Thursday, August 21, 2014

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ခုခံတိုက်ခိုက်ရန် ကာဒ့်တပ်ဖွဲ့ကို ဂျာမနီ လက်နက်ထောက်ပံ့

 
ဂျာမနီနိုင်ငံက အီရတ်မြောက်ပိုင်းမှာ အိုင်အက်စ်အကြမ်းဖက်တွေကို ခုခံတိုက်ခိုက်ပေးနေတဲ့ ကာဒ့်တပ်ဖွဲ့တွေကို စစ်လက်နက်တွေ ထောက်ပံ့ဖို့ ပြင်ဆင်နေပြီလို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့က သြဂုတ်လ ၂၀ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုပါတယ်။စစ်လက်နက်မဟုတ်တဲ့ စစ်ဖက်ပစ္စည်းတွေကိုတော့ အရင်ဆုံးပေးပို့မှာဖြစ်ပြီး စစ်လက်နက်တွေ ထောက်ပံ့ဖို့ကိုလည်း ဂျာမန်အစိုးရက သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး စတိုင်းမီယာ က ပြောဆိုပါတယ်။
ဗြိတိန်၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့က စစ်လက်နက်တွေ ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖြစ်တာကြောင့် ဂျာမနီနိုင်ငံကလည်း အလားတူထောက်ပံ့မယ်လို့ ပြောဆိုပါတယ်။

ဂျာမန်ကာကွယ်ရေးဝန်ကြီး အာဆူလာ ဘွန်ဒါလီယန် ကလည်း အရင်ထောက်ပံ့မယ့် လက်နက်မဟုတ်တဲ့ ထောက်ပံ့ပစ္စည်းတွေထဲမှာ ကျည်ကာအင်္ကျီတွေ၊ ဖောက်ခွဲရေးပစ္စည်း စုံစမ်းရေးကိရိယာတွေ၊ အရေးပေါ်သုံးလျှပ်စစ်ပစ္စည်းတွေနဲ့ ညကြည့်မှန်ဘီလူးတွေ ပါဝင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ထောက်ပံ့ကူညီနိုင်တဲ့ ဘောင်ထဲကပဲ ကူညီတာဖြစ်ပြီး အထိရောက်ဆုံး နဲ့ လက်တွေ့ကျကျ ကူညီနိုင်ဖို့ အချက်အလက်တွေလည်း စုဆောင်းနေတယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကာ့ဒ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ရိုက်တာ)
DVB

No comments:

Post a Comment