မကွေးမြို့တွင် သီလရှင်တစ်ပါးအား အတင်းအဓမ္မ ဓားဖြင့်ထောက် ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့ သည်ဆိုမှုဖြင့် 
အမျိုးသားနှစ်ဦးကို မကွေး ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး
ပြစ်ဒဏ်ကျူးလွန်ကြောင်း ထင်ရှားခဲ့သဖြင့် ဇူလိုင် ၁၇ ရက်က ထောင်ဒဏ်
တစ်သက်တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့ စိန်ပန်းရစ်တောင် ဘုန်းတော်ကြီးကျောင်းမှ အေးမြသာယာ ရပ်ကွက်မြောက်ပိုင်းရှိ သီတာရုံသီလရှင် ကျောင်းတိုက်သို့ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက အသက် ၃၇ နှစ်ရှိ သီလရှင်တစ်ပါး တည်း ပြန်လာခဲ့စဉ် သစ္စာမဏ္ဍိုင်ဘုန်းကြီးကျောင်းအနီး
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မသိလူနှစ်ဦးအား အရေးယူပေး ရန် တရားလိုအမျိုးသမီးက မကွေးမြို့ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ မြို့မ ရဲစခန်းမှ (ပ)၂၄၂/၂ဝ၁၃ ပုဒ်မ ၃၇၆/ ၅ဝ၆/
မကွေးခရိုင် တရားရုံးမှ အမှုအ မှတ် ၂/၂ဝ၁၄ ဖြင့် လက်ခံစစ်ဆေး ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ပြစ်မှုကျူးလွန်သူ ခင်မောင်ကြည် အသက် ၅၄ နှစ်နှင့် ဝင်းနိုင် အသက် ၄၁ နှစ်၊ တည်ပင်ကန်ပေါက် ကျေးရွာ၊ မကွေးမြို့နယ်နေသူတို့ နှစ်ဦးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ် ကျွန်းကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မကွေးမီဒီယာ - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ၉၁၀)၊ အမှတ် (၂၈)။
Yangon Media Group
No comments:
Post a Comment