Tuesday, August 19, 2014

ဝီကီလိခ်ထူထောင်သူက အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီထွက်ခွာတော့မည်ဟု ပြောကြား

Photo: ၀ီကီလိခ်ထူထောင်သူက အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီထွက်ခွာတော့ မည်ဟု ပြောကြား
Tuesday, August 19, 2014

ဝီကီလိခ်ထူထောင်သူ ဂျူလီယန်အက်ဆန်းက လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီ ထွက်ခွာတော့မည်ဟု သြဂုတ် ၁၈ ရက် တွင် ပြောကြားခဲ့သော်လည်း ၎င်း၏အဖွဲ့က ထိုသို့ မလုပ်ဆောင်သင့်ကြောင်းနှင့် ဗြိတိန်အစိုးရနှင့် ဆွေးနွေးပြီးမှသာ သံရုံးမှ ထွက်ခွာ သင့်ကြောင်း ပြော ကြားသည်။

အက်ဆန်းသည် ဆွီဒင်နိုင်ငံတွင် မုဒိမ်းမှု၊ကလေးငယ်များနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများဖြင့် စွပ်စွဲခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ဗြိတိန်သို့ ရောက်ရှိစဉ် လန်ဒန်မြို့ရှိ အီကွေဒေါသံရုံး၌ ခိုလှုံနေခဲ့ခြင်းဖြစ်သည်။

အသားအရေဖျော့တော့ကာ မုတ်ဆိတ်မွှေးများထူနေသည့် အက်ဆန်းက “ကျွန်တော် သံရုံးကနေ မကြာမီစွန့်ခွာတော့မှာပါ” ဟု ပြောကြား ခဲ့သည်။

အက်ဆန်းသည် နှလုံးရောဂါ၊အဆုတ်ရောဂါနှင့် သွေးတိုးရောဂါတို့ကို ခံစားနေရကြောင်း ၀ီကီလိခ်၏ သတင်းရင်းမြစ်တစ်ဦး ပြောကြားချက်ကို ဗြိတိန်မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် အက်ဆန်က သံရုံးတွင်းမှ မည်သည့်အချိန်တွင် မည်သို့ ထွက်ခွာမည်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

အက်ဆန်းအနေဖြင့် ၎င်း၏ အမှုအား ဗြိတိန်အစိုးရနှင့် ညှိနှိုင်းပြီးမှသာ သံရုံးအတွင်းမှ ထွက်ခွာ သင့်ကြောင်း ၀ီကီလိခ်၏ ပြောခွင့်ရပုဂ္ဂိုလ် ခရစ်စတင်းဟာရက်ဖ်ဆွန်က သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြားသည်။

အက်ဆန်းအနေဖြင့် ဗြိတိန်အစိုးရက ဆွီဒင်သို့ ပြန်ပို့ပါက အမေရိကန်နိုင်ငံသို့  ထပ်မံလွှဲပြောင်းခံရပြီး အမေရိကန်စစ်ဘက်နှင့် သံတမန်ရေး ရာ အချက်အလက်များကို ၀ီကီလိခ်က ဖွင့်ချခဲ့မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံရမည်ကိုလည်း ၎င်းက စိုးရိမ်လျက်ရှိသည်။

အမေရိကန်ကြည်းတပ် တပ်သွားဟောင်း ချဲလ်စီမန်နင်ခေါ် ဘရက်ဒလေမန်နင်သည်လည်း လျှို့ဝှက် အချက်အလက်များကို ၀ီကီလိခ်သို့ ပေးပို့ခဲ့ မှုကြောင့် ယမန်နှစ်က ထောင်ဒဏ်  ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အက်ဆန်းနှင့်ပတ်သက်၍ မိမိတို့ သဘောထားသည် ပြောင်းသွား မည်မဟုတ်ဘဲ သံတမန်လုပ်ထုံး လုပ်နည်းများအတိုင်း ၎င်း၏ ဆွီဒင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ် ကြောင်းနှင့် အီကွေဒေါသံရုံးအနေဖြင့်လည်း ယခုပြဿနာအား အဆုံးသတ်နိုင်ရန် ပါဝင်ကူညီရေး အတွက် တောင်းဆိုထားသည်။

Ref:AFP
Mizzima - News in Burmese
ဝီကီလိခ်ထူထောင်သူ ဂျူလီယန်အက်ဆန်းက လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီ ထွက် ခွာတော့ မည်ဟု သြဂုတ် ၁၈ ရက် တွင် ပြောကြားခဲ့သော်လည်း ၎င်း၏အဖွဲ့က ထိုသို့ မလုပ်ဆောင် သင့်ကြောင်းနှင့် ဗြိတိန်အစိုးရနှင့် ဆွေးနွေးပြီးမှသာ သံရုံးမှ ထွက်ခွာ သင့်ကြောင်း ပြော ကြားသည်။
အက်ဆန်းသည် ဆွီဒင်နိုင်ငံတွင် မုဒိမ်းမှု၊ကလေးငယ်များနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများဖြင့် စွပ်စွဲခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ဗြိတိန်သို့ ရောက်ရှိစဉ် လန်ဒန်မြို့ရှိ အီကွေဒေါသံရုံး၌ ခိုလှုံနေ ခဲ့ခြင်းဖြစ်သည်။

အသားအရေဖျော့တော့ကာ မုတ်ဆိတ်မွှေးများထူနေသည့် အက်ဆန်းက “ကျွန်တော် သံရုံးကနေ မကြာမီ စွန့်ခွာတော့မှာပါ” ဟု ပြောကြား ခဲ့သည်။

အက်ဆန်းသည် နှလုံးရောဂါ၊အဆုတ်ရောဂါနှင့် သွေးတိုးရောဂါတို့ကို ခံစားနေရကြောင်း ၀ီကီလိခ်၏ သတင်းရင်းမြစ်တစ်ဦး ပြောကြားချက်ကို ဗြိတိန်မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် အက်ဆန်က သံရုံးတွင်းမှ မည်သည့်အချိန်တွင် မည်သို့ ထွက်ခွာမည်ကို ထုတ်ဖော်ပြောကြား ထားခြင်းမရှိပေ။

အက်ဆန်းအနေဖြင့် ၎င်း၏ အမှုအား ဗြိတိန်အစိုးရနှင့် ညှိနှိုင်းပြီးမှသာ သံရုံးအတွင်းမှ ထွက်ခွာ သင့်ကြောင်း ၀ီကီလိခ်၏ ပြောခွင့်ရပုဂ္ဂိုလ် ခရစ်စတင်းဟာရက်ဖ်ဆွန်က သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြား သည်။

အက်ဆန်းအနေဖြင့် ဗြိတိန်အစိုးရက ဆွီဒင်သို့ ပြန်ပို့ပါက အမေရိကန်နိုင်ငံသို့ ထပ်မံလွှဲပြောင်းခံရပြီး အမေရိကန်စစ်ဘက်နှင့် သံတမန်ရေး ရာ အချက်အလက်များကို ၀ီကီလိခ်က ဖွင့်ချခဲ့မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံရမည်ကိုလည်း ၎င်းက စိုးရိမ်လျက်ရှိသည်။

အမေရိကန်ကြည်းတပ် တပ်သွားဟောင်း ချဲလ်စီမန်နင်ခေါ် ဘရက်ဒလေမန်နင်သည်လည်း လျှို့ဝှက် အချက်အလက်များကို ၀ီကီလိခ်သို့ ပေးပို့ခဲ့ မှုကြောင့် ယမန်နှစ်က ထောင်ဒဏ်  ၃၅ နှစ် ချမှတ်ခံခဲ့
ရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အက်ဆန်းနှင့်ပတ်သက်၍ မိမိတို့ သဘောထားသည် ပြောင်းသွား မည်မဟုတ်ဘဲ သံတမန်လုပ်ထုံး လုပ်နည်းများအတိုင်း ၎င်း၏ ဆွီဒင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ် ကြောင်းနှင့် အီကွေဒေါသံရုံးအနေဖြင့်လည်း ယခုပြဿနာအား အဆုံးသတ်နိုင်ရန် ပါဝင်ကူညီရေး အတွက် တောင်းဆိုထားသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment