Saturday, July 12, 2014

မောင်တောနယ်စပ် မင်္ဂလာညွန့်ကျေးရွာမှ စပါးပျိုးပင်များ ညအချိန် လာရောက်ဖျက်ဆီးခြင်းခံနေရ

မောင်တော၊ ဇူလိုင် ၁၀- မောင်တော မြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်(နတ လ )ကျေး ရွာ မှ တိုင်းရင်းသားများ၏ လယ်ယာမြေများတွင် စပါးစိုက်ရန် ပျိုးထောင်ထားသော ပျိုးပင်များကို ညအချိန်လာရောက်ဖျက်ဆီးမှုများ ရှိ နေ ၍ ဒေသ အာဏာပိုင်များထံ မင်္ဂ လာညွန့်ကျေးရွာမှ ရွာသားများက စာရေးတိုင်ကြားထားကြောင်း သိရ သည်။
''ဇွန် ၁၈ရက်က ဦးစိန်မောင် လယ်မြေမှာ ပျိုးထောင်ထားတဲ့ ပျိုးပင် တွေ ကို နွားတွေသွင်းပြီး စားခိုင်းပါ တယ်။ ဇွန်၂၄ရက်ညကလဲ ပျိုးထောင် ထားတဲ့နေရာေ တွကို လူစုလူဝေးနဲ့ လာပြီး ဖျက်ဆီးတာတွေပြုလုပ်ကြပါ တယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ဥယျာဉ် ခြံမြေမှာရှိတဲ့ ပိန­္နဲသီးတွေအကုန်လုံး ကို
ဓားနဲ့ခုတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ ဒါကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ် ရေးမှူးဆီလိပ်မူပြီး စာရေးတိုင်ကြား ထားပါတယ်။ မိတ္တူကို ခရိုင်အုပ်ချုပ် ရေးဦးစီးဌာန၊ နယ်စပ်ဒေသနဲ့ တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ရခိုင်အမျိုးသားပါတီတို့ ကို ပို့ထားပါတယ်''ဟု ဒေသခံရွာသား ဦးမောင်ထွန်းစိန်က ပြောသည်။
မင်္ဂလာညွန့်(နတလ)ကျေးရွာ မှာ အိမ်ခြေ ၇၈လုံးရှိပြီး အားလုံးမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်စား သောက်ကြသည့်တောင် သူများဖြစ် သည်။ ယခုနှစ်မိုးစပါးစိုက်ရာ သီတွင် မောင်တောနယ်စပ်ဒေသ၌ တိုင်းရင်း သားပိုင်လယ်မြေများကို ဘင်္ဂါလီများ ငှားရမ်းလုပ်ကိုင်မှုမပြုကြရန် မော်လ ဝီများက ပြောကြားတားမြစ်ထားသည့် အတွက် လယ်ယာလုပ်ငန်းငှားရမ်း လုပ်ကိုင်လိုသည့် ဘင်္ဂါလီများမှာ ည အချိန်ကျမှ လယ်ထွန်မှုများကို ပြု လုပ်နေရကြောင်း သိရသည်။
NT
[--Democracy today Daily Newspaper--]

Yangon media Group

No comments:

Post a Comment