Thursday, July 24, 2014

Miss Golden Land Organization မှ ခင်ဝင့်ဝါနှင့် ထားထက်ထက် တို့ကိုသရဖူ လွှဲပြောင်းခွင့် ပိတ်

Miss Golden Land Organizationမှ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း များကို လိုက်နာ မှု မရှိတာကြောင့် အလှမယ် ခင်ဝင့် ဝါနဲ့ ထားထက်ထက် တို့ကို သြဂုတ် လမှာ ကျင်းပမယ့် Miss Golden Land Myanmar အလှမယ်ရွေး ချယ်ပွဲကြီးမှာ သရဖူ လွှဲပြောင်းခွင့် ပိတ်လိုက်ကြောင်း ကို Organization မှ CEO ဖြစ်သူ ကိုဝေယံအောင် က “သရဖူ မဆောင်းရတာတော့ ထားထက်ထက်ရော၊ ခင်ဝင့်ဝါရော မဆောင်း ရတာပါ။ ပြဿနာ အကြီး အကျယ်တော့ မရှိပါဘူး။ သရဖူဆို တာကို ကျွန်တော် တို့ သတ်မှတ်ထား တာက Miss တစ်ယောက် ထမ်း ဆောင်ရမယ့် တာဝန်ပေါ့။ တစ်နှစ် တာ အတွင်းမှာ သူထမ်းဆောင်ရတဲ့ တာဝန်ကို ကျေပွန်တယ် လို့ မယူဆဘူး ဆိုရင် သရဖူဆောင်း ခွင့်မပေးပါဘူး။ နောက်နှစ် ဆက်ခံမယ့် သူကို သူ့ရဲ့ တာဝန်တွေ လွှဲပေးရမယ်။ သရဖူ ကိုတော့ International Winner တွေ ပဲ ဆောင်း မှာပါ။ အနုပညာလှုပ် ရှားမှုတွေကို Organization ရဲ့ ခွင့် ပြုချက် ယူပြီးမှ လှုပ်ရှားရမှာပါ။ အနု ပညာ လုပ်ငန်းတွေ
လက်ခံတာ၊ တစ် နှစ်အတွင်းမှာ လှုပ်ရှား တာတွေ အား လုံးက Organization က အတည် ပြုပြီးမှသာ သွားရမှာပါ။ အဲဒီလိုမ ဟုတ်ဘဲနဲ့ သူတို့ဟာ သူတို့အလုပ် လက်ခံတယ်။ သူ့ဟာသူ သွားတယ်။ ဒါမျိုး တွေ က Organization နဲ့ Miss ကြားမှာ မဖြစ်သင့်ဘူး။ အဲဒီ အတွက် သတိပေးတဲ့ မေတ္တာရပ်ခံ စာ တစ်စောင် ထုတ်ပေးတာပါ”လို့ ပြောပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါ ကို မေးမြန်းရာ “ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး ညီမဘက်က ဘာမှတော့ ပြောပိုင်ခွင့် မရှိသေးပါ ဘူး။ Organization ဘက်က လည်း အင်တာဗျူး လုပ်ရင် မဖြေနဲ့လို့ ပြော ထားတယ်။ ညီမအနေ နဲ့ ၁၄-၈-၂ဝ၁၃ ကနေ ပြီးတော့ ၁၄-၈- ၂ဝ၁၄ အထိ Miss Supranational Myanmar 2013 တာဝန် ကို ထမ်းဆောင်ရမယ်။ အဲဒီ အတော အတွင်း မှာလည်းညီမ အကောင်းဆုံး နေတယ်။ ကိုယ်တတ် နိုင်သလောက် တစ်ပိုင် တစ်နိုင် ပရဟိ တတွေ လုပ်တယ်။ ညီ မကောင်းလား၊ မကောင်းလား ဆိုတာကို ပရိသတ်တွေ ဝေဖန်လို့ရပါတယ်” လို့ ပြောပါတယ်။
Popular

No comments:

Post a Comment