Sunday, August 10, 2014

အီရန်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျ


အီရန်နိုင်ငံ မြို့တော်တီဟီရန်၏ မီရဘက် လေဆိပ်အနီးတွင်  သြဂုတ် ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်က ခရီးသည် တင် လေယာဉ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လေယာဉ်အမှုထမ်းများနှင့် ခရီးသည် ၅၀ ဦး သေဆုံးဖွယ်ရှိကြောင်း အီရန်သတင်း ဌာနကများက ဖော်ပြခဲ့သည်။
Sepahan Airlines လေကြောင်းလိုင်းမှ Iran-140 လေယာဉ်သည် လေဆိပ်မှပျံတက်သွားပြီး မကြာမီ မြို့အစွန်တွင် ပျက်ကျသွား ခဲ့ခြင်းဖြစ်ကြောင်း Fars သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ လေယာဉ်အပျက်အစီးများကြားမှ လူ ၁၀ ဦး၏ အလောင်းများကို ဆွဲထုတ်ပြီး ဖြစ်ကြောင်း သိရသည်။


အဆိုပါ လေယာဉ်ပေါ်တွင် ကလေးငယ် ခြောက်ဦးပါသွားပြီး သုံးဦးသည် အသက်နှစ်နှစ်အောက်နှင့် အခြားသုံးဦးမှာ အသက် ၁၂ နှစ်အောက်များဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံအရှေ့ပိုင်း တာဘတ်စ်လေဆိပ်သို့ ထွက်ခွာမည့် ယင်းလေယာဉ်သည် မြို့တော်တီဟီရန်အ နောက်ဘက် ၅ ကီလိုမီတာ အရောက် တွင် ပျက်ကျသွားခြင်းဖြစ်သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပြေးလမ်းကြောင်းမှ မတက်မီကပင် လေယာဉ်သည် ရမ်းခါသွားခဲ့ပြီး လေထဲတွင် စက္ကန့်အ နည်းငယ်ကြာ ပြီးနောက် ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရ သည်။

အီရန်နိုင်ငံတွင် လေယာဉ်ပျက်ကျမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ခေတ်မမီတော့သော စက်ပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းမှုတို့ေ ကြာင့်ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

Ref: RT
Mizzima - News in Burmese

No comments:

Post a Comment