Tuesday, August 12, 2014

သမ္မတ ဦးသိန်းစိန်နှင့် တရုတ်၊ အိန္ဒိယ စီးပွားရေးကိစ္စ ဆွေးနွေး

သြဂုတ် ၁၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စ ဆူ့ရှ်မားဆွာရပ်ဂ်ျ တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့သတင်းစဉ် က သတင်းထုတ်ပြန်ပါတယ်။တရုတ် – အိန္ဒိယ – ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေး စင်္ကြန်ကိစ္စ၊ အိန္ဒိယ- မြန်မာနဲ့ ထိုင်း ဆက်သွယ်ရေး လမ်းကြောင်း တည်ဆောက်ရေး၊ ကုလား တန် မြစ်ကြောင်း စီမံကိန်း၊ နယ်စပ် ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး နဲ့ ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာလည်း တရုတ်-အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေးစင်္ကြန်ကိစ္စ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ၊ နိုင်ငံအတွင်း အခြေခံအဆောက်အဦတွေ တည်ဆောက်ရေး ကိစ္စ၊ အသေးစားချေးငွေကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ အခြား ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

DVB TV News

No comments:

Post a Comment