Thursday, July 24, 2014

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်သစ် ကလေးသူငယ်အရေး ပိုစိတ်ဝင်စားဟုဆို

ရန်ကုန်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလ သမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် သစ်ဖြစ်သည့် တောင် ကိုရီးယားနိုင်ငံသူ မစ္စရန်ဟီလီသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုစိတ်ပါဝင်စားမှုရှိ ကြောင်း သူမနှင့်တွေ့ဆုံခဲ့သည့် မြန်မာ့ လူ့အခွင့်အရေးလှုပ်ရှားသူ များက သုံး သပ်သည်။
ဇူလိုင် ၁၆ ရက်ကနေ မြန်မာနိုင်ငံ သို့ လေ့လာစုံစမ်းရေးရောက်ရှိနေသော သူမနှင့်မြန်မာ့ လူ့အခွင့်အရေးလှုပ် ရှားသူများသည် ယခုလ ၂ဝ ရက်တွင် ရန်ကုန်မြို့ရှိ ယူအင်န်ဒီပီရုံးတွင် တွေ့ ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

၎င်းဆွေးနွေးပွဲတွင် ဦးဆောင်ပါ ဝင်ခဲ့သူ မြန်မာနိုင်ငံလူ့အခွင့် အရေးပညာ ပေးရေးဌာန ညွှန်ကြားရေးမှူး ဦးအောင် မျိုးမင်းက ''လက်ရှိနိုင်ငံမှာ အားနည်း နေတဲ့တရားဥပဒေ စိုးမိုးမှု မရှိတာတွေ၊ ပြည်တွင်းမှာ ဖြစ် ပွားနေတဲ့ ပဋိပက္ခ တွေ၊ အမျိုးသမီးတွေနဲ့ကလေးသူငယ် တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တာ တွေ ဆွေးနွေးခဲ့တဲ့အထဲမှာမှ ကလေး စစ် သားတွေအကြောင်းနဲ့ ကလေးသူ ငယ်တွေရဲ့အခွင့်အရေးဆိုင်ရာ ကိစ္စ တွေကို ပိုပြီးစိတ်ဝင်စားတဲ့ပုံစံရှိပါတယ်'' ဟု ပြောဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံရှိလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များနှင့် အထူးသဖြင့်နိုင်ငံတွင်းရှိ ကလေး စစ်သားများနှင့် ပတ်သက်သောအ ကြောင်းအရာများသာမက ကလေး သူငယ်များ၏ အခွင့်အရေးများနှင့် ပတ်သက်၍အချိန်ကြာမြင့်စွာ ဆွေး နွေးခဲ့ကြောင်း ၄င်းဆွေးနွေးပွဲတွင် ပါ ဝင်ဆွေးနွေးခဲ့သူများက ဆိုသည်။
''ခုနိုင်ငံမှာ လက်နက်ကိုင်လူတန်း စားတစ်ရပ်က အခွင့်ထူးခံလူတန်းစား ဖြစ်နေတယ်။ တရားဥပဒေအထက် မှာ သူတို့ကရှိနေတယ်။ အချို့အမှုတွေ က ကျူးလွန်သူကို သိသိကြီးနဲ့ဖော်ထုတ် ခွင့်မရှိတာတွေ၊ ပဋိပက္ခနောက်ကွယ် က ကြိုးကိုင်သူဆိုတဲ့သူတွေ စတဲ့အ ကြောင်းအရာတွေကိုဆွေးနွေး ပွဲမှာ တင်ပြခဲ့တယ်''ဟု ဦးအောင်မျိုးမင်း ကပြောသည်။

မစ္စရန်ဟီလီသည် မြန်မာနိုင်ငံ တွင်ရှိနေသည့် ဇူလိုင် ၁၆ မှ ၂၆ ရက် အတွင်း နေပြည်တော်၊ ရန်ကုန်၊ ရခိုင် နှင့် ကချင်ပြည်နယ်များသို့ သွားရောက် လေ့လာမည်။ သူမသည် ယခင်မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ် စားလှယ်ကင်တားနား နေရာတွင် အ စားထိုးဝင်ရောက်လာသူဖြစ်ပြီး ကုလ သမဂ္ဂ၏ ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

ထို့ပြင် မစ္စရန်ဟီလီသည် B.S ဒီဂရီဘွဲ့ကို Georgetown တက္ကသိုလ်၊ M.ED မဟာဘွဲ့နှင့် Ph.D ဒေါက် တာဘွဲ့တို့ကို Missouri-Columbia တက္ကသိုလ်တို့မှ ဆွတ်ခူးခဲ့ပြီး ကလေး သူငယ်အခွင့်အရေးနှင့် လူ့အခွင့်အ ရေး ဆိုင်ရာ ဆောင်းပါးနှင့် စာအုပ် မျိုးစုံတို့ကို ရေးသားခဲ့ကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment