Monday, July 21, 2014

ငွေ (၁ဝ)သိန်းမပေးနိုင်၍ ဒေသခံ လူငယ်(၂)ဦးကို KIA ဖမ်းဆီး

Photo: ငွေ (၁ဝ)သိန်းမပေးနိုင်၍ ဒေသခံ လူငယ်(၂)ဦးကို KIA ဖမ်းဆီး
Monday, July 21, 2014

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အပစ်ရပ်ရေးမူကြမ်း တွေ့ဆုံဆွေးနွေးရာတွင် ဦးဆောင်ဦးရွက် ပြုလုပ်မည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဒေသခံများအား ငွေတောင်း၊ လူသစ်အဖြစ် ဖမ်းဆီးနေဆဲဖြစ်ကြောင်း ယင်းဒေသခံများမှ သိရသည်။

မိုင်းညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာမှ လူငယ် (၂)ဦးသည် ဇူလိုင်လ (၁၈)ရက် မနက်ပိုင်းက တောင်ယာ သွားစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရသည်။

“တောင်ယာသွားတာ မိုးချုပ်တဲ့အထိ ပြန်မလာတာနဲ့ လိုက်သွားတော့ တောင်ယာမှာမတွေ့ဘူး၊ KIA အဖွဲ့က ဖမ်းသွားပြီဆိုတာ အကြောင်းကြားလာတယ်၊ တစ်ယောက်ကို ငွေ (၁၀)သိန်းနဲ့ လာရွေးခိုင်းတယ်” ဟု မိဘအုပ်ထိန်းသူတစ်ဦးကပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံလူငယ် (၂)ဦးမှာ မိုင်းနောင်ကျေးရွာ၊ စုစည်းရပ်ကွက်နေ မောင်ယော ဟန် (၂၀)နှစ်နှင့် မောင်နော်ထွန်း (၂၁)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

“အရွယ်ရောက်တဲ့ယောင်္ကျားလေးရှိလို့ဆိုပြီး ကျွန်တော့်အိမ်ကိုလူသစ်တောင်းပါတယ်၊ လူသစ်မလုပ်ချင်ရင် ငွေ(၁၀)သိန်းပေးလို့ ပြောပါတယ်၊ ကျွန်တော်တို့က တောင်ယာလုပ်စားနေတာဆိုတော့ သူတို့တောင်းတဲ့ ငွေ မပေးနိုင်ပါဘူး၊ အဲဒါကြောင့် ကျွန်တော့်သားကို ဖမ်းသွားတာပါ” ဟု ဦးတန်ဂွန်းက ဆိုသည်။

KIA/KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဇူလိုင်လ (၂၄)ရက်နေ့မှစကာ NCCT အဖွဲ့မှ အပစ် အခတ်ရပ်စဲရေးမူကြမ်းကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ရာ ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် KIA အဖွဲ့၏ လူသစ်စု၊ ဖမ်းဆီးပြီး ငွေတောင်းမှုများအပေါ် ဝေဖန်မှုများလည်းရှိနေသည်။

အဆိုပါ ဆွေးနွေးပွဲသို့တက်ရောက်မည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးက “ကချင်ပြည်နယ်မှာ လူသစ်စု၊ ငွေတောင်းတာတွေက အမြဲလိုလိုကြားနေရတယ်။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေကိုလည်း KIA အဖွဲ့က လူသစ်စုတာတွေလုပ်တယ်၊ ပြန်လွှတ်ပေးဖို့ပြောလည်း ခုထိ ပြန်မလွှတ်ပေးသေးဘူး၊ ဒီဆွေးနွေးပွဲ လာခါနီး ငွေတောင်း၊ လူဖမ်းတာတွေ ကြားနေရပြန်တယ်၊ အဲဒီလိုလုပ်ရပ်တွေက KIA အဖွဲ့ရဲ့ ပုံရိပ်ကို ကျစေတာပေါ့” ဟု ပြောကြားသွားသည်။

ဇော်နောင်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် အပစ် ရပ်ရေးမူကြမ်း တွေ့ဆုံဆွေးနွေးရာတွင် ဦးဆောင်ဦးရွက် ပြုလုပ်မည့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဒေသခံ များအား ငွေတောင်း၊ လူသစ်အဖြစ် ဖမ်းဆီးနေ ဆဲဖြစ်ကြောင်း ယင်းဒေသခံများမှ သိရသည်။
မိုင်းညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာမှ လူငယ် (၂)ဦးသည် ဇူလိုင်လ (၁၈)ရက် မနက် ပိုင်းက တောင်ယာ သွားစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရ သည်။

“တောင်ယာသွားတာ မိုးချုပ်တဲ့အထိ ပြန်မလာတာနဲ့ လိုက်သွားတော့ တောင်ယာမှာမတွေ့ဘူး၊ KIA
အဖွဲ့က ဖမ်းသွားပြီဆိုတာ အကြောင်းကြားလာတယ်၊ တစ်ယောက်ကို ငွေ (၁၀)သိန်းနဲ့ လာရွေးခိုင်းတယ်” ဟု မိဘအုပ်ထိန်းသူတစ်ဦးကပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံလူငယ် (၂)ဦးမှာ မိုင်းနောင်ကျေးရွာ၊ စုစည်းရပ်ကွက်နေ မောင်ယော ဟန် (၂၀)နှစ်နှင့် မောင်နော်ထွန်း (၂၁)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

“အရွယ်ရောက်တဲ့ယောင်္ကျားလေးရှိလို့ဆိုပြီး ကျွန်တော့်အိမ်ကိုလူသစ်တောင်းပါတယ်၊ လူသစ် မလုပ်ချင်ရင် ငွေ(၁၀)သိန်းပေးလို့ ပြောပါတယ်၊ ကျွန်တော်တို့က တောင်ယာ လုပ်စားနေတာဆိုတော့ သူတို့တောင်းတဲ့ ငွေ မပေးနိုင်ပါဘူး၊ အဲဒါကြောင့် ကျွန်တော့်သားကို ဖမ်းသွားတာပါ” ဟု ဦးတန်ဂွန်းက ဆိုသည်။

KIA/KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ဇူလိုင်လ (၂၄)ရက်နေ့မှစကာ NCCT အဖွဲ့မှ အပစ် အခတ်ရပ်စဲရေးမူကြမ်းကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ရာ ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် KIA အဖွဲ့၏ လူသစ်စု၊ ဖမ်းဆီးပြီး ငွေတောင်းမှုများအပေါ် ဝေဖန်မှုများလည်းရှိနေသည်။

အဆိုပါ ဆွေးနွေးပွဲသို့တက်ရောက်မည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးက “ကချင်ပြည်နယ်မှာ လူသစ်စု၊ ငွေတောင်းတာတွေက အမြဲလိုလိုကြားနေရတယ်။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေကိုလည်း KIA အဖွဲ့က လူသစ်စုတာတွေလုပ်တယ်၊ ပြန်လွှတ်ပေးဖို့ပြောလည်း ခုထိ ပြန်မလွှတ်ပေးသေးဘူး၊ ဒီဆွေးနွေးပွဲ လာခါနီး ငွေတောင်း၊ လူဖမ်းတာတွေ ကြားနေရပြန်တယ်၊ အဲဒီလိုလုပ်ရပ်တွေက KIA အဖွဲ့ရဲ့ ပုံရိပ်ကို ကျစေတာပေါ့” ဟု ပြောကြားသွားသည်။

ဇော်နောင်

No comments:

Post a Comment