Tuesday, July 1, 2014

TNLA က စစ်သားစုဆောင်းမှု ရပ်ဆိုင်း

တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA က ယခင်ကစစ်သားစုဆောင်းမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ရပ်ဆိုင်းထား ကြောင်း ယင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်အိုက်ကျော်က People Power မီဒီယာသို့ပြောကြားသည်။

တအာင်းဒေသအတွင်းတွင် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA)၊တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော်(TNLA)၊ ရှမ်းပြည် တပ်မတော်၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (SSA/RCSS)၊ရှမ်းပြည် တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSA/ SSPP)တို့  ထိန်းချုပ်နယ်မြေ များရှိသည့်အပြင် အစိုးရစစ်တပ်များ လှုပ်ရှားလျှက် ရှိသည်။

ဗိုလ်ကြီး မိုင်အိုက်ကျော်က “စစ်သားစုဆောင်းတယ်ဆိုတာ အမြဲတမ်းစုဆောင်းနေတာ မဟုတ်ပါဘူး။ ဒီနှစ်နှစ်စ နဲ့ အရင်ကတော့ စစ်သား စုဆောင်းခဲ့ပါတယ်။ အခုလောလောဆယ်တော့ သူ့ဆန္ဒနဲ့သူ ၀င်လာတဲ့သူတွေရှိတာနဲ့ စစ်သားစုဆောင်းမှု ရပ်ထားပါတယ်” ဟု ပြောကြားသည်။

တအာင်းဒေသအတွင်းစစ်တမ်းများကောက်ယူရာတွင် ၂၀၁၂ခုနှစ်၊နိုဝင်ဘာလမှ ၂၀၁၄ခုနှစ်၊ဇန်န၀ါရီ လအထိ ပေါ်တာဆွဲခံရသူ ၂၁၆ ဦး ၊ အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့် ခြိမ်းခြောက်ခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရိုက်နှက်ခံရသူ ၃၃ ဦး၊ ဥပဒေ မဲ့ ပစ်သက်ခံရသူ ၇ ဦး၊ တိုက်ပွဲ သို့မဟုတ် လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အိုးအိမ်ပျက်စီးမှု ၄ လုံး၊ဒေသ ခံပိုင်ပစ္စည်းများကို အဓမ္မလုယူ ခြင်း(ရွှေ၊ ငွေ၊ ကုန်ပစ္စည်း၊ ပိုက်ဆံ) ခန့်မှန်းတန်ဖိုးကျပ်သိန်း ၁၀၀၀ ကျော်ဆုံးရှုံးမှုရှိ)၊မတရားပြုကျင့်ခြင်း ၇ ဦး၊မိုင်းနင်းသေဆုံးခြင်း ၆ ဦးအထိ ဖြစ်ကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ ထံမှ သိရသည်။

“ကျွန်တော်တိုက လူ့ အခွင့်အရေးချိုးဖောက်ခံရတာတွေကို အမြဲတမ်းစောင့်ကြည့်နေပါတယ်၊ဒီလူ့ အ ခွင့်အရေး ချိုးဖောက်ခံရမှုတွေဖြစ်ပြီ ဆိုရင် ဖြစ်ဖြစ်ခြင်းအဲဒီနေရာကိုလူလွှတ်၊အချက်အလတ်တွေယူပါတယ် ”ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ မှ တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး (၁)မိုင်မျိုးအောင်က ပြောကြားသည်။
RCSS/SSA က အဓမ္မစစ်သား စုဆာင်းမှုများကြောင့် ရှမ်းပြည်တောင်ပိုင်း ဒေသခံလူငယ်များ နေရပ်မှ စွန့်ခွာ နေရသည် ဆိုသည့် ကိစ္စ သတင်းများကြောင့် တာဝန်ရှိ များအား ခေါ်ယူ စစ်ဆေးပြီး ဟုတ်မှန်ပါက တည်ဆဲ စစ်စည်းမျဉ်းအရ ပြစ်ဒဏ် ပေးမည်ဖြစ်ကြောင်း တရားဝင်ပြောကြားထားသည်။
နီတိုး

People power

No comments:

Post a Comment