Sunday, August 10, 2014

မြန်မာ့ဆက်သွယ်ရေးကဏ္ဍပြုပြင်ရန် ဂျပန်အစိုးရ ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးမည်

Photo: မြန်မာ့ဆက်သွယ်ရေးကဏ္ဍပြုပြင်ရန် ဂျပန်အစိုးရ ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးမည်
Suanday, August 10, 2014
 
Myanmar Telecomတယ်လီဖုန်းနဲ့ အင်တာနက် အပါအ၀င် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ပြုပြင်တည်ဆောက်ဖို့ ဂျပန်ယန်းငွေ ၁၀ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး) ချေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ခီရှီဒက မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရိုခီရှီဒ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သြဂုတ်လ ၉ ရက် မနက် ၁၀ နာရီခွဲက နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာမှာ ဦးဝဏ္ဏမောင်လွင်က လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စီးပွားရေး ရင်းနှီးမှု ပိုမိုခိုင်မာတည်ဆောက်နိုင်အောင် ဂျပန်လူမျိုး စီးပွားရေးသမားတွေအတွက် ဗီဇာဆောင်ရွက်မှုကို ပိုမိုလွယ်ကူ အဆင်ပြေအောင် မြန်မာဘက်က ပြုလုပ်သွားမယ့်အကြောင်း ဂျပန်သတင်း ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ဒီဗွီဘီ
Myanmar Telecomတယ်လီဖုန်းနဲ့ အင်တာနက် အပါအ၀င် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ပြုပြင်တည်ဆောက်ဖို့ ဂျပန် ယန်းငွေ ၁၀ ဒသမ ၅ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး) ချေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရို ခီရှီဒက မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။
နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရိုခီရှီဒ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သြဂုတ်လ ၉ ရက် မနက် ၁၀ နာရီခွဲက နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာမှာ ဦးဝဏ္ဏမောင်လွင်က လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စီးပွားရေး ရင်းနှီးမှု ပိုမိုခိုင်မာတည်ဆောက်နိုင်အောင် ဂျပန် လူမျိုး စီးပွားရေးသမားတွေအတွက် ဗီဇာဆောင်ရွက်မှုကို ပိုမိုလွယ်ကူ အဆင်ပြေအောင် မြန်မာဘက်က ပြုလုပ်သွားမယ့်အကြောင်း ဂျပန် သတင်း ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment