Saturday, July 12, 2014

ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ

Photo: ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ
Saturday, July 12, 2014

ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆေးရုံသုံး ပစ္စည်းများ ဝယ်ယူ နေရသောကြောင့် ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ဈေးကွက်တွင် ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း Medi-tech Trade Center ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမျိုးမြင့်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနက ယခင်က ဆေးပစ္စည်း အရည်အသွေးပိုင်းထက် ဈေးနှုန်း အနည်း၊ အများကို ကြည့်၍ ဝယ်ယူသော်လည်း အသုံးစရိတ် မြင့်တက်လာပြီး နောက်ပိုင်းတွင် အရည်အသွေးမြင့်သော ဆေးနှင့် ဆေးပစ္စည်းများကို ပိုဝယ်ယူလာကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အရင်က အသုံးစရိတ်ကို ကြည့်ပြီးတော့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ဝယ်တာ ဆိုတော့ သိပ်မကောင်းတာတွေလည်း ပါတယ်။ ဈေးသက်သာပေမယ့် အရည်အသွေး မကောင်းတဲ့အတွက် တရုတ်က ပစ္စည်းတွေကို ဝန်ကြီးဌာနက မဝယ်တော့ဘူး” ဟု ဒေါက်တာမျိုးမြင့်ဦးက ဆိုသည်။

ပြည်သူ့ဆေးရုံများ၏ ဆေးပစ္စည်း လိုအပ်ချက်များကို ဗဟိုဆေးပစ္စည်း ထိန်းသိမ်းရေး ဌာနသို့ စာရင်းပေးသွင်းရပြီး ယင်းမှတစ်ဆင့် လုပ်ငန်းရှင်များထံ တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်ရှိ ဆေးရုံအုပ်ကြီးတစ်ဦးက ပြောကြားသည်။

သို့သော် အခြေခံ ဆေးဝါး လိုအပ်ချက် အတွက်မူ သက်ဆိုင်ရာ ပြည်နယ်ဆေးရုံများကို တာဝန်လွှဲအပ်ထားပြီး ဆေးဝါးဝယ်ယူစရိတ် အသုံးစရိတ်ကို ဘဏ္ဍာနှစ်အလိုက် ခွဲဝေပေးခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ၃၆၇ ဘီလီယံကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆနီးပါး မြင့်တက်ခဲ့သည်။

The Voice Weekly
ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်း ပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်း များ ထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆေးရုံသုံး ပစ္စည်းများ ဝယ်ယူ နေရသောကြောင့် ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ဈေးကွက် တွင် ရောင်း အား မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း Medi-tech Trade Center ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမျိုးမြင့်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနက ယခင်က ဆေးပစ္စည်း အရည်အသွေးပိုင်းထက် ဈေးနှုန်း အနည်း၊ အများကို ကြည့်၍ ဝယ်ယူသော်လည်း အသုံး စရိတ် မြင့်တက် လာပြီး နောက်ပိုင်းတွင် အရည်အသွေးမြင့်သော ဆေးနှင့် ဆေးပစ္စည်းများကို ပိုဝယ်ယူလာကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အရင်က အသုံးစရိတ်ကို ကြည့်ပြီးတော့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ဝယ်တာ ဆိုတော့ သိပ်မကောင်းတာတွေလည်း ပါတယ်။ ဈေးသက် သာပေ မယ့် အရည်အသွေး မကောင်းတဲ့အတွက် တရုတ်က ပစ္စည်းတွေကို ဝန်ကြီးဌာနက မဝယ်တော့ဘူး” ဟု ဒေါက်တာမျိုးမြင့်ဦးက ဆိုသည်။

ပြည်သူ့ဆေးရုံများ၏ ဆေးပစ္စည်း လိုအပ်ချက်များကို ဗဟိုဆေးပစ္စည်း ထိန်းသိမ်းရေး ဌာနသို့ စာရင်းပေးသွင်းရပြီး ယင်းမှတစ်ဆင့် လုပ်ငန်းရှင် များထံ တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်ရှိ ဆေးရုံအုပ်ကြီးတစ်ဦးက ပြောကြားသည်။

သို့သော် အခြေခံ ဆေးဝါး လိုအပ်ချက် အတွက်မူ သက်ဆိုင်ရာ ပြည်နယ်ဆေးရုံများကို တာဝန်လွှဲအပ်ထားပြီး ဆေးဝါးဝယ်ယူစရိတ် အသုံးစရိတ်ကို ဘဏ္ဍာနှစ်အလိုက် ခွဲဝေပေးခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ၃၆၇ ဘီလီယံကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆနီးပါး မြင့်တက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment