Wednesday, July 30, 2014

အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဈေးကွက်နဲ့ချိတ်ဆက်နိုင်ရန် နိုင်ငံတကာတွင် အသုံးပြုနေသည့် နည်းပညာများကို မဲခေါင်အင်စတီကျုမှ ကူညီ ဆောင်ရွက်ပေးမည်

ပြည်တွင်းအ သေးစားနှင့် အလတ် စားလုပ်ငန်း များကိုဈေးကွက်နှင့် ချိတ်ဆက်နိုင် ရေးအတွက်နိုင်ငံတကာရှိအသေး စားနှင့် အလတ်စား လုပ်ငန်းများ တွင် အသုံးပြုသည့် လုပ်ငန်းတူ များ စုပေါင်းကာ ဆောင်ရွက်သည့် (Cluster) နည်းဖြင့် ဆောင်ရွက် နိုင်ရေးအတွက် မဲခေါင်အင်စတီကျု မှ နည်းပညာပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရသည်။အဆိုပါ နည်းပညာအကူအညီ ပေးရေးအစီအစဉ်ကို နယူးဇီလန် နိုင်ငံ၏ အထောက်အပံ့ဖြင့်ဆောင် ရွက်ခြင်းဖြစ်ပြီး ဇူလိုင် ၂၉ရက်နှင့် ၃ဝ ရက်များတွင် ဗဟန်းမြို့နယ်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း များ ဖွံ့ဖြိုးရေးဌာနတွင် ကော်ဖီလုပ် ငန်းများအတွက် ယင်း Cluster နည်းပညာများကို သင်တန်းပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတိုးမြင့်က '' အခု သင်တန်းမှာ Cluster Development Action Plan ရေးဆွဲ တာတွေ၊ Value Chane နဲ့ International Trade ကိုချိတ် ဆက်ဖို့အတွက် လိုအပ်တာတွေကို သင်ကြားပေးသွားမှာပါ'' ဟုဆိုသည်။ယင်းသင်တန်းကို မဲခေါင် အင် စင်တီကျူ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး အစီ အစဉ် တစ်ရပ်အနေဖြင့် အာဆီယံ ဒေသတွင်း ဖွံ့ဖြိုးမှုနိမ့်ကျသည့် ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာ နိုင်ငံများမှ ဌာနဆိုင်ရာများ၊ NGO များ နှင့် စီးပွားရေးလုပ်ငန်းရှင်များကို သင်တန်းများ ပို့ချပေးခဲ့ပြီး ယင်းသင် တန်းသို့ တက်ရောက်ခဲ့သူများမှ SME Cluster Development Agent များအဖြစ် ပြည်တွင်း Cluster မလုပ် ငန်းများ ဖွံ့ဖြိုးရေးကိုဆက်လက်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဦးတိုးမြင့်က '' အခုသင်တန်းမှာ ရရှိတဲ့ နည်းပညာနဲ့ လုပ်ငန်းတိုး တက်အောင်ဆောင်ရွက်နိုင်မယ်။ နောက်ထပ် အစီအစဉ်အနေနဲ့ မဲခေါင် အင်စတီ ကျုက ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် Invester Forum မှာ တက်ရောက်နိုင်ဖို့ စီစဉ်ပေးသွားမှာပါ'' ဟု ဆိုသည်။
အဆိုပါ Invester Forum တွင် နိုင်ငံတကာမှ လုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်သဖြင့် ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံများမှ SME Cluster လုပ်ငန်းရှင်များ အနေဖြင့် တက် ရောက်ခြင်းဖြင့် နိုင်ငံတကာမှ လုပ် ငန်းရှင်များနှင့် ချိတ်ဆက်ဆောင် ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။စက်မှုဝန်ကြီးဌာန၊ အသေးစား နှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုး ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေး အေးဝင်းက '' အသေးစား၊ အလတ် စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာနအနေ နဲ့ Cluster နည်းပညာတွေဖွံ့ဖြိုးရေး အတွက် UNIDO၊ မဲခေါင်အင်စတီကျုတို့နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ မဲခေါင်အင်စတီကျုက Cluster နဲ့ပတ်သက်တဲ့ နည်းပညာဖြန့်ဖြူး ပေးတယ်။ ဒီလိုအစုအဖွဲ့တွေနဲ့ပူး ပေါင်းဆောင်ရွက်တာက လက်ရှိ SME တွေမှာလိုအပ်နေတဲ့ အရင်း အနှီး၊ နည်းပညာနဲ့ဈေးကွက်ရှာဖွေ ရေးအတွက် အခက်အခဲတွေအထောက် အကူပြုစေမှာပါ'' ဟုဆိုသည်။
Yangon Media Group

No comments:

Post a Comment