Wednesday, August 27, 2014

ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်

Photo: ဖောက်ခွဲရေးပစ္စည်းရှာဖွေသောကိရိယာများ ရန်ကုန်နှင့် မန္တလေးလေဆိပ်တွင် စတင်တပ်ဆင်
Wednesday, August 27, 2014

ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့် မန္တလေးလေဆိပ်တွင် နှစ်ခုစတင်အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(JICA) မှ ကူညီထောက်ပံ့သည့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ ဖော်ထုတ်ရေးကိရိယာ ExplosiveTrace Deteation System (ETDS) များကို ရန်ကုန်လေဆိပ် နှင့် မန္တလေးလေဆိပ်တို့တွင် စတင်အသုံးပြုရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ JICA မှ သြဂုတ် ၂၆ ရက်၌ စ တင်လွှဲပြောင်းပေးအပ်ခဲ့သည်။

ယခင်က မြန်မာနိုင်ငံ၏ လေဆိပ်များတွင် ဓားကဲ့သို့သော သံ နှင့် သတ္တုပစ္စည်းများစစ်ဆေး သော Walk Through များအ ထုပ်အပိုးများ၏ အတွင်းပိုင်းကိုစစ်ဆေးနိုင် X-Ray စက်များကို သာတပ်ဆင်ထားသည်။

‘‘အခုတပ်ဆင်တဲ့စက်က တော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို စစ်ဖို့အတွက်ပါ။ အဓိကတော့ ယမ်းလိုဟာမျိုးတွေ ပါလာမှုရှိ၊မရှိကို စစ်ဆေးဖို့အ တွက်ပါ’’ဟု လေကြောင်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းကပြောသည်။

ယင်းစက်များသည် မြန်မာ နိုင်ငံ၏ လေဆိပ်များတွင် ပထမ ဆုံးတပ်ဆင်အသုံးပြုသည့်စက် များဖြစ်သည်ဟု ဦးဝင်းဆွေထွန်း ကဆိုသည်။

X-Ray စက်ကို ဖြတ်သန်း ပြီးသော အထုပ်အပိုးများတွင် မ သင်္ကာဖွယ်ရာတွေ့ရှိပါက ယင်း စက်နှင့် စစ်ဆေးမည်ဖြစ်ပြီး ယင်း စက်မှ ပေါက်ကွဲစေတတ်သော ပစ္စည်းများပါဝင်မှု ရှိ၊ မရှိ တိုက် ရိုက်စစ်ဆေးနိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘စက်နဲ့ စစ်တဲ့အခါမှာ လွန် ခဲ့တဲ့ ခြောက်လလောက်က အဲဒီ အိတ်ထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကိုထည့်ပြီး အသုံးပြု ထားတယ်ဆိုရင်တောင်မှ ဒီစက် က သိနိုင်တယ်’’ဟု ရန်ကုန်လေ ဆိပ်တွင် စစ်ဆေးရေးတာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

ဂျပန်နိုင်ငံ JICA မှာ မြန်မာ လေကြောင်းကဏ္ဍတွင် ကူညီ ထောက်ပံ့ရန်၂၀၁၂ ခုနှစ်က Grant Agreement ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ယင်းသဘောတူညီချက်အ ရ စီမံကိန်းတစ်ခုဖြင့် ယခုတပ် ဆင်ထားသော ETDS စက်အပြင် လေကြောင်းလမ်းညွှန်စက်များ ဖြစ်သည့် VOR/DME စက်များ လေဆိပ်သုံးမီးသတ်ကားများ၊ လေယာဉ်ပြေးလမ်းမီးများ၊ အလို အလျှောက်ရာသီဥတုတိုင်းတာ သည့် စက်များ၊ လေယာဉ်ပြေး လမ်းမျက်နှာပြင် ကြမ်းတမ်းမှု တိုင်းတာသည့် စက်များစသည့် တို့ကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဖောက်ခွဲရေးပစ္စည်းများရှာဖွေနိုင်သောစက်ကို ရန်ကုန်လေဆိပ်တွင်တွေ့ရစဉ်(ဓာတ်ပုံ − ခန့်ထက်)
7Day Daily

ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးကိရိယာများ ရန်ကုန်လေဆိပ်တွင် သုံးခုနှင့်မန္တလေးလေဆိပ်တွင် နှစ်ခုစတင် အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment