Tuesday, August 12, 2014

ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ပုံစံရှိနေ ရမည်ဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီဆို

Photo: ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ပုံစံရှိနေ ရမည်ဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီဆို
Tuesday, August 12, 2014

- ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ် ရာသီအစတွင် အကောင်းဆုံးပုံစံ၌ ရှိနေရမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲတွင် ပထမပိုင်း၌ အပြန်အလှန်ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အာဆင်နယ်အသင်း၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။
ပယ်လီဂရီနီကလည်း ထိုပွဲတွင် မိမိတို့မှာ အရှိန်သေသွားခဲ့ပြီး ချန်ပီယံပြေးလမ်းတွင် ပြိုင်ဘက်များအား ချေမှုန်းလိုပါက ထိုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းထက် တိုးတက်အောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။
“ဒီအရာတွေဟာ ရာသီသစ်မစခင်မှာ ဖြစ်လေ့ရှိတာတွေပါ။ ရာသီကြိုကစားတဲ့ပွဲတွေ တုန်းက ခြေလှမ်းမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကစားသမားတွေကို စကားပြောမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာကစားဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေမယ်ဆိုတာ သေချာပြောရဲပါတယ်။ ၅ သင်း ၆ သင်းလောက်ဟာ တောင့်တင်းတဲ့ လူစာရင်းရှိတာကြောင့် ပရီးမီးယာလိဂ်မှာ ဗိုလ်စွဲနိုင်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် မနှစ်က ဗိုလ်စွဲခဲ့သလဲဆိုတာ ရာသီအစကနေ ပြသရပါမယ်” ဟု ပယ်လီဂရီနီက BT Sport သို့ အာဆင်နယ်နှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။
M-Media - ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ် ရာသီအစတွင် အကောင်းဆုံးပုံစံ၌ ရှိနေရမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးမှာ အာဆင်နယ်နှင့်ပွဲတွင် ပထမပိုင်း၌ အပြန်အလှန်ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အာဆင်နယ်အသင်း၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။
ပယ်လီဂရီနီကလည်း ထိုပွဲတွင် မိမိတို့မှာ အရှိန်သေသွားခဲ့ပြီး ချန်ပီယံပြေးလမ်းတွင် ပြိုင်ဘက်များအား ချေမှုန်းလိုပါက ထိုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းထက် တိုးတက်အောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။“ဒီအရာတွေဟာ ရာသီသစ်မစခင်မှာ ဖြစ်လေ့ရှိတာတွေပါ။ ရာသီကြိုကစားတဲ့ပွဲတွေ တုန်းက ခြေလှမ်းမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကစားသမားတွေကို စကားပြောမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာကစားဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေမယ်ဆိုတာ သေချာပြောရဲပါတယ်။ ၅ သင်း ၆ သင်းလောက်ဟာ တောင့်တင်းတဲ့ လူစာရင်းရှိတာကြောင့် ပရီးမီးယာလိဂ်မှာ ဗိုလ်စွဲနိုင်ပါတယ်။ ကျွန်တော်တို့ ဘာကြောင့် မနှစ်က ဗိုလ်စွဲခဲ့သလဲဆိုတာ ရာသီအစကနေ ပြသရပါမယ်” ဟု ပယ်လီဂရီနီက BT Sport သို့ အာဆင်နယ်နှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။
M-Media

No comments:

Post a Comment