေးပြီးနောက်နေ့မှ ထုတ်မယ့် ကွန်တိန်နာ တွေကိုတော့ အားလုံးပြန်စစ်ဆေးသွားမှာပါ'' ဟုပြောသည်။
ယခင်အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေး ပြီးသော်လည်း သက်ဆိုင်ရာကုမ္ပဏီ၊ အေးဂျင့် များမှ ထုတ်ယူခြင်းမရှိဘဲ တစ်လကျော်ဆိပ် ကမ်းအတွင်းရှိနေသော ကွန်တိန်နာများရှိခဲ့ ကြောင်း သိရသည်။ဦးတင်ရဲဝင်းက ''အရင်အကောက်ခွန် ချည်းစစ်ဆေးတုန်းက စစ်ဆေးပြီး တစ်လ လောက်ထားတဲ့ ကွန်တိန်နာတွေလည်း ရှိ တယ်။ စစ်ဆေးပြီး လျက်သားနဲ့မှ သက်ဆိုင် ရာကုမ္ပဏီတွေက မထုတ်တဲ့ဖြစ်စဉ်တွေလည်း အရင်ကရှိခဲ့ဖူးတယ်။ ဘာလို့မထုတ်တာလည်း ဆိုတော့ ဂိုဒေါင်ထဲမှာ ပစ္စည်းတွေပြည့်နေလို့၊ မအားလို့၊ ကားငှားမရလို့ဆိုပြီး ဆိပ်ကမ်းထဲ မှာ ကုန်သတ္တာကြီးကို လာချထားတယ်။ကျွန် တော်တို့က ဒါကို လက်မခံပါဘူး။ ဘာလို့လည်း ဆိုတော့ ကုန်သွယ်မှုတစ်ဦးချင်း၊ ကုမ္ပဏီတစ် ခုချင်း လိုက်ရှင်းရမှာကို မရှင်းဘဲ ဒီထဲမှာလာ ပိတ်နေရင် ကုန်သွယ်မှု မတက်နိုင်ဘူး''ဟု ပြောသည်။အဆိုပါစနစ်ဖြင့် တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးအဖွဲ့များ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများသို့ ဝင်ရောက်စစ်ဆေးခဲ့ သည့် ၂၁ရက်အတွင်း စစ်ဆေးပြီးသည့် ကွန် တိန်နာမှန်သမျှ လာရောက် ထုတ်ယူလျက်ရှိ ကြောင်းသိရသည်။
TEEP

No comments:

Post a Comment