Thursday, July 31, 2014

Super Junior အဖွဲ့ခေါင်းဆောင် လီတက်ခ် စစ်မှုထမ်း ကာလပြီးဆုံး

31jl4
Super Junior အဖွဲ့ခေါင်းဆောင် လီတက်ခ်သည် ဇူလိုင်၂၉ရက် မနက်တွင် စစ်မှုထမ်း ကာလ တရားဝင် ပြီးဆုံးပြီ ဖြစ်၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီဟု k pop net တွင် ရေးသား ထားသည်။ လီတက်ခ်သည် ပရိတ်သတ်များ၏ ဂုဏ်ပြု ကြိုဆို နှုတ်ဆက်သော အခမ်းအနား မပါဘဲ ၎င်း၏ ဆန္ဒအလျောက် နေအိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့ခြင်းဖြစ်သည်။
လီတက်ခ်သည် အရေးမကြီးသော ကိစ္စအား ပုံကြီးမချဲ့ လို၍ ထိုသို့ တိတ်တဆိတ် ပြန်လာ ခဲ့ခြင်းဖြစ်ပြီး ၎င်းအပြန်အား စောင့်ဆိုင်းနေကြသည့် ပရိတ်သတ် အချို့နှင့် သတင်းထောက် များမှာမူ ၎င်းအား မမီလိုက်၍ အနည်းငယ် စိတ်ပျက် ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ ၎င်းသည် ယင်းနေ့ ညနေပိုင်းတွင် fan meeting တစ်ခု ပြုလုပ်ပြီး ပရိသတ်များကို တရားဝင် တွေ့ဆုံနှုတ်ဆက်မည်ဟု ပြောကြား ခဲ့ခြင်းကြောင့် ပရိသတ်များ ပြန်လည် အားတက် ခဲ့သည်ဟု ဆိုထား သည်။

လီတက်ခ်သည် ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၃ဝရက်တွင် စတင်၍ စစ်မှုထမ်းရန် စာရင်းပေးသွင်းခဲ့ပြီး Gyeonggido ရှိ Uijeongbu အမှတ် ၃ဝ၆တ ပ်စခန်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ၎င်း၏ ၂၁လကြာ စစ်မှုထမ်း ကာလမှာ တရားဝင် ပြီးဆုံး သွားပြီဖြစ်သည်။

No comments:

Post a Comment