Sunday, August 10, 2014

ဆုကြေးငွေ ကျပ်သိန်းလေးဆယ်ကျော် ချီးမြှင့်မည့် ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပမည်

ဆုကြေးငွေစုစုပေါင်း ကျပ်သိန်းလေးဆယ်ကျော် ချီးမြှင့် မည့် အမျိုးသားတံခွန်စိုက် ဘတ် စကက်ဘောပြိုင်ပွဲကို သြဂုတ်လ ဒုတိယပတ်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၄ အမျိုးသားတံခွန်စိုက် ဘတ်စကက်ဘောပြိုင်ပွဲတွင် (အ လွတ်တန်း) နှင့် အသက် (၂၀) အောက် ပြိုင်ပွဲအမျိုးအစား နှစ် မျိုးပါဝင်မည်ဖြစ်ပြီး သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ ရန်ကုန် မြို့၊ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပမည်ဖြစ် သည်။

ယင်းပြိုင်ပွဲတွင် ၀န်ကြီးဌာန၊ ပြည်နယ်နှင့် တိုင်းကလပ်အသင်း များမှ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး အလွတ်တန်း (အမျိုးသား) ပြိုင်ပွဲ တွင် ပထမ ကျပ်ခြောက်သိန်း၊ ဒုတိယ ကျပ်လေးသိန်း၊ တတိယ ကျပ်သုံးသိန်း၊ (အမျိုးသမီး) ပြိုင် ပွဲတွင် ပထမကျပ်ငါးသိန်း၊ ဒုတိ ယကျပ်သုံးသိန်း၊ တတိယ ကျပ် နှစ်သိန်း ချီးမြှင့်မည်ဖြစ်သည်။

အသက် (၂၀) နှစ်အောက် (အမျိုးသား) ပြိုင်ပွဲတွင် ပထမ ကျပ်ငါးသိန်း၊ ဒုတိယ ကျပ်သုံး သိန်း၊ တတိယ ကျပ်နှစ်သိန်း။ (အ မျိုးသမီး) ပြိုင်ပွဲတွင် ပထမကျပ် လေးသိန်း၊ ဒုတိယကျပ်သုံးသိန်း၊ တတိယ ကျပ်နှစ်သိန်း ချီးမြှင့် မည်ဖြစ်သည်။

‘‘အလွတ်တန်းပြိုင်ပွဲအ တွက်ကို လက်ရွေးစင်အားကစား သမားတွေ အပါအ၀င် မည်သူမ ဆို ပါဝင်ယှဉ်ပြိုင်လို့ရပြီး အသက် (၂၀) နှစ်အောက် ပြိုင်ပွဲအတွက် ၁၉၉၄ ခုနှစ် မွေးဖွားသူဖြစ်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအားကစားသမား တွေကို လည်း ရွေးချယ်ချီးမြှင့် သွား မှာပါ’’ ဟု မြန်မာနိုင်ငံဘတ်စ ကက်ဘောအဖွဲ့ချုပ် တာဝန်ရှိသူ က ပြောသည်။

အလွတ်တန်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တစ်သင်းလျှင် အသင်း ၀င်ကြေး ကျပ်တစ်သောင်းနှင့်အ သက် (၂၀) နှစ်အောက်ပြိုင်ပွဲအ တွက် အသင်းဝင်ကြေး ကျပ်ငါး ထောင်သတ်မှတ်ထားကာ သြ ဂုတ်လ ၁၂ ရက် နောက်ဆုံးထား ၍ အဖွဲ့ချုပ်သို့ စာရင်းပေးသွင်း ရမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment