Thursday, July 24, 2014

TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရမှုကြောင့် လူ ၅၁ ဦးသေဆုံး

TransAsia Airways လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် ထိုင်ဝမ်ရှိ ပင်ဂူးဟ်ဒေသတွင် အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် လူ ၅၁ သေ ဆုံးပြီး အခြား လူ ၇ ဦး ဒဏ်ရာရရှိသွားကြောင်း ထိုင်ဝမ်သတင်း ဌာန များက ပြောကြားသည်။ ထိုင်ဝမ်အခြေစိုက် TransAsia လေကြောင်း လိုင်းမှ လေယာဉ်သည် ခရီးစဉ်အမှတ် GE222 အဖြစ် Kaohsiung Siaogang လေဆိပ်မှ ပင်ဂူးဟ်ရှိ Magong လေဆိပ်သို့ ပျံသန်းစဉ်
အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

ထိုင်ဝမ် လေကြောင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်များက လေယာဉ်သည် ပင်ဂူးလ်ဒေသရှိ ကျေးရွာ တစ်ရွာတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုင်ဝမ်သတင်းဌာနများ၏ အဆိုအရ လေယာဉ်မှူးမှာ တိုင်ဖွန်းမုန်တိုင်းကြောင့် ရာသီဥတု ဆိုးရွားနေ သဖြင့် လေယာဉ်ဆင်းသက်ရာတွင် အခက်အခဲကြုံရခဲ့ရကြောင်း ဖော်ပြ သည်။ လေယာဉ်မှာ အရေးပေါ် ဆင်းသက်ပြီးနောက် မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment