Friday, August 15, 2014

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကော့မှူးတွင် ဟိုတယ်သင်တန်းဖွင့်၍ အခမဲ့သင်ကြားပေးရန် စီစဉ်

ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းက ကော့မှူးမြို့တွင် ဟိုတယ် ၀န်ဆောင်မှုဆိုင်ရာ သင်တန်း ကျောင်းတစ်ခုဖွင့်လှစ်၍ အခမဲ့ သင်ကြားပေးရေး အစီအစဉ်ကို အောက်တိုဘာတွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သင်တန်းကျောင်းကို Ho−spitality and Catering Train-ing Academy ဟု အမည်ပေး ထားပြီး ဟိုတယ်ဆိုင်ရာ ၀န် ဆောင်မှုများဖြစ်သည့် Hotel Operationသင်တန်းနှင့် အချက် အပြုတ်နှင့် စားသောက်ခန်းကျွမ်း ကျင်သင်တန်းစသည့်သင်တန်း နှစ်မျိုးကို အသိအမှတ်ပြုလက် မှတ်ရသည်အထိ အခမဲ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်းဖောင် ဒေးရှင်း ဒါရိုက်တာ ကိုဇွဲနန္ဒက ပြောသည်။
သြဂုတ်လ ၁၈ ရက်တွင် လျှောက်လွှာများ စတင်ခေါ်ယူ သွားမည်ဖြစ်ပြီး အပတ်စဉ်တစ်ခု လျှင် စာတွေ့ခြောက်လနှင့်လက် တွေ့ နှစ်လစုစုပေါင်း ရှစ်လအ ကြား သင်ကြားပေးသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
‘‘ကျောင်းမှာ ခြောက်လ၊ နောက်နှစ်လက အင်းလျားလိတ် စတဲ့ ရန်ကုန်ကဟိုတယ်ကြီးတွေ မှာ On Job Trainingလုပ်ရမယ်။ ပြီးတော့ ကျောင်းမှာဟိုတယ်ခန်း တွေလည်း ပုံစံတွေရှိတယ်။ စား သောက်ဆိုင်တွေလည်းရှိတယ်။ ဒါကြောင့် သင်တန်းသားတွေက စာတွေ့တင်မက လက်တွေ့ပါ လုပ်နိုင်မှာပါ’’ဟု ကိုဇွဲနန္ဒကပြော သည်။
သင်တန်းသားများရွေးချယ် ရာတွင် ၅၀ရာခိုင်နှုန်းကိုကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး စသည့်ဒေ သများမှဖြစ်ပြီး ကျန် ၅၀ ရာခိုင် နှုန်းကို ရန်ကုန်အပါအ၀င်နိုင်ငံ တစ်ဝန်းမှ တက်ရောက်နိုင်ရန်ခေါ် ယူသွားမည်ဖြစ်သည်။ သင်တန်းပထမအပတ်စဉ်တွင် သင်တန်းသား ၁၂၀ ကို ခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မှတက်ရောက်မည့် သူများအတွက် ကြိုပို့ကားများစီစဉ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ကိုဇွဲနန္ဒကဆိုသည်။
လျှောက်ထားသူများသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူအသက်(၁၈)နှစ်မှ (၂၅)နှစ်အ တွင်းဖြစ်ရမည်ဟုသတ်မှတ်ထား ပြီး ဟိုတယ်ဆိုင်ရာ ဗဟုသုတများ မေးမြန်းမည့် ၀င်ခွင့်စာမေးပွဲ ကိုလည်း ၀င်ရောက်ဖြေဆိုရမည် ဖြစ်သည်။
‘‘သင်ရိုးညွှန်းတမ်းတွေက အာဆီယံအသိုက်အ၀န်း(ASEA N Competency) က သတ်မှတ် ချက်တွေကိုအခြေခံထားတာပါ။ ဒါကို အခြေခံတဲ့ သင်တန်းကျောင်းတွေမရှိသေးဘူး။ အန် ကယ်တို့က ပထမပါပဲ’’ ဟု သင် တန်းကျောင်း၏ ကျောင်းအုပ်ဦး ကျော်အုန်းကပြောသည်။
ဟိုတယ်ဆိုင်ရာ သင်တန်း ကျောင်းတစ်ခုအနေဖြင့် ကော့မှူး တွင် တည်ဆောက်ထားသော် လည်း လျှပ်စစ်မီးအပြည့်အ၀ရရှိ ရေးအတွက် ဆောင်ရွက်ပြီးဖြစ် ရာ ယင်းအတွက်အခက်အခဲမရှိ ကြောင်း ၎င်းက ပြောကြားသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်၍ ၂၀၁၀ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး ရွေ့လျား စာကြည့်တိုက်များ၊ အခမဲ့အင်္ဂလိပ်စကားပြော သင်တန်းများ စသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော ဖောင်ဒေးရှင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment