Thursday, July 24, 2014

HIV/AIDS လူနာများတွင် ဖြစ်တတ်သည့် မျက်စိရောဂါ သောက်ဆေးဖြင့် ကုနိုင်မည်

အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်ရောဂါကူး စက်ခံရသည့် လူနာများခုခံအားကျဆင်းချိန်တွင် အခွင့် အရေးယူရောဂါဖြစ်သည့် Cytomegalovirus Retinitis CMV မျက်စိရောဂါကို မြန်မာနိုင်ငံရှိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းရှိရာ မြို့များတွင် ၂၀၁၅ ခုနှစ်မှစတင်ကာ (Valganciclovir) သောက်ဆေးဖြင့် ကုသနိုင်တော့မည်ဖြစ်ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့က
ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါရောဂါသည် ခုခံအားကျဆင်းနေသော လူနာများ၊ အထူးသဖြင့် အိပ်ခ်ျအိုင်ဗွီ အေဒ်စ်ရောဂါရှင်များ တွင် မျက်စိအမြင်အာရုံခံလွှာကို တိုက်ခိုက်သော Cytomegalovirus Retinitis  ခေါ် ဗိုင်းရပ် ရောဂါပိုး ကြောင့်ဖြစ်ပွားသောရောဂါဖြစ်ကာ ကာကွယ်တားဆီးနိုင်သည့် ရောဂါဖြစ်ပြီး မကုသဘဲထားပါက ရာ သက်ပန် မျက်စိကွယ်နိုင်သည်။

မြန်မာနိုင်ငံတွင် ကိုယ်ခံအားအလွန်ကျဆင်းနေသော အိပ်ခ်ျအိုင်ဗွီ၊ အေအိုင် ဒီအက်စ်လူနာများ၏ ၂၅ ရာခိုင်နှုန်းမှာ အဆိုပါရောဂါ ကူးစက်နေနိုင်သည်ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့က ခန့်မှန်းထား သည်။

အဆိုပါ သောက်ဆေးဖြစ်သော (Valganciclovir) ကို ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံများတွင် ၂၀၀၁ ခုနှစ်မှ စတင် အသုံးပြုခွင့် ရရှိနေသော်လည်း မြန်မာနိုင်ငံတွင်ယခု အချိန်အထိ တစ်ပတ်လျှင်တစ်ကြိမ်နှုန်း မျက်စိအတွင်း သို့ တိုက်ရိုက်ဆေးထိုးသည့် ကုသနည်းကိုသာအသုံးပြုနိုင်သေးရာ ယင်းကုသမှုမှာလူနာအတွက် စိတ်မ သက်သာခံစားစေရပြီး သေချာစွာလေ့ကျင့် သင်ကြားပေးသော ဆရာဝန်များ လိုအပ်သည်ဟု ယင်းထုတ် ပြန်ချက်တွင် ပါရှိသည်။

MSF ထားဝယ်မြို့ရှိ ဆေးခန်းတွင် သောက်ဆေးဖြင့်လူနာလေးဦးအား ကုသ ပေးနေပြီးလာမည့်လများအ တွင်း နိုင်ငံတစ်ဝန်း လူနာဦးရေ ၅၀ ကျော်ကိုလည်း ထပ်မံကုသပေးမည်ဟု ထုတ်ပြန်ထားသည်။

Mizzima

No comments:

Post a Comment