Monday, August 25, 2014

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ဘုရင်မင်းမြတ် အသိအမှတ်ပြု

Photo: ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ဘုရင်မင်းမြတ် အသိအမှတ်ပြု
Monday, August 25, 2014

အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ်က ဝန်ကြီးချုပ် ရာထူးတွင် အတည်ပြု အပ်နှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်တပ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည့် အမျိုးသား ညီလာခံက ပရာယွတ်သ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်ပြီးနောက် လေးရက်အကြာ ဩဂုတ် (၂၅)ရက်တွင် ထိုင်းဘုရင်မင်းမြတ်က ၎င်းကို ထောက်ခံ အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

ပရာယွတ်သ်သည် ဝန်ကြီးချုပ် ရာထူးအတွက် ပြိုင်ဘက်မရှိဘဲ အမျိုးသား ညီလာခံတွင် အရွေးခံခဲ့ရာ ကိုယ်စားလှယ် (၁၉၇)ဦးအနက် (၁၉၁)ဦးက ၎င်းကို မဲပေးခဲ့ကြသည်။ ဘုရင်မင်းမြတ် ဘူမိဘိုလ် အက်ဒူလ်ယာဒက်ဂ်ျထံမှ ကောင်းချီးပေး အသိအမှတ် ပြုမှုကို ရရှိလိုက်ပြီးနောက် ပရာယွတ်သ် အနေဖြင့် ဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်ခွင့် ရရှိသွားပြီဖြစ်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ကို လာမည့် သီတင်းပတ်များအတွင်း ဖွဲ့စည်းဖွယ် ရှိနေသည်။ အဆိုပါ အခြေအနေများကြောင့် ထိုင်းနိုင်ငံရေး အာဏာသည် စစ်တပ်အစိုးရ၏ လက်ထဲတွင်သာ ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်။

ပရာယွတ်သ်ကို တော်ဝင်မိသားစုက အခမ်းအနားဖြင့် အသိအမှတ်ပြုမှုကို ဩဂုတ်(၂၅)ရက်တွင် ဘန်ကောက်ရှိ စစ်ဌာနချုပ်၌ ခံယူခွင့် ရဖွယ် ရှိနေသည်။ ၎င်းသည် မေ(၂၂)ရက်၊ စစ်တပ်အာဏာသိမ်းမှုကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်။ ပရာယွတ်သ် အနေဖြင့် စစ်တပ် အကြီးအကဲ ရာထူးမှ စက်တင်ဘာလတွင် အနားယူပြီး အရပ်သား အစိုးရ အဖွဲ့သည်ကို ဦးဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

_Ref: Channelnewsasia
အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ်က ဝန်ကြီးချုပ် ရာထူးတွင် အတည်ပြု အပ်နှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။စစ်တပ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည့် အမျိုးသား ညီလာခံက ပရာယွတ်သ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်ပြီးနောက် လေးရက်အကြာ ဩဂုတ် (၂၅)ရက်တွင် ထိုင်းဘုရင်မင်းမြတ်က ၎င်းကို ထောက်ခံ အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
ပရာယွတ်သ်သည် ဝန်ကြီးချုပ် ရာထူးအတွက် ပြိုင်ဘက်မရှိဘဲ အမျိုးသား ညီလာခံတွင် အရွေးခံခဲ့ရာ ကိုယ်စားလှယ် (၁၉၇)ဦးအနက် (၁၉၁)ဦးက ၎င်းကို မဲပေးခဲ့ကြသည်။ ဘုရင်မင်းမြတ် ဘူမိဘိုလ် အက်ဒူလ်ယာဒက်ဂ်ျထံမှ ကောင်းချီးပေး အသိအမှတ် ပြုမှုကို ရရှိလိုက်ပြီးနောက် ပရာယွတ်သ် အနေဖြင့် ဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်ခွင့် ရရှိသွားပြီဖြစ်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ကို လာမည့် သီတင်းပတ်များအတွင်း ဖွဲ့စည်းဖွယ် ရှိနေသည်။ အဆိုပါ အခြေအနေများကြောင့် ထိုင်းနိုင်ငံရေး အာဏာသည် စစ်တပ်အစိုးရ၏ လက်ထဲတွင်သာ ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်။
ပရာယွတ်သ်ကို တော်ဝင်မိသားစုက အခမ်းအနားဖြင့် အသိအမှတ်ပြုမှုကို ဩဂုတ်(၂၅)ရက်တွင် ဘန်ကောက်ရှိ စစ်ဌာနချုပ်၌ ခံယူခွင့် ရဖွယ် ရှိနေသည်။ ၎င်းသည် မေ(၂၂)ရက်၊ စစ်တပ်အာဏာသိမ်းမှုကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်။ ပရာယွတ်သ် အနေဖြင့် စစ်တပ် အကြီးအကဲ ရာထူးမှ စက်တင်ဘာလတွင် အနားယူပြီး အရပ်သား အစိုးရ အဖွဲ့သည်ကို ဦးဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
_Ref: Channelnewsasia

No comments:

Post a Comment