Thursday, July 24, 2014

နယ်လှည့်ပါးရိုက်ရဲသည့် ၀န်ကြီးကို ဆန္ဒပြသူ ငွေဒဏ်ဖြင့် လွှတ်

Photo: နယ်လှည့်ပါးရိုက်ရဲသည့် ၀န်ကြီးကို ဆန္ဒပြသူ ငွေဒဏ်ဖြင့် လွှတ်
Thursday, July 24, 2014

နယ်တကာလှည့်၍ ပါးရိုက်ရဲသူဟု မကွေးတိုင်း ပြည်သူ အချို့အား ပြော ခဲ့ သည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့် အလိုမရှိဟု ခွင့်ပြုချက်မရဘဲ ပြည်တွင် ဆန္ဒပြခဲ့သူ တရား လွှတ်တော်ရှေ့နေ ဦးမြင့်အေးကို ထောင်ဒဏ်တစ်လ(သို့)ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်ရန် ပြည်မြို့နယ် တရားရုံးက ဇူလိုင်၂၃ရက်တွင် အမိန့်ချသည်။

ဦးမြင့်အေးက “တရားရုံးရဲ့ဆုံးဖြတ်ချက်က မျှတပါတယ်”ဟု ဒဏ်ငွေပေးဆောင်အပြီး ပြောသည်။ ၎င်းသည် ဖေဖော်ဝါရီလ ၄ ရက်တွင် ပြည်မြို့အတွင်း ဆိုင်းဘုတ်ကိုင်ဆောင်၍ ဆန္ဒပြခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သူ ဦးမြင့်အေးသည် ၂၀၁၂ ခုနှစ်အတွင်း ရုံးခွန်တော်တံဆိပ်ခေါင်း ဈေးနှုန်းကြီးမြင့်မှု၊ ရန်ကုန်တိုင်း စုပေါင်း ရုံးဟောင်းကြီးကို ပုဂ္ဂလိကသို့ လွှဲပြောင်းမှုတို့ကိုလည်း ဆန္ဒပြခဲ့သေးသည်။

ထိုအကြောင်းများကြောင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်၂၁ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက သတိပေးခဲ့ဖူးသည်ဟု ဦးမြင့်အေးက ပြောသည်။ “အခုတစ်ခါတော့ သတိပဲပေးမလား။ လိုင်စင်ပဲ ရုတ်မလား ပြောလို့ မရဘူး”ဟု ၎င်းက ပြောသည်။

ဝန်ကြီးဦးအုန်းမြင့်က ယင်းသို့သော စကားများအပြင် အစိုးရကို ဆန့်ကျင်ပါက အချုပ်ထဲပို့ပစ်မည်၊ မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်စသည့် စကားတို့ကို ၂၀၁၃ခုနှစ် အောက်တိုဘာလအတွင်း၌ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် လည်းကောင်း၊ ၂၀၁၄ ဇန်န၀ါရီလအတွင်း မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတွင် လည်းကောင်း ဒေသခံ များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကို ပြည်သူ့လွှတ်တော်အမတ် တစ်ဦးကလည်း ဖေဖော်ဝါရီလ အတွင်း မေးခွန်းထုတ်ခဲ့ဖူးသည်။ ထိုစဉ်က ပြည်ထောင်စုအစိုးရ ကိုယ်စားပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်သို့ လာရောက်ရှင်းပြခဲ့ပြီး ဦးအုန်းမြင့်၏ စကားများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသည်ဟူ၍ သဘောထားနိုင်ပါသည်ဟု ဆိုခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးမြင့်အေး ဝန်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြနေစဉ်။

Mizzima
နယ်တကာလှည့်၍ ပါးရိုက်ရဲသူဟု မကွေးတိုင်း ပြည်သူ အချို့အား ပြော ခဲ့ သည့် မွေးမြူရေး ၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီး ဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့် အလိုမရှိဟု ခွင့်ပြုချက်မရဘဲ ပြည်တွင် ဆန္ဒပြခဲ့သူ တရား လွှတ်တော်ရှေ့နေ ဦးမြင့်အေးကို ထောင်ဒဏ် တစ်လ(သို့)ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ရန် ပြည်မြို့နယ် တရားရုံးက ဇူလိုင်၂၃ရက်တွင်
အမိန့်ချသည်။

ဦးမြင့်အေးက “တရားရုံးရဲ့ဆုံးဖြတ်ချက်က မျှတပါတယ်”ဟု ဒဏ်ငွေပေးဆောင်အပြီး ပြောသည်။ ၎င်းသည် ဖေဖော်ဝါရီလ ၄ ရက်တွင် ပြည်မြို့အတွင်း ဆိုင်းဘုတ်ကိုင်ဆောင်၍ ဆန္ဒပြခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သူ ဦးမြင့်အေးသည် ၂၀၁၂ ခုနှစ်အတွင်း ရုံးခွန်တော် တံဆိပ်ခေါင်း ဈေးနှုန်းကြီးမြင့်မှု၊ ရန်ကုန်တိုင်း စုပေါင်း ရုံးဟောင်းကြီးကို ပုဂ္ဂလိကသို့ လွှဲပြောင်းမှုတို့ကိုလည်း ဆန္ဒပြခဲ့သေးသည်။

ထိုအကြောင်းများကြောင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်၂၁ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက သတိပေးခဲ့ဖူးသည်ဟု ဦးမြင့်အေးက ပြောသည်။ “အခုတစ်ခါတော့ သတိပဲပေးမလား။ လိုင်စင်ပဲ ရုတ်မလား ပြောလို့ မရဘူး”ဟု ၎င်းက ပြောသည်။

ဝန်ကြီးဦးအုန်းမြင့်က ယင်းသို့သော စကားများအပြင် အစိုးရကို ဆန့်ကျင်ပါက အချုပ်ထဲပို့ပစ်မည်၊ မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်စသည့် စကားတို့ကို ၂၀၁၃ခုနှစ် အောက်တိုဘာလအတွင်း၌ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် လည်းကောင်း၊ ၂၀၁၄ ဇန်န၀ါရီလအတွင်း မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတွင် လည်းကောင်း ဒေသခံ များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကို ပြည်သူ့လွှတ်တော်အမတ် တစ်ဦးကလည်း ဖေဖော်ဝါရီလ အတွင်း မေးခွန်းထုတ်ခဲ့ဖူးသည်။ ထိုစဉ်က ပြည်ထောင်စုအစိုးရ ကိုယ်စားပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်သို့ လာရောက်ရှင်းပြခဲ့ပြီး ဦးအုန်းမြင့်၏ စကားများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသည်ဟူ၍ သဘောထားနိုင်ပါသည်ဟု ဆိုခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးမြင့်အေး ဝန်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြနေစဉ်။

Mizzima

No comments:

Post a Comment