Monday, August 4, 2014

တရုတ်ဆန်ကုန်သည်နှစ်ဦး ဆန်ဖိုးပြန်ပေးရန် ဆက်သွယ်လာဟုဆို

မူဆယ်ကုန်သည်များထံ မှ ဆန်ဝယ်ယူပြီး သတ်မှတ်ရက် တွင် ငွေမပေးသော တရုတ်ဆန်ကုန်သည်နှစ်ဦးဆန်ဖိုးပေးရန် ပြန် လည် ဆက်သွယ်လာကြောင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသော ကုန်သည်အချို့ကပြောသည်။အဆက်အသွယ်ပြတ်နေ သော တရုတ်ကုန်သည်နှစ်ဦးအ နက် တစ်ဦးမှာ သြဂုတ် ၂ ရက်တွင် ရွှေလီမြို့၌ မြန်မာဆန်ကုန်သည် များနှင့် တွေ့ဆုံညှိနှိုင်းမှုများပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။‘‘မြန်မာကို ပေးစရာရှိတာ တွေကို မကြာခင်ဖြေရှင်းပေးမယ် လို့ပြောခဲ့တယ်။ နောက်တစ် ယောက်ကတော့ တစ်ဆင့်စကား ကြားတာ။သူလည်း ဖြေရှင်းပေးပါ မယ်လို့ သိရတယ်’’ဟု မူဆယ်မြို့ မှ ဆန်ကုန်သည်ဦးမင်းသိန်းက ပြောသည်။တရုတ်ကုန်သည် နှစ်ဦး သည် မူဆယ်ဆန်ကုန်သည်များ ထံသို့ ယွမ်ငွေ သုံးဆယ့်ရှစ်သိန်း ကျော် (မြန်မာငွေကျပ် သိန်း ခြောက်ထောင်နီးပါး) ဖိုး ဆန်ဝယ် ထားပြီး ငွေပေးရန်ရှိနေသည်။ တရုတ်ကုန်သည်နှစ်ဦးအနက် တစ် ဦးနှင့် ညှိနှိုင်းမှုအရ ဆန်ဖိုးငွေ တရုတ်ယွမ် ၂၄ သိန်းခန့်ကို ပြန် လည်ရှင်းလင်းပေးမည်ဖြစ်ပြီး ကျန်တစ်ဦးထံမှ ယွမ်ငွေ ၁၄ သိန်းကျော်ကို ရှင်းလင်းပေးနိုင်မည်ဟု သိရသည်။ တရုတ်ကုန်သည်နှစ်ဦးသည် မြန်မာ့ဆန်ကို ဇူလိုင်လလယ်မှ စတင်ဝယ်ယူ၍ သတ်မှတ်ကာလအတွင်း အကြွေးပြန်မဆပ်ဘဲ ဇူလိုင်လကုန်ရက်တွင် အဆိုပါကုန်သည်နှစ်ဦးနှင့် ဖုန်းအဆက်အသွယ်ပြတ်သွားခြင်းကြောင့် မြန်မာဆန်ကုန်သည်များ စိုးရိမ်ခဲ့ကြသည်။
မူဆယ်၌ တရုတ်ကုန် သည်များထံ ဆန်ရောင်းချရာ တွင် ငွေပေးချေရမည့် ကာလကို ၇ ရက်၊ ၁၅ ရက်၊ ၁၀ ရက်ခွဲခြား ပြီး ပြန်လည်ပေးချေ မည်ဟု အရောင်းအ၀ယ် ဘောက်ချာတွင် ထည့်သွင်းဖော်ပြရသည်။လက်ရှိအချိန်တွင် မူဆယ် နယ်စပ်ဆန်ရောင်းဝယ်မှုများမှာ ပုံမှန်နီးပါး ရှိနေပြီး မြန်မာ့ဆန်ကို ဖမ်းဆီးမှုများလည်း မရှိကြောင်း တရုတ်ဈေးကွက်သို့ ဆန်တင်ပို့ နေသော ဆန်ကုန်သည် တစ် ဦးကပြောသည်။ ယူနန်ပြည် နယ်သို့ တရုတ်ဗဟိုအစိုးရစစ် ဆေးရေးအဖွဲ့များ ရောက်ရှိလာမှု မှာ ဖမ်းဆီးထားသော ပစ္စည်းများ ရောင်းချရန် သာဖြစ်ပြီး မြန်မာ နိုင်ငံမှ ဆန်တင်သွင်းမှုကို ဖမ်းဆီး ရန်မဟုတ်ကြောင်း သိရသည်။ထို့အပြင် တရုတ်နိုင်ငံသို့ ဆန်တရားဝင် တင်ပို့နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အစိုးရဌာနမှ တာဝန်ရှိသူများ နှင့် တရုတ်ဗဟို အစိုးရထံသွား ရောက်ညှိနှိုင်းရန် စီစဉ်ထား ကြောင်း သိရသည်။မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(မူဆယ်ရုံးခွဲ)၊ မူဆယ်ဆန်စပါးကုန်စည်ဒိုင်က ၎င်းကုန် သည်နှစ်ဦး၏ အဆက်အသွယ် ပြတ်တောက်မှုနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် ကုန်သည်များမှာ တိမ်းရှောင်နေခြင်းမဟုတ်ဘဲ ခရီးလွန်နေခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်။ ကုန်သည်များ၏ ငွေကြေးကိုလည်း အာမခံဝယ်ယူ ပေး ထားသော ဒေသခံရွှေလီကုန် သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သြဂုတ် ၂ ရက်တွင် ကုန်စည်ဒိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြ ထားသည်။ တရုတ် ဆန်ကုန်သည်နှစ်ဦး ကို အာမခံဝယ်ယူပေးထားသော ရွှေလီမှ ကုန်သည်များက အချိန်ကာလပေးရန် တောင်းဆိုထားပြီး လာရောက်ဖြေရှင်းမှု မပြုပါက ၎င်းတို့ကလည်း ပူးပေါင်းဆောင်ရွက်ပေးမည် ဟု ဆွေးနွေး ခဲ့ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment