Thursday, August 21, 2014

မဏ္ဍိုင်လေးရပ်ပါဝင်ဆွေးနွေးမည့်ဖိုရမ်ကျင်းပရန် စာနယ်ဇင်းကောင်စီနှင့် လွှတ်တော်ဥက္ကဋ္ဌများသဘောတူ

မဏ္ဍိုင်ကြီးလေး ရပ် ပူးပေါင်းပါဝင်သည့် ဖိုရမ်တစ် ခုကျင်းပနိုင်ရန် မြန်မာနိုင်ငံစာ နယ်ဇင်းကောင်စီ (ယာယီ)တာ ၀န်ရှိသူများ ပြည်ထောင်စု လွှတ် တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌတို့ နေပြည်တော် လွှတ်တော်ရှိ ဇမ္ဗူသီရိဆောင် တွင် တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။ ‘‘အဓိကကတော့ တိုင်းပြည်မှာ မဏ္ဍိုင်ကြီးသုံးရပ်နဲ့ စတုတ္ထ မဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာတွေကြားမှာ ပိုမိုပြီးတော့ နားလည်မှုရှိတဲ့ ဆက်ဆံရေး၊ တစ်ခုနဲ့ တစ်ခု ကျင့် ၀တ်တွေ၊ လုပ်ငန်းတာဝန်တွေ အပြန်အလှန်နားလည်တဲ့ ဖိုရမ် တစ်ခု ကျွန်တော်တို့ကျင်းပနိုင်ဖို့ အတွက် လာရောက်တွေ့ ဆုံခြင်း ဖြစ်ပါတယ်’’ဟု စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး က ပြောသည်။နေပြည်တော် ဇမ္ဗူသီရိအ ဆောင်တွင် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး စာနယ်ဇင်းကောင်စီမှ ဖိုရမ်ကျင်းပနိုင်ရေးအတွက် တင်ပြခဲ့မှုအပေါ် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ သဘောတူခဲ့ကြောင်း သတင်းရရှိသည်။
‘‘အဓိကတော့ ပြီးခဲ့တဲ့လပိုင်းတွေမှာ ကျွန်တော်တို့ မီဒီယာ သမားတွေကို စစ်ဆေး၊ ဖမ်းဆီး၊ ထောင်ချတာတွေရှိနေတယ်။ ဒါ တွေအားလုံးဟာ ဘာကြောင့်ဖြစ် ရတာလဲ။ ပြုပြင်ပြောင်းလဲရေး အတွက် ဘယ်လောက်ထိခိုက် သွားလဲဆိုတာ တိုင်းတာနိုင်ဖို့ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက် ပြီးတော့ မဏ္ဍိုင်ကြီးသုံးရပ်ကလည်း ဒီလိုအဖြစ်အပျက်တွေကို လိုလား နှစ်ခြိုက်မှုမရှိဘူး။ ဒါကြောင့် ဒီလို အဖြစ်အပျက်တွေ မဖြစ်ပေါ် အောင်လို့ ဘယ်လိုပူးပေါင်း ဆောင်ရွက်ပြီး အဖြေရှာကြမလဲ ဆိုတာတွေ ဆွေးနွေးဖြစ်ပါတယ်’’ ဟု ဦးဇော်သက်ထွေးက ရှင်းပြသည်။
အဆိုပါ ဖိုရမ်ကို စက်တင် ဘာလတွင် ကျင်းပရန် ကနဦး သဘောတူညီချက်များရရှိခဲ့ကြ ပြီး ကျင်းပမည့်အချိန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ထပ်မံပြု လုပ်မည် ဖြစ်သည်။ထို့အပြင် သတင်းမီဒီယာ များအား တည်ဆဲဥပဒေအချို့ဖြင့် ဖမ်းဆီးအရေးယူနေခြင်းမှာ နိုင်ငံ တကာစံချိန်စံညွှန်း များနှင့် မကိုက်ညီတော့ သဖြင့် ပြုပြင်ပြောင်းလဲ ရမည့် ဥပဒေများကိုလည်း တာဝန်ရှိ ဥပဒေပြုလွှတ်တော်မှ ပြုပြင် ပြောင်း လဲရန် လိုအပ်ကြောင်း စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြား သည်။
7daydaily

No comments:

Post a Comment