Friday, August 15, 2014

အစိုးရနှင့် ကေအိုင်အေ ဆွေးနွေးပွဲ ရက်ပိုင်းအလို တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

အစိုးရတပ်နှင့် ကေအိုင် အေတို့ကြား သြဂုတ်လ ဒုတိယ ပတ်အတွင်း တိုက်ပွဲများ ဆက် တိုက် ပြန်လည်ဖြစ်ပွားခဲ့သည်။
ဖားကန့်-ကာမိုင်း လမ်းတံ တားညီနောင်ကျေးရွာ မြောက် ဘက်ဆဘော့မှော်အနီးတွင် သြ ဂုတ် ၈ ရက်က အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။ သြဂုတ် ၁၁ ရက်ကလည်း အင်းတော်ကြီး ဒေသ ကွေကန့်မှော်အနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ သည်။ လက်ရှိအချိန်တွင်လည်း ယင်းဒေသများသို့ အစိုးရတပ်ဘက်မှ အင်အားတိုးချဲ့ထားပြီး နှစ်ဖက်တင်းမာမှုများရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကဆိုသည်။သြဂုတ် ၈ ရက်က တိုက်ပွဲ များဖြစ်ပွားခဲ့ရခြင်းမှာ မြန်မာ့ တပ်မတော်နယ်မြေခံစစ်ကြောင်း များက ကာမိုင်း-ဖားကန့်လမ်း ပိုင်းတွင် ဆက်ကြေးကောက်ယူမှု များမဖြစ်ပွားစေရန် နယ်မြေလုံ ခြုံရေးရှင်းလင်းရာမှ ကေအိုင်အေ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဘေးပတ်ဝန်းကျင်နယ်မြေများကို ဆက်လက်ရှင်းလင်းရာတွင်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(မပခ) မှ ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

 သြဂုတ် ၁၂ ရက် တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ မပခထိပ်တန်းအရာရှိက ‘‘ကွေ့ကန်မှော်က ကျေးရွာအုပ်ချုပ် ရေးမှူးနဲ့ အတွင်းရေးမှူးကို ကေ အိုင်အေက ဇူလိုင် ၁၇ ရက်က ဖမ်းခေါ်သွားတယ်။ သူ့မိသားစု တွေက နီးစပ်ရာတပ်ကို သတင်း ပို့ထားတယ်။ ပြီးရင် နမ်ဘီးယား ကိုလည်း တိုင်စာ ပေးပို့ထား တယ်။ ကျွန်တော်တို့ကလည်း ဒါ နိုင်ငံတော်အစိုးရရဲ့ ၀န်ထမ်း တွေပြန်လွှတ်ပေးပါ ညှိနှိုင်းခဲ့ တယ်။ ဒါပေမဲ့ ကာလကြာရှည်စွာ ဘာမှ မတုံ့ပြန်လို့ ရှာဖွေကယ် ဆယ်ရေးလုပ်တာမှာ တိုက်ပွဲပြန် ဖြစ်ခဲ့တာ’’ဟု ပြောသည်။
ဒေသတွင်း ကေအိုင်အေ သတင်းရင်းမြစ်များက ငြိမ်းချမ်း ရေးဆွေးနွေးနေချိန်တွင် အစိုးရ ဘက်မှ နယ်မြေစိုးမိုးမှုရယူနိုင်ရန် အင်အားသုံးထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း ဆိုသည်။
ဖားကန့်ဒေသတွင် ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများ နှင့် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံပြည်သူတစ်ရာကျော်မှာ နမ့်ယားနှင့် နီးစပ်ရာကျေးရွာများ သို့ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment