Thursday, August 21, 2014

မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် တံတား လက်ရန်းဘောင် အား ၀င်တိုက်

Photo: မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် တံတား လက်ရန်းဘောင် အား ၀င်တိုက်
Thursday, August 21, 2014

မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် တံတားလက်ရန်းဘောင်အား ဝင်တိုက်မှု ဩဂုတ် ၂ဝ ရက်ည နေ ၅ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်တွင် ဗိုလ်တထောင်ဘက်မှ ဒေါပုံဘက်သို့ လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ  လမ်းလယ်ဘလောက်တုံးများကို ဝင်တိုက်ခဲ့သည်။ ထို့နောက် လမ်းမှန်ဘက်သို့ ချိုးကွေ့ကာ ပါဂျဲရိုးအမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးအား ထပ်မံတိုက်မိခဲ့ပြီးနောက် တံတားလက်ရန်းဘောင်ကို ဝင်တိုက်မိခဲ့ကာ အဆိုပါ ကွန်တိန်နာယာဉ်၏ ရှေ့ဘီးနှစ်ဘီးကျွံကျခဲ့ကြောင်း သိရသည်။

“ညနေ ၅ နာရီလောက်က လမ်းပြောင်းပြန်မောင်းလာတဲ့ ကွန်တိန်နာကားကြီး လမ်းလယ်က ဘလောက်တုံးတွေကို ဝင်တိုက်တယ်။ နောက်ပြီး ဒေါပုံဘက်ကို ဆင်းလာတဲ့ ပါဂျဲရိုးကားကို ထပ်တိုက်ပြီးတော့  တံတားလက်ရန်းဘောင်ပေါ်ကို ရှေ့ဘီးနှစ်ဘီးကျွံ ကျသွားတယ်။ ကွန်တိန်နာကားမောင်းသမားကတော့ ထွက်ပြေးသွားတယ်။ ပါဂျဲရိုး ကားပေါ်က အမျိုးသမီးတစ်ယောက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်” ဟု အဆိုပါ ယာဉ်တိုက်မှုအား တွေ့မြင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိယာဉ်ထိန်းရဲတစ်ဦးက “ ကားကို မဆင်မခြင်မောင်းနှင်လာတဲ့ ကွန်တိန်နာ ယာဉ်မောင်းက ထွက်ပြေးသွားတဲ့အတွက် သူ့ကိုမော်တော်ယာဉ် ဥပဒေအတိုင်း စုံစမ်းစစ်ဆေးပြီး အရေးယူသွားမှာပါ” ဟု ပြောကြားသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သောကြောင့် မဟာဗန္ဓုလတံတားပေါ်၊ ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီးတစ်လျှောက်နှင့် သာကေတတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ယခင်ကထက် ပိုမိုဖြစ်ပွားခဲ့သည်။ အဆိုပါမဟာဗန္ဓုလတံတား အဆင်းနှင့်ယမုံနာလမ်းဆုံရာ မီးပွိုင့်အနီးလမ်းကွေ့တွင် ကွန်တိန်နာယာဉ် တိမ်းမှောက်မှုများ၊ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Eleven Media Group 

မဟာဗန္ဓုလတံတားပေါ်တွင် ရှေ့ဘီးနှစ်ဘီး ကျွံကျသွားသော ကွန်တိန်နာ ယာဉ်အား သြဂုတ်၂၀ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- အောင်ထက်ခိုင် )
မဟာဗန္ဓုလတံတားပေါ်တွင် ရှေ့ဘီးနှစ်ဘီးကျွံကျသွားသော ကွန်တိန်နာယာဉ်အား သြဂုတ်၂၀ ရက်ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- အောင်ထက်ခိုင် )
မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကိုယ်ပိုင်ယာဉ် တစ်စီးနှင့် တံတားလက်ရန်းဘောင်အား ဝင်တိုက်မှု ဩဂုတ် ၂ဝ ရက်ည နေ ၅ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်တွင် ဗိုလ်တထောင်ဘက်မှ ဒေါပုံဘက်သို့ လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန် မထိန်းနိုင်ဖြစ်ကာ  လမ်းလယ်ဘလောက်တုံးများကို ဝင်တိုက်ခဲ့သည်။ ထို့နောက် လမ်းမှန်ဘက်သို့ ချိုးကွေ့ကာ ပါဂျဲရိုးအမျိုးအစား ကိုယ်ပိုင်ယာဉ် တစ်စီးအား ထပ်မံတိုက်မိခဲ့ပြီးနောက် တံတားလက်ရန်းဘောင်ကို ဝင်တိုက်မိခဲ့ကာ အဆိုပါ ကွန်တိန်နာယာဉ်၏ ရှေ့ဘီးနှစ်ဘီးကျွံကျခဲ့ကြောင်း သိရသည်။

“ညနေ ၅ နာရီလောက်က လမ်းပြောင်းပြန်မောင်းလာတဲ့ ကွန်တိန်နာကားကြီး လမ်းလယ်က ဘလောက်တုံးတွေကို ဝင်တိုက် တယ်။ နောက်ပြီး ဒေါပုံဘက်ကို ဆင်းလာတဲ့ ပါဂျဲရိုးကားကို ထပ်တိုက်ပြီးတော့  တံတားလက်ရန်းဘောင်ပေါ်ကို ရှေ့ဘီးနှစ်ဘီးကျွံ ကျသွားတယ်။ ကွန်တိန်နာကားမောင်းသမားကတော့ ထွက်ပြေးသွားတယ်။ ပါဂျဲရိုး ကားပေါ်က အမျိုးသမီးတစ်ယောက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်” ဟု အဆိုပါ ယာဉ်တိုက်မှုအား တွေ့မြင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိယာဉ်ထိန်းရဲတစ်ဦးက “ ကားကို မဆင်မခြင်မောင်းနှင်လာတဲ့ ကွန်တိန်နာ ယာဉ်မောင်းက ထွက်ပြေးသွားတဲ့အတွက် သူ့ကိုမော်တော်ယာဉ် ဥပဒေအတိုင်း စုံစမ်းစစ်ဆေးပြီး အရေးယူသွားမှာပါ” ဟု ပြောကြားသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သောကြောင့် မဟာဗန္ဓုလတံတားပေါ်၊ ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီးတစ်လျှောက်နှင့် သာကေတ တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ယခင်ကထက် ပိုမိုဖြစ်ပွားခဲ့သည်။ အဆိုပါမဟာဗန္ဓုလတံတား အဆင်းနှင့်ယမုံနာလမ်းဆုံရာ မီးပွိုင့်အနီးလမ်းကွေ့တွင် ကွန်တိန်နာယာဉ် တိမ်းမှောက်မှုများ၊ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment