Tuesday, August 12, 2014

နိုင်ငံခြားသုံးငွေဖြင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုကို ခွင့်ပြု

နိုင်ငံခြားသုံးငွေဖြင့်အာမခံလုပ်ငန်းလုပ်ကိုင် ခွင့်ရရှိသည့်ပုဂ္ဂလိကုမ္ပဏီနှစ်ခုကို စက်တင်ဘာလမှစတင်ကာ လုပ်ငန်း များလုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''ဒေါ်လာနဲ့ ထား ရမယ့် အာမခံကုမ္ပဏီလေးခုထဲက နေနှစ်ခုကို အရင်လုပ်ကိုင်ခွင့်ပေး လိုက်တာပါ။ ကျန်တဲ့ကုမ္ပဏီနှစ်ခု ကိုလဲ စစ်ဆေးတာတွေပြီးသွားရင် မကြာခင် ခွင့်ပြုပေးသွားဖို့ ရှိပါတယ်။ အခုနိုင်ငံခြားသုံးငွေ အာမခံကိုလဲ ကန် ဒေါ်လာ ငါးသောင်းအထိ အာမခံ ထားဖို့ ခွင့်ပြုထားပါတယ်'' ဟု ပြော သည်။လက်ရှိတွင် နိုင်ငံခြားသုံးငွေ ဖြင့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက်သည့် အာမခံကုမ္ပဏီနှစ်ခုမှာ IKBZ အာမခံလုပ်ငန်းနှင့် Grand Grand အာမခံလုပ်ငန်း တို့ကို လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ် ပြီး နိုင်ငံခြားသုံးငွေဖြင့် အာမခံလုပ် ငန်းလုပ်ကိုင်ခွင့်ပြုရန် မြန်မာ့အာမခံ လုပ်ငန်းတွင် လျှောက်ထားသည့် ပုဂ္ဂလိက အာမခံလုပ်ငန်းများမှာ IKBZ အာမခံလုပ်ငန်း၊ Grand Grand အာမခံလုပ်ငန်း၊ First National Insurance အာမခံလုပ်ငန်းနှင့် အောင်သစ္စာဦး အာမခံလုပ် ငန်းတို့ ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှသိရသည်။
IKBZ ပုဂ္ဂလိက အာမခံကုမ္ပ ဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင် စိုးဦးက ''နိုင်ငံခြားငွေနဲ့ အာမခံ ထားတဲ့လုပ်ငန်းကို မြန်မာ့အာမခံ က ခွင့်ပြုလိုက်တဲ့အတွက် စက်တင် ဘာလထဲမှစတင်ပြီး အကောင်အ ထည်ဖော်ဆောင်ရွက်သွားမှာပါ။ အာမခံထားတာအတူတူပါပဲ။ ပြောင်း လဲမှုဘာမှမရှိပါဘူး။ ငွေကြေးပြောင်း လဲပြီး ထားလိုက်တဲ့သဘောပါ''ဟု ပြောသည်။
အဆိုပါအာမခံလုပ်ကိုင်နိုင်ရန် အတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီ များအနေဖြင့် ကန်ဒေါ်လာ ငါးသိန်း အာမခံလုပ်ငန်းသို့ ပေးသွင်းထား ရမည်ဖြစ်ပြီး၊ အာမခံထားသူများ သည် အာမခံဒေါ်လာငါးသောင်း အထိသာ ပေးသွင်းရမည်ဖြစ်ကာ လျော်ကြေးငွေရရှိပါက ဒေါ်လာဖြင့် သာ ရရှိမည်ဖြစ်ကြောင်းသိရသည်။
ပုဂ္ဂလိက အာမခံကုမ္ပဏီများ ကို ယခင်က အာမခံအမျိုးအစား ခြောက်မျိုး ခွင့်ပြုပေးခဲ့ပြီး၊ ယခုလုပ် ငန်းကို ခွင့်ပြုပေးလိုက်ပါက အာမခံ အမျိုးအစား ခုနစ်မျိုးရှိပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့အာမခံ လုပ်ငန်းမှ ၂ဝ၁၃ခုနှစ်မေလတွင် ပုဂ္ဂလိကအာမခံကုမ္ပဏီ၁၂ခုကို လုပ် ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး၊ အသက် အာမခံ၊ မီးအာမခံ၊ အလုံးစုံမော် တော်ယာဉ်အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ သ မာဓိအာမခံ၊ ရေကြောင်းအာမခံ၊ အထူးခရီးသွားအာမခံတို့ကို လုပ်ကိုင် ခွင့်ပြုပေးခဲ့ပြီး မြန်မာ့အာမခံလုပ် ငန်းမှ အာမခံအမျိုးအစား ၄၆မျိုးကို လုပ်ကိုင်လျက်ရှိပြီး၊ နိုင်ငံခြား အာမခံကုမ္ပဏီများကို ဌာနကိုယ် စားလှယ်ရုံးခွဲများ ဖွင့်လှစ်ခွင့်ပြု ထားကြောင်းသိရသည်။

‪#‎Democracytoday‬

No comments:

Post a Comment